လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 32

538 38 10
                                    

လရောင်နမ်းတဲ့ ပင်လယ်ပြင် EP 32

ညမီးအိမ်လေးရဲ မပီမသ အလင်းရောင်အောက်မှာ ဂျောင်းကု နိုးထလာခဲ့သည် ။နာခေါင်ထဲတိုးဝင်လာသော ဆေးရုံအနံအသက်တို့ကြောင့် လက်ရှိ ပစ္စုပ္ပန်ကို သတိရလိုက်ပြီး မျက်လုံးတို့ကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်
ဝိုးတိုးဝါးတာ မီးရောင်မှိန်ပြပြအောက်မှာ သူ့ခြေထောက်နာ အိပ်နေသော တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်

လှုပ်မရတဲ့ ခြေထောက်တွေထက် သူ့ကိုမြင်ရတာ ပိုနာကျင်နေမိသည်။သူ ဒီလောက်ထိ ချစ်ပေးနေတာတောင် သူမဟုတ်တဲ့ တခြားသူတစ်ယောက်ကို အလိုရှိရအောင်ထိ သူချစ်ပြခဲ့တာ မလုံလောက်ဖူးလား ပတ်ဂျီမင်း လို့ မေးလိုက်ချင်သည်

သည်လူသာကို မမြင်ချင်ပါ။နှလုံးသားတွေ အစိတ်စိတ်ကွဲအောင်ထိ နာကျင်နေမိသည်

ဂျောင်းကု လက်နဲ့ဆေးရုံကုတင်ခလုပ်လေးကို နိုတ်လိုက်တော့ ထောင်တတ်လာတဲ့ ကုတင်လေးကို သူလိုခြင်းသလောက်လုပ်ပြီး ရပ်လိုက်သည်

သူ့ခြေထောက်ကို ဆုတ်ကိုင်းထားသော လက်သေးသေးလေတွေက နီးရဲနေပြီး မျက်ရည်စီးကြောင်းတို့ စိုစွတ်နေဆဲ နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်တို့က ကပိုကယို ကျနေခြင်းက ရင်ထဲကနာကျင်သလို မျက်နာ အိအိလေးကို ထိကိုင်နေခြင်းမိသည်

ချစ်ခြင်းနဲ့မုန်းခြင်း ကြားကာလကခက်ခဲပင်းပန်းလွန်လှပါသည်။ဂျောင်းကု နှစ်ခြိုက်စွာ အိပ်ပျော်နေသူကို မနိူးရက်ပဲ ဝမ်းနည်းစွာ ငိုကြွေးနေမိသည်

ဘာတွေများလွဲနေလို့ မောင်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ပျော်ရွှင်းနေနိုင်တာလဲဂျီရယ် မောင်မင်းကို သိပ်ချစ်သလို သိပ်ကိုနာမိနေတယ် ငါသေသွားရင် ကောင်းမယ် ဒီဘဝထက် ငါသေသွားတဲ့ ဘဝကမှ ကောင်းဦးဂျီရယ် ငါလည် မနာကျင်ရသလို ငါတို့နှစ်ယောက်လုံးအတွက် ဒါကငါတို့အတွက်ပိုကောင်းမယ်ထင်တယ်

ငါမုန်းလိုက်တာ ဂျီရာ ငါ မသေနိုင်တဲ့ငါကိုယ့်ငါမုန်းလိုက်တာ

တွေးရင်း ဘယ်သူမှမနိူးအောင် ဂျီကိုမနိူး‌စေချင်းပဲ တိုးတိတ်စွာ ငိုနေခဲ့မိသည်

လရောင်နမ်းတဲ့ ပင်လယ်ပြင် 🌕🌊UN +ZgWhere stories live. Discover now