တကယ်တော့လေ.....

2.3K 288 17
                                    

ဆေးရှိန်ကြောင့် အတန်ကြာ အိပ်ပျော်ပြီး ပြန်လည်နိုးလာတဲ့အခါ ပတ်ဝန်းကျင်၌ အလင်းအားနည်းနေပြီ။ ဂျိန်းက စားပွဲပေါ်မှာ တခုခုကို ရေးနေသည့်ဟန်။ ဂျိန်းက မျက်မှန်တပ်ထားလျှင် အင်မတန်မှ  ချစ်ဖို့ကောင်းသည်။ ဆံနွယ်လေးကို ကပိုကရိုထုံးဖွဲ့ကာ မျက်မှန်လေးနှင့် အမျိုးသမီးလေးသည် မကြာခင်မှာ လီဆာ ထာဝရဆုံးရှူံးရတော့မယ့် ရတနာလေး။

'' နိုးနေပြီလား ''

အတန်ကြာပြီးနောက် ဂျိန်းက သူ့ဘက်ကိုလှည့်ကြည့်ပြီး မေးတယ်။ အသာအယာ ခေါင်းငြိမ့်ပြတဲ့အခါ ဂျိန်းဟာ သူမလက်ထဲက စာအုပ်လေးကို အိတ်ထဲထည့်ပြီး လီဆာ့ဘေးနားဝင်ထိုင်သည်။

'' သက်သာလား ''

ဒါဟာ စောက်ပိုတွေလုပ်ပြီး မေးနေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဂျိန်းက သူ့အပေါ်မှာ အလွန်အမင်း သဒ္ဓါတွေပိုခဲ့မိတာကိုး။

'' သက်သာပါတယ်။ ဘယ်နှနာရီလဲ ဂျိန်း ''

'' 5:20 Pm , ဘာဖြစ်လို့လဲ။ အလုပ်ရှိလို့လား ''

ဆိုးလ်နှင့်ဘာစီလိုနာ ကွာခြားတဲ့အချိန်ကာလကို တွက်ဆပြီး Mail စစ်ဖို့ ထလိုက်သည်။ ဂျိန်းဟာ သူ့အား နားမလည်စွာ ကြည့်နေတယ်။ ဒါကြောင့်.

'' အလုပ်ကိစ္စအတွက် mail ရောက်နေမလားလို့ပါ။ ကြော်ငြာကိစ္စတွေ လက်ခံထားမိတယ် ''

ဂျိန်းကိုဖြေပြီး mail စစ်လိုက်သည်။ ပြီးတော့ အလုပ်ထဲ အာရုံရောက်သွားပြီး ဂျိန်းကို မေ့သွားသည်။

အတိတ်..။

'' ဒီနေ့က ဘာနေ့လဲ ''

'' ဗုဒ္ဓဟူးနေ့လေ ဂျိန်းက​လေး ''

'' ဘာ!!.. တကယ် ဘာနေ့မှန်း မသိတာလား ''

'' ဘာနေ့မို့..... အိုး ဂျိန်းရေ  မောင်သေင့်ပါတယ် က​လေးရယ်။ လုံးဝ မေ့သွားတာ။ ဂျိန်းသိတယ်မလား  ...  မနေ့က မောင် ရိုက်ကွင်းမှာ တနေကုန် ပင်ပန်းသွားတယ်။ မောင် တကယ် မကောင်းတဲ့လူပဲ ''

'' ဟုတ်တယ်  ... မကောင်းတဲ့လူ။ ဒီနေ့ တနေကုန် အချိန်ပြန်ပေး ''

spring daisy  memoriesWhere stories live. Discover now