လူအမျိုးမျိုး၊ စိတ်အမျိုးမျိုးပေါ့ကွယ်။
ကိုယ့်မယ်တော့ မင်းပြုံးလိုက်တိုင်း
ရေခဲတောင်ပြာပြာကြီးကို ငေးမောရသလို
သဘောတကျ နှလုံးသားတို့ကြွေဆင်းခဲ့ရ။***
phone screen ပေါ်မှ ဂျန်းနီတို့ ချစ်သူဖြစ်နေချိန် ရိုက်ထားခဲ့သော ဓာတ်ပုံလေးကို ကြည့်ကာ သူနှင့်တွေ့ဆုံခဲ့ပုံကို ပြန်တွေးနေမိသည်။ သူသည် အင်မတန်ကို ချစ်ဖို့ကောင်းခဲ့ပါသည်။ ဂျန်းနီ သူ့အား အရမ်းကိုချစ်ခဲ့သည်။ မကောင်းတဲ့ကောင်မှန်း သိခဲ့ပေမယ့်ပေါ့လေ။
အတိတ်..။
'' လာပါ မာမီရာ။ သမီးဘက်က လွန်သွားတာပါဆို ''
မနက်က ဂျန်းနီအနိုင်ကျင့်လိုက်မိတဲ့ ကောင်မလေးဆီကို သွားပြီး တောင်းပန်သင့်တယ်လို့ ကိုယ့်ကိုကိုယ် အကြုံပြုကာ မာမီ့ကိုပါ ခေါ်သည်။ ဂျန်းနီက မဟုတ်မခံ။ ရိုင်းပြတဲ့လူစားမျိုးတော့ မဖြစ်ချင်။ ရိုးရိုးလေးပါ.. ကိုယ်က ရိုက်လိုက်မိသည်ကိုး။ ဒါ့ကြောင့် သူမရှိရာဆီကို မာမီနှင့်အတူ သွားသည်။
ဂျန်းနီကိုမြင်သည်နှင့် ကလေးမက ခေါင်းကိုငုံ့ပြီး နားရွက်လေးကိုပါ ဦးထုပ်ထဲသို့ လျင်မြန်စွာ ဖွက်သည်။ သူ၏ အပြုအမူကို ဂျန်းနီရယ်ချင်သော်လည်း မရယ်ရဲ။ မာမီကတော့ လူကြီးပီပီ သူမရဲ့မိဘတွေကို တောင်းပန်နေသည်။
'' ဂျန်းနီ သူငယ်ချင်းကို တောင်းပန်လိုက်လေ ''
မာမီက စကားဝိုင်းထဲ ဂျန်းနီကိုဆွဲသွင်းတယ်။ သူမထိုင်နေတဲ့နေရာကို ကပ်ထိုင်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်။
'' ငါတောင်းပန်ပါတယ်။ ငါက နင့်ကိုယောကျာ်းလေးထင်သွားတာ။ ငါတို့ဘောလုံးကို ပြန်မပေးပဲ စောက်ကျင့်ယုတ်တယ်ထင်လို့ လုပ်လိုက်မိတာပါ။ ငါတကယ်တောင်းပန်ပါတယ်နော် ''
သူက ဂျန်းနီကို မကြည့်ပဲ ခေါင်းငုံ့နေတဲ့အနေအထားနဲ့ပဲ ခေါင်းငြိမ့်ပြသည်။ ခေါင်းလုံးလုံးလေးကိုပဲ ဂျန်းနီ ကြည့်ခွင့်ရှိသည်။ နားရွက်ရဲရဲလေးတောင် မမြင်ရ။ ဦးထုပ်အညိုလေးကို ဆောင်းထားသော ချစ်စရာ့ဘဲပေါက်ကလေးနှယ်။
YOU ARE READING
spring daisy memories
Fanficလှပခဲ့သောအတိတ်တွေကို မောင် လို့ခေါ်ပါ။ မြင်မြင်ရာမှာ ဒေစီညိုတွေပွင့်လန်းပြီး နေကြာတို့ နေမင်းကိုမျက်ကွယ်ပြုနိုင်ပါစေ။