လရောင်နမ်းတဲ့ ပင်လယ်ပြင် Ep 3

1K 62 6
                                    

လရောင်နမ်းတဲ့ ပင်လယ်ပြင် Ep 3

မြင့်တတ်နေသော နေအပူရှိန်တို့ကို ဂရုစိုက်နေမိအောင်ထိ နေမင်းတို့ရဲ့အပူရှိန်က ဂျီ့အတွက် စာဖွဲ့မနေပါ

Bus ကားပေါ်ကဆင်းလာပီ လေးလံနေသော စိတ်တွေနဲ့ တစ်လှမ်းခြင်း လျှောက်လှမ်းလာခဲ့လိုက်သည်

ဂျီ  အရိုးပြာအိုးလေ ပိုက်ကာ နာကျင်နေသော ရင်အစုံနဲ့ ကိုယ်အိမ်မဟုတ်တဲ့ အိမ်လေဆီ ပြန်လာခဲ့လိုက်သည်

ကြိုသူမရှိတော့သော ခြံဝန်ကြီးက တိတ်တဆိတ် ဆီကြိုနေခဲ့သည်

ဂျီ ခြံတံခါးကို တွန်းဖွင့်ပီ ဝင်လိုက်ချိန် အိမ်ရှေ့ မြက်ခင်ပြင်မှာ မေမေက အအေးခွက်လေးတွေ ပြင်ဆင်နေပီ ဖေဖေနဲ့သူနဲ့က ပျော်ရွှင်းစရာ ဘောလုံးဆော့နေကာ တစ်ခိခိ ရယ်သံများနဲ့အတူ သူတို့မိသားစုလေးကို ကြည့်ပီ ရယ်မောနေကြတဲ့ အိမ်အကူများ

ဒန်လေးပေါ် မိသားစုလေတစ်စု ရယ်မောနေတဲ့ ပုံရိပ်လေးများ

ဘယ်နေရာကို ကြည့်ကြည့် ဖေဖေမေမေတို့နဲ့ ပျော်ရွှင်းရယ်မောနေတဲ့ ပုံရိပ်လေတွေကြောင့် ဂျီ ဖေဖေအရိုပြာ အိုးလေးကိုပိုက်ကာ မြက်ခင်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပီ  ဝမ်းနည်းစွာ ငိုချလိုက်သည်

""သခင်လေ ပြန်လာပီလား"

လာပြောတဲ့ အိမ်တော်ထိန်အသံကြောင့် ဂျီမော့ကြည့်လိုက်သည်

""သခင်လေး ကျနော် နောက်ထပ်ဘာလုပ်ပေးဖို့ လိုသေးလဲ"

ဂျီ ခေါင်တို့ဖြေးညင်စွာ ရမ်းလိုက်ပီ

🐥""ရပါတယ် ကျေးဇူးတင်ပါတယ် ဦးလေး ကော မပြန်သေးဖူးလား"

ချောင်းကျသွားတဲ့ မျက်နာလေးမှာ ဝမ်းနည်းမူ့တို့ကအပြည့်နေရာယူထားခဲ့တဲ့ ကလေးလေ မပူမပင် မကြောင့်မကျ ပြည့်စုံကြွယ်ဝတဲ့ ကလေးတစ်ယောက်က တစ်မနက်ခင်းအတွင်း ဖခင်ဖြစ်သူကို ဆုံးရူံးလိုက်ရကာ မျက်စိတစ်မှိတ်အတွင်း ကုန်ကောက်စရာမရှိအောင် ဆင်းရဲသွားပီ ကိုမာဝင်နေသော မိခင်နဲ့ဘယ်လိုနှစ်ပါးသွားမလဲ စိတ်ပူနေခဲ့မိတယ်

""ကျနော် သခင်လေးကို စိတ်ပူလို့ပါ"

🐥""ကျေးဇူးပါဗျာ ""

လရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊UN +ZgWhere stories live. Discover now