သူမ၏ နှုတ်ခမ်းလှလှလေးမှသည်
မောင် ဆိုသောနာမ်စားအား
ကျွန်မမဟုတ်တဲ့ ပုရိသတဦးအတွက်
ဖြစ်တည်လာသောအခါ.....။***
ကျွန်မဟာ ကိုရီးယားလူမျိုးမဟုတ်ပါ။ ကျွန်မအဖေနှင့်အမေ နှစ်ဦးစလုံးသည်လည်း ထိုင်းလူမျိုးများပင်ဖြစ်သည်။
ကိုရီးယားမြေပေါ်ကို ခြေချလိုက်တဲ့အခါ သွားသေးသေးလေး၊ ပါးဖောင်းဖောင်းလေးရှိသော ဘယ်ဘက်မျက်ခွံပေါ်မှ မှဲ့နက်ပိုင်ရှင်လေးအား သတိရမိလေသည်။
ကျွန်မတို့လမ်းခွဲခဲ့ခြင်းဟာ ဒီနေ့မှာ သုံးနှစ်တိတိပြည့်သောနေ့။ ကျွန်မတို့နှစ်ယောက်က ပြင်သစ်မှာဆုံခဲ့ကြပြီး လေးနှစ်တိတိ ချစ်သူဖြစ်ခဲ့သည်။
သြော်.... ချစ်ရပါသော ရူဘီဂျိန်းကင်။
စောင့်ကြိုနေသော ကားဆီကိုခြေလှမ်းမှန်မှန်ဖြင့် တစိုက်မတ်မတ်သွားသည်။ သူမကိုမြင်သည်နှင့် ပြာယာခတ်စွာ ကားတံခါးဖွင့်ပေးသည်။ ကျွန်မ ဖခင်ရော မိခင်ရောဟာ ဒုတိယအိမ်ထောင်များရှိကြသည်။ ကျွန်မကတော့ မိခင်နှင့်အတူနေထိုင်သည်။
ကျွန်မရဲ့နာမည်က လာလီဆာမာနိုဘန်ဖြစ်သည်။ မာနိုဘန်ဆိုသည်က ဒုတိယဖခင်ရဲ့မျိုးရိုးမဟုတ်ပဲ ယခုကျွန်မသွားနေသော မွေးသဖခင်၏ မျိုးရိုးသာဖြစ်ပေသည်။
ခမ်းနားလှသည်ဟုမဆိုနိုင်သော်ငြား ဝင့်ကြွားစွာတည်ရှိနေတဲ့အိမ်ကို ရောက်ရှိခဲ့သည်။ ရောက်ရောက်ချင်းပင် ကျွန်မသိပ်မုန်းသော ကျွန်မ မတော်စပ်ချင်တဲ့ အဖေတူ အမေကွဲ ကျတ်သရေတုံး မောင်လေးကို မြင်တွေ့ရသည်။
'' ရောက်လာပြီလား မိန်းကလေး ''
မိထွေးဖြစ်သူ၏နှုတ်ဆက်စကားဟာ နားစည်အတွင်းသို့ ခါးသီးစွာဝင်ရောက်လာသည်။ ထိုမိန်းမနှင့်ဖောက်ပြန်ခဲ့၍ မေမေနှင့်ဒယ်ဒီကွာရှင်းခဲ့ရခြင်းဖြစ်သည်။ အပြစ်ရှိသူက ဒယ်ဒီဆိုသော်လည်း ကျွန်မကတော့ ဤကျတ်သရေမရှိတဲ့သားအမိ နှစ်ယောက်စလုံးကို မုန်းသည်။
YOU ARE READING
spring daisy memories
Fanficလှပခဲ့သောအတိတ်တွေကို မောင် လို့ခေါ်ပါ။ မြင်မြင်ရာမှာ ဒေစီညိုတွေပွင့်လန်းပြီး နေကြာတို့ နေမင်းကိုမျက်ကွယ်ပြုနိုင်ပါစေ။