Chapter 6

165 29 12
                                    


Koreaကို ဒီတစ်ခေါက် Jaemin ပြန်လာသည်က Haechanကို အဖော်လုပ်ပေးဖို့ဆိုပေမယ့် Canadaကအလုပ်တွေက အကြာကြီးပစ်ထားခဲ့လို့ မရတာကြောင့် နောက်ထပ် တစ်လလောက်နေရင် Canadaကို ပြန်မှဖြစ်မည်။ မပြန်ခင် သူ့အစ်ကို Lee Markနှင့် Haechanကို သေချာအဆင်ပြေအောင်လုပ်ပေးခဲ့မည် ဟုJaeminတွေးထားသည်။

နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် စိတ်မရှိတာလည်း မဟုတ်ပါဘဲ ကိုယ့်စိတ်ကိုယ် သေချာမြင်အောင် မကြည့်ကြသည့်အတွက် နှစ်ယောက်လုံးပင်ပန်းရသည်။

"Haechan မင်း ငါ့အစ်ကိုကိုမုန်းလား"

"ငါကဘာလို့မုန်းရမှာလဲ"

"ဒါဆိုချစ်တယ်ပေါ့"

"ရူးနေလား Na Jaemin! မမုန်းဘူးဆိုတာနဲ့ ချစ်တယ်လို့မဆိုလိုဘူး"

"မင်းက မင်းကိုယ်မင်းညာနေတာပဲ Haechan"

"ငါ့ကိုမင်းအစ်ကိုနဲ့ဘာလို့အဆင်ပြေစေချင်တာလဲ Jaemin မင်းအစ်ကိုရော ငါရောက ယောကျာ်းလေးတွေဆိုတာ သတိရဦးနော်"

"ယောကျာ်းလေးနှစ်ယောက်က ချစ်လို့မရဘူးလို့ ဘယ်တရားဥပဒေက သတ်မှတ်ထားလို့လဲ"

"မသတ်မှတ်ထားပေမယ့် သဘာဝကိုဆန့်ကျင်နေတာလေ ပြီးတော့ ငါ့ထက်သာပြီး ပိုချော ပိုလှတဲ့မိန်းကလေးတွေအများကြီးပါကွာ အဲ့ထဲကတစ်ယောက်လောက် မင်းအစ်ကိုအတွက် ရှာပေးလိုက်"

"ငါ့အစ်ကိုက မင်းနဲ့မှဖြစ်မယ်ထင်တယ် Haechanရဲ့"

"ဘာအဓိပ္ပာယ်လဲ Jaemin မင်းတို့ညီအစ်ကိုနှစ်ယောက်လုံးက အရမ်းလျှို့ဝှက်လွန်းတယ် ငါလေ လွတ်လပ်ချင်တယ် Jaeminရဲ့"

"မင်းကလွတ်လပ်ချင်သေးတယ်ပေါ့ ဒါဆိုငါမေးမယ် ငါ့အစ်ကိုက မင်းကိုကွာရှင်းပေးတယ်ပဲထား မင်းဘယ်မှာသွားနေမှာလဲ"

"......"

"မင်းအိမ်မှာမင်းပြန်နေမယ်လို့တော့ မပြောနဲ့နော် Haechan! မင်းငါ့အစ်ကိုနဲ့ လက်ထပ်ပြီးတည်းက မင်းကိုသူတို့ဘယ်နှခါ ဆက်သွယ်ဖူးလို့လဲ ဟမ် Haechan!"

"......."

Jaeminပြောတာလည်းမှန်နေတာကြောင့် Haechanနှုတ်ဆိတ်နေမိသည်။

"Perfect"Where stories live. Discover now