Chapter 3

166 30 12
                                    

"ကျွန်တော် Driverနဲ့ဆို ဘယ်မှမသွားနိုင်ဘူး Lee Mark"

အလုပ်သွားဖို့ပြင်နေတဲ့Lee MarkကိုHaechanအလိုမကျသလိုအသံဖြင့် ပြောလိုက်သည်။

"မရဘူး Driverနဲ့မှငါစိတ်ချတာ မင်းတစ်ယောက်တည်းဆိုငါစိတ်မချဘူး"

"Driverတွေလောက်တော့ ကျွန်တော်လည်းကားကိုကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တယ် ခင်ဗျားစိတ်မချစရာဘာအကြောင်းမှမရှိဘူး"

"အပိုတွေမပြောနဲ့ Lee Haechan! ငါကမင်းကိုလက်ထပ်ထားတာနော် မင်းအရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါအကုန်သိတယ်!  မင်းစိတ်ထင်တိုင်း လျှောက်မောင်းနေပြီးမှ တစ်ခုခုဖြစ်ရင် ငါ့လာအမှုပတ်နေမှာပေါ့ ငါအဲ့လောက်ထိအားမနေဘူး Lee Haechan"

"ခင်ဗျားပြောတော့ ကျွန်တော့်ကိုကာကွယ်ပေးမှာဆို! အပြောတစ်မျိုးအလုပ်တစ်မျိုးလာမလုပ်နဲ့!"

"မင်းဒုက္ခမရောက်အောင်တားရတာလည်းကာကွယ်နည်းတစ်မျိုးပဲ Lee Haechan!"

Haechanကအရင်တုန်းက ယာဥ်တိုက်မှုအသေးစားတွေဖြစ်ဖူးတာမို့Lee Markကတားရသည်။ ကားမောင်းမကျွမ်းကျင်လို့မဟုတ်ဘဲ စိတ်လိုက်မာန်ပါလုပ်တဲ့အခါမျိုးဆို ဖြစ်တတ်သည်လေ။ Haechanနဲ့ပတ်သက်ရင် Lee Markကအသေးစိတ်ကအစ အရာရာကိုတွေးပူနေရသည်။ Driverနဲ့မသွားချင်ဘူးဆိုပြီး ခေါင်းမာနေတဲ့အဆိုးလေးကို Lee Markက ကိုယ်တိုင်သာ Driverလိုက်လုပ်ပေးချင်မိသည်။ ခက်တာက Lee Markဆိုရင်ကို အလုပ်နဲ့လက်နဲ့ကပြတ်သည်မဟုတ်။ ဒီလိုမျိုးစေတနာတွေထား
နေမိပေမယ့် အဆိုးလေးကတော့ Lee Markရဲ့စေတနာတွေကို ဘယ်နားလည်ပါ့မလဲ။ အပြစ်ယူရအောင်လည်း ငယ်တဲ့ကလေးမို့Lee Markကအပြစ်မယူရက်ပါ။ Haechanကိုချစ်နေပြီလားမေးရင်တော့ သူ့မှာအဖြေမရှိ အချစ်ဆိုတဲ့အရာကိုတစ်ခါမှ မတွေ့ကြုံ မခံစားဖူးတာမို့ မြင်မြင်ချင်းအချစ်ဆိုတာတွေလည်းLee Mark သေချာမသိ။ သေချာတာတစ်ခုကတော့ Haechanကိုကာကွယ်ပေးရမယ့်တာဝန် သူ့မှာအပြည့်ရှိသည်ဆိုတာပင်။

"ငါအလုပ်သွားတော့မယ် Haechan တကယ်လို့မင်း Driverနဲ့မသွားချင်ဘူးဆိုရင်လည်း ဦးလေးKimရှိတာပဲ ခေါ်သွားပေါ့"

"ဦးလေးKimနဲ့လည်းမသွားချင်ပါဘူး"

"ကျစ်! ဆိုးမနေတော့နဲ့ Lee Haechan!
အပြင်သွားချင်ရင် Driverနဲ့သွား! မဟုတ်ရင် ဦးလေးKimကိုခေါ်သွား!"

"Perfect"Where stories live. Discover now