လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 31

600 45 1
                                    

လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 31

စိတ်လှုပ်ရှားခြင်းတွေက နှလုံးခုန်နူန်းကို မြန်စေခဲ့ပြီး ဥဏှောက်ရဲ့အောက်ဆီဂျင်တို့က ခန္ဓာကိုယ်တစ်ခုလုံး လေဟာနယ်ထဲ မြှောက်သွားခဲ့ပြီး ထယ်ရဲ့ခေါ်သံတို့က အဝေးမှာ ကျန်နေရစ်ခဲ့သည်

လှပတဲ့ ပန်းခင်းလေးထဲမှာ အဝေးမှာ ရပ်နေသော လူတစ်ဦး ကလွဲပြီး ကျန်တာ ဗလာနိတ္ထိ သက်ရှိဆိုလိုလို့ သူနဲ့ ဝေးဝေးမှာ ကျောပေးရပ်နေသူတစ်ဦးသာ ရှိနေခဲ့သည်

လမ်းတို့လျှောက်နေပေမယ် လေပေါ်လွင့်မျောနေသလို ခံစားရကာ အဖြူရောင် လူရိပ်ဆီ ပြေးသွားနေခဲ့မိသည်

နီးလာတာနှင့်အမျှ ထိုလူနား အရောင်အသွေးစုံလှသော လိပ်ပြာလေးများစွာက ခစာနေသလို ကျောပြင်လေ မြင်ရတာတောင် အရှိန်အဝါတို့က တောက်ပနေပြီး ညီညာ ခန့်ညားသော ကျောပြင်မှာ အဖြူရောင်ဝတ်စုံလေးက တိကျချပ်ရပ်စွာ ရှိနေခဲ့ပြီး သူ့အနားရောက်နေတာ သိပုံမရသူကြောင့် ပုခုံးပေါ်က လက်လှမ်းလိုက်ချိန် လှည့်ကြည့်လာသော မျက်နာက ဝမ်းနည်းညိုငယ်နေပေမယ့် မျက်လုံးဝိုင်းဝိုင်းတို့က နားကြီးမူ့အပြည့်နေရာယူထားသည်

🐥""ဟင် မောင်!!!! မောင်လားဟင် မောင် ငါလေ ငါ""

မောင်ရဲ့လက်တို့က ဆွဲကိုင်လှုပ်ရမ်းပြီး ပြောလိုက်ပေမယ့် အေးစက်နေသော လက်တို့က ဂျီ့လက်တို့ကို ဖယ်ချလိုက်ပြီး အမုန်းမျက်လုံးတို့က စူးစူးရဲရဲကြည့်ပြီး စကားတစ်လုံးမျှ မပြောပဲရွေ့လျှားသွားခဲ့သည်

မောင့်ရဲ့ ဒီမျက်ဝန်တွေကို ဂျီမခံစားနိုင်ပါ။မောင့်ဆီကအမြဲတမ်းရခဲ့ဖူးတာက ချစ်ခင်ကြင်နာတဲ့ ချိုမြိန်တဲ့အကြည့်တွေပါ။

🐥""မောင် မောင် ဘယ်လဲ ငါ့ကိုမထားခဲ့ပါနဲ့ ငါ မင်းနဲ့မခွဲနိုင်ဖူး ငါ့ကိုအလိုမကြည့်နဲ မောင်""

🐥""မောင်!!!!""

"🐥"မောင် ငါပြောနေတာကြားလား""

ဂျီ အသံကုန်အောဟစ်နေလဲ မောင်က ကျောခိုင်းလျှောက်သွားနေဆဲ ဂျီ ဘယ်လောက်ခေါ်ခေါ်လှည့်မကြည့်သူကြောင့် ဒေါသတို့ထွက်လာခဲ့ကာ မောင်နောက်လိုက်ရင်း အရှေ့ဝေးဝေး မှာ ချောက်ကမ်းပါတစ်ခု သူနောက်တစ်ကြိမ် ဘဝကို အလောင်းအစားလုပ်ဖို့ စဉ်းစားလိုက်ကာ ဂျီ ခြေလှမ်းတို့ မောင်ရှိရာ ပြေးမလိုက်တော့ပဲ ရပ်တန့်လိုက်သည်

လရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊UN +ZgWhere stories live. Discover now