မနက်ဖြန်ဆိုရင် Koreaကနေ Jaeminပြန်ရတော့မည်ဖြစ်သည်။ Jaeminက တကယ်ကို ကောင်းတဲ့သူဖြစ်တာကြောင့် Haechan တကယ်ကိုခင်တွယ်မိပါသည်။ သူ့ဘဝရဲ့ ပထမဆုံးသော သူငယ်ချင်းဟာလည်း Jaemin...။"ငါပြန်သွားရင် ပြဿနာမရှာဘဲ ကောင်းကောင်းနေနော် Haechan...ပြီးတော့ ငါ့ကိုလည်း လွမ်းနေ"
"ငါက ဘာလို့မင်းကို လွမ်းနေရမှာလဲ မလွမ်းပါဘူး"
Jaeminကို သေချာပေါက်လွမ်းနေရမှာဆိုပေသည့် Haechanက ခံစားချက်တွေကို ထုတ်မပြတတ်သည့် သူမျိုးဖြစ်လေသည်။
"လွမ်းမနေဘူးဆိုတာ သေချာရဲ့လား"
Jaeminက Haechanရဲ့စိတ်ကိုသိတာကြောင့် စနောက်သလို ပြုံး၍ပြောသည်။
"ဘယ်လိုဖြစ်နေလဲ Na Jaemin!"
"ဟားဟား စတာပါကွာ မင်းကလည်း"
Haechanက Jaeminကို မကျေနပ်သလို တစ်ချက်ကြည့်ပေးလိုက်သည်။
"အစ်ကို MinHyungနဲ့လည်း အဆင်ပြေအောင်နေနော် တစ်ယောက်စိတ်ကို တစ်ယောက်သိအောင် လုပ်ကြပါဦးမင်းတို့"
"Min...Hyung?"
"အာ...မဟုတ်ဘူး Lee Markလို့ပြောတာ ငါ့အစ်ကိုလေ!"
"ဒါဆို MinHyungဆိုတာက ဘယ်သူလဲ!"
"ဘယ်သူမှမဟုတ်ပါဘူး ဒီတိုင်း..."
"ဒီတိုင်းဆိုတာ ဘယ်မှာရှိလို့လဲ ပြောစမ်း! MinHyungဆိုတာ ဘယ်သူလဲလို့"
"ဘယ်သူမှမဟုတ်ပါဘူးဆိုနေ ငါမှားပြောမိတာ"
"တကယ်ပဲ မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံး တအားလျှို့ဝှက်လွန်းတယ်!"
"ဒါဆို မနက်ဖြန်ပြန်ဖို့အတွက် ငါသွားပြင်ဆင်တော့မယ်နော်"
Jaeminက Haechanပြောတာကို မသိချင်ယောင်ဆောင်ပြီး ထိုနေရာမှ အမြန်ထွက်သွားလေတော့သည်။
__
"ဟိုက အလုပ်တွေအကြောင်းငါ့ကို ဖုန်းဆက်ပြောဦးနော် Jaemin!"
Canadaပြန်တော့မည့် Jaeminကို Lee Markက မှာကြားနေခြင်းဖြစ်သည်။
"စိတ်သာချ! အစ်ကိုလည်း ကိုယ့်စိတ်ကို ကိုယ်သေချာမြင်အောင်ကြည့်"