နောက်ဆုံး ငါတို့ (အပိုင်းပို)

3.3K 326 24
                                    

ငါက ငါ့တိုင်းပြည်မှာ အရဲရင့်ဆုံး
ဘုရင်တပါးဖြစ်တယ်။

ဒါပေမယ့်......
မင်းမျက်စောင်းထိုးလို့ နှုတ်ခမ်းဆူလိုက်ရင်
စစ်ရှူံးခဲ့တဲ့ သုံ့ပန်းတစ်ယောက်လို သိမ်ငယ်တယ်။

*****

norway နိုင်ငံရဲ့ အေးချမ်းလှတဲ့ မြို့ကလေး။ ရေခဲတွေ ဖုံးလွှမ်းလေ့ရှိပြီး အအေးဓာတ်လွန်ကဲတဲ့ မြို့ကလေး။ လီဆာနှင့်ဂျိန်း ထွက်ပြေးပုန်းရှောင်ကာ ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်လို့ ပျော်နေခဲ့တဲ့ ကမ္ဘာငယ်လေး။

'' ရွေးချယ်မှု မှန်ခဲ့လား နိုဘန် ''

'' ဒေါက်တာကင့် ကျေးဇူးတွေပါ ''

Bergen မှာ အခြေချလိုက်သည့် လီဆာတို့ဆီ ဒေါက်တာကင်ဂျီဆူးဟာ ခြောက်နှစ်ကြာတဲ့အခါ ရောက်လာသည်။ ထွက်ပြေးတဲ့ပြဿနာက အတော်လေးပွက်လောရိုက်ခဲ့၏။ လျော်ကြေးများစွာပေးခဲ့ရပြီး လီဆာ နာမည်ပျက်ခဲ့ရသည်။ မောင်ဖြစ်သူရဲ့ သတို့သမီးကို မ ပြေးတဲ့ မိန်းမ။ လိင်တူစိတ်ဝင်စားတဲ့ မင်းသမီး။ စသော အကြောင်းအရာမျိုးစုံက သတင်းခေါင်းစည်းပိုင်းမှာ လေးလလောက် နေရာယူသွားတယ်။

'' သူမရော ''

'' ဟိုမှာလေ ''

လီဆာတို့ဆီ ဗန်း​လေးကိုင်လို့ လျှောက်လာသော ဂျိန်းကိုကြည့်ပြီး ပြုံးသည်။ ဒေါက်တာကင်လည်း လီဆာကြည့်တဲ့နေရာကို လိုက်ကြည့်သည်။

'' ခြံထွက်နွားနို့နဲ့ဖျော်ထားတဲ့ ကော်ဖီပါ။ သုံးဆောင်ပါဦး ဒေါက်တာ ''

'' ဟုတ်ကဲ့ မစ္စမာနိုဘန် ''

နိုဘန့်ရဲ့ အမျိုးသမီးလေးက ရှက်ပြုံးလေးပြုံးပြီး နိုဘန့်ဘေးမှာ ဝင်ထိုင်သည်။ နှင်းတွေခဲနေသေးတာမို့ နိုဘန်ဟာ သူ့အမျိုးသမီးလေးကို ဖက်လိုက်တာကိုပါ ဂျီဆူးမြင်သည်။

'' မေမေ  .. ဟိုအကောင်တွေကို ကိုင်ကြည့်ချင်လို့ ရမလားဟင် ''

နိုဘန်တို့စုံတွဲကို ပြုံးကြည့်နေတုန်း သားလေးက ဂျီဆူးဆီပြေးလာသည်။ သားလေး လက်ညိုးထိုးပြတာက နိုဘန်တို့ရဲ့ နွားတွေထားတဲ့နေရာ။

spring daisy  memoriesWhere stories live. Discover now