လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 30

522 36 8
                                    

လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 30

ဂျောင်းကု စားသောက်ဆိုင်ထဲကထွက်လာခဲ့ပြီး ကားထဲမှာ စိတ်တိုင်ကျ ပေါက်ကွဲ ငိုပစ်လိုက်သည်။ နာကျင်လွန်သော ရင်ကြောင့် ဂျီတားမြစ်ထားတဲ့ အချိန်မကျခင်မှာပဲ ဂျောင်းကု ဆေးလိပ်တစ်လိပ် ထုတ်ပြီး သောက်လိုက်ကာ မီးခိုတွေ မှုတ်ထုတ်လိုက်ပြီး မွန်ကျပ်နေသော စိတ်တွေ ကို မှုတ်ထုတ်လိုက်ပေမယ့် နာကျင်နေသော ရင်ကြောင့် မျက်ရည်တို့ကဝေးဝဲနေဆဲ ပါးပေါ်ကို စီးကျနေခဲ့သည်

အချစ်လွန်ပြီ အမျတ်ကြီးလာကာ တွေးလေ တွေးလေ နာကျင်မိကာ အစီခံထိ ရောက်လာ သော မီးစာကို တောက်ချလိုက်ပြီး ကားစက်နိူးကာ ကြမ်းတမ်းစွာ ဘေးဘာညာမကြည့်ပဲ မောင်းထွက်လိုက်ချိန် သတိကပ်ပြီ စတီယားရင်ကို ဆွဲလှည့်လိုက်ပေမယ့် အချိန်အများကြီး နောက်ကြသွားကာ စူးနေသော အလင်းရောင်တန်းက မျက်စိထဲဝင်လာပြီး လက်နှစ်ဖတ်လုံး မျက်နာနဲ့ ခန္ဓာကိုယ်ရှေ့ ကာလိုက်ကာ မျက်ဝန်တို့ စုံမှိတ်ထားမိခဲ့ကာ မှောင်အတိကျသွားခဲ့သည်

ဝုန်းးးးးးး

ကျယ်လောင်သော ကားခြင်းထိသံမှာ Kira ကားအနက်လေ ဘေးကိုလွင့်ထွက်သွားပြီး အရှေ့မှာ ရှိသော မီးပွိုင့်ကို အရှိန်ပြင်းပြင်နဲ့ ဝင်ဆောင့်သွားခဲ့သည်

ဟာ တိုက်ပြီးဟ ဟိုကားကမကြည့်ပဲထွက်လာတာ

အရေးပေါ်ဖုန်းဆက် အရေပေါ်ဖုန်း

အသက်ရှိသေးလား

ဆူညံနေသော လူတွေရဲ့ ထင်ကြေးအမျိုးမျိုးက လမ်းပေါ်မှာ ဆူညံစွာထွက်ပေါ် နေပေမယ့် ကားအနက်ရောင်လေးကတော့ ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်

ထယ် ဂျီ့ကိုပို့ပြီး ground သွားရင် ကုမ္မဏီမှာ ကျန်ခဲ့တဲ့ ပစ္စည်းယူဖို့ ကားကိုပြန်လှည့်လာချိန် ယာဉ်ထိခိုက်မူ့ကြောင့် လမ်းကြောတွေ ပိတ်ဆို့နေခဲ့ပြီး ထယ်ကားကို ဖြေးဖြေးချင်း မောင်းလာခဲ့သည်

မောင်းရင် ယာဉ်တိုက်သည့်နေရာရောက်တော့ ဖြေးဖြေးချင်းလိမ့်လာပြီး တိုက်ခံရသော ကားအနားရောက်ချိန် အမှတ်တမဲ့လှမ်းကြည့် လိုက်ပြီး ကျော်တတ်လာချိန် မတင်မကျ စိတ်တစ်ခုဖြစ်လာပြီး ကားမှန်ချလိုက်ကာ ကြည့်လိုက်မိသည်

လရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊UN +ZgWhere stories live. Discover now