လရောင်နမ်းတဲ့ ပင်လယ်ပြင် Ep 7
ဂျီ မနက်ခင်း လန်ဆန်စွာ နိူးလာခဲ့သည်။ဖေဖေ ဆုံးပီကတည်း သူနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့တာ ကြာပီမို့ ဂျီ တစ်ညလုံးနှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့မိသည်
ဝါးးးး တစ်ချက် သန်းဝေလိုက်ပီ သွက်လက်စွာ ကုတင်ပေါ်က ဆင်းလိုက်ပြီ မနေ့က တစ်အိမ်လုံးစစ်ပီပီမို့ ဘယ်ပစ္စည်းဘယ်နေရာရှိတာ သိတာမို့ ဂျီ ရေချိုးခန်းထဲဝင်ပီ သွက်လတ်စွာ သန့်စင်ပီ ပါမုန့် တချို့ကို မိီးကင်စက်ထဲထည့်ပီ ကော်ဖီစက်မှာ ကော်ဖီ တစ်ချို့ ထုတ်လိုက်ကာ ဧည့်ခန်းမှာ tatplat ထဲကနေ ကားနံပါတ်တချို့ကို အလွတ်ကျတ်လိုက်သည်
သည်နေ့ ပထမဆုံးအလုပ်မှာ သူအမှားမလုပ်မိစေဖို့ အရေးကြီးသည်
တင်းး
အကင်စက်လေးကအသံကြောင့် ဂျီ လုပ်လက်စတွေ ချထားပြီး သွားယူလိုက်သည်
အကင်စက်ထဲက ပါမုန့်ကိုယူကာ ယိုတို့သုတ်လိုက်ပီ အိမ်အပြင် မိုးလေဝသကို ကြည့်လိုက်ကာ အင်း သာယာသာပဲ တွေးလိုက်ပီ လက်ထဲကလက်ကျန် ပါမုန့်တို့ကို ပါးစပ်ထဲ အကုတ်သွတ်ထည့်လိုက်ကာ အဝတ်လည်ခန်း ဝင်လိုက်သည်
အဝတ်လည်ခန်းအတွင်း ကျောင်းပေါင်းစုံက ကျောင်းဝတ်စုံတွေ စီးတန်းပြီ ချိတ်ထားခြင်းကြောင့် ဂျီ စိတ်ကြိုက် ကျောင်းဝတ်စုံတစ်စုံကို စနစ်တကျ ဝတ်ဆင်လိုက်ကာ Mask အနက်ရောင်လေးကို မျက်နာအပြည့် နီးပါးတတ်လိုက်ပီ လျှာထိုးဦးထုတ် အနက်ရောင်လေးကို ဆောင်လိုက်ကာ ပြီးပြည့်စုံတဲ့ ကိုယ့်ကိုကိုယ်မှန်ထဲ ကြည့်လိုက်ပီ သဘောကျကာ အိမ်ထဲကနေ ထွက်လာခဲ့လိုက်သည်
ဂျီ လမ်းထိတ်ထိ စက်ဘီးလေးနင်းပြီ ထွက်လာခဲ့လိုက်သည်။ ဂျီ လမ်းထိတ်အရောက် ကားအနက်ရောင် တစ်စင် ရောက်ရှိလာပြီး လွယ်အိတ်တစ်လုံး ပေးပီထွက်သွားခဲ့သည်။
ဂျီလွယ်အိပ်ထဲက စာအုပ်တစ်ချို့နဲ့အတူ အထုတ်ငယ်များကို တစ်ချက်ကြည့်လိုက်ပီ စက်ဘီးနင်းပီထွက်လာခဲ့လိုက်သည်
သတင်းစာ ပို့ခြင်း နို့ပို့ခြင်း Delivery လုပ်ထားတဲ့အတွက် လမ်းကြိုလမ်းကြားက အစသိနေခဲ့ပီ လုပ်ခဲ့တဲ့အလုပ်တွေ အတွက် ကျေးဇူတင်နေခဲ့မိသည်
YOU ARE READING
လရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊UN +Zg
Romanceလရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊 ပင်လယ်ပြင်ဟာ ဘယ်လောက်ပဲ မာယာများနေပါစေ ငါဆိုတဲ့လူတစ်ယောက်ရဲ့ မာယာတွေကိုတော့ မမှီနိုင်ပါဖူး ငါ့ဘဝကို နင်းခြေခဲ့တဲ့ လူတွေရဲ့ သားဖြစ်တဲ့ မင်းကို နင်းခြေပြရုံလေးပါ ငါ့အမုန်းတွေ မင်းပျော်တာကိုမြင်တိုင်း တောက်လောင်ပြမယ် အမုန...