ပထမအကြိမ်မှာ အကြောင်းပြချက်မရှိဘူး။
ဒုတိယတခါကျ ရွေးချယ်ခွင့်မရှိဘူး။
တတိယဆိုတဲ့ စကားလုံးတော့ ငါတို့ကြားမှာ ရှိလာမှာမဟုတ်ဘူး မောင်။****
ပီပီသသ တတ်ခေါက်သံကြီးကို ကြားရတဲ့အခါ အသံရှိရာကို မျက်နှာလှည့်ရသည်။ ဂျိန်းဟာ နီရဲနေသောမျက်လုံးတွေဖြင့် လီဆာတို့ကို ကြည့်နေသည်။
'' ဒါ US မဟုတ်ဘူး Koreaပါ။ ကျေးဇူးပြုပြီး အနေအထိုင် ဆင်ခြင်ပေးစေချင်ပါတယ်။ ဒီအိမ်မှာက နေမကောင်းတဲ့ဒယ်ဒီလည်း ရှိနေတယ် ''
လီဆာ ကြိတ်ပြုံးလိုက်သည်။ ဂျိန်း သဝန်နေပြီဆိုတာ သိလို့လေ။
အတိတ်..။
'' မောင် အနေအထိုင် ဆင်ခြင်မလား။ မောင့်ကို ပရောပရည်လာလုပ်တဲ့ကောင်တွေကို ပါးရိုက်ရမလား မောင် ''
'' မောင်က model လေ ဂျိန်းရဲ့။ အလုပ်သဘောအရ ဆက်ဆံတာပါ။ အဲ့ဒီအမျိုးသားက brand ရဲ့ CEO မို့ အတူပွဲတတ်ရတာမျိုးပဲရှိတယ်။ မောင့်ဂျိန်းကလေး စိတ်မပူပါနဲ့ ''
'' မောင့်ဝါသနာကို ဂျိန်းမတားဘူး။ လိုတာထက် ပိုပြီး အရောတဝင် မလုပ်နဲ့။ ပြောရင်း ဒေါသထွက်လာပြန်ပြီ။ ဘာကိစ္စ သူက မောင့်ဘေးမှာ လာရပ်တာလဲ ''
သဝန်တိုနေတဲ့ ဂျိန်းကလေးက လီဆာ့ရဲ့အမောပြေလေး။ သုံးပေဂျိန်းလေးကနေ အမောပြေလေးဖြစ်လာခဲ့တဲ့ ဖြစ်စဥ်က ဒီလိုလေ။
23 _ 9 _ 2017 ( France)
Paris ရဲ့ လမ်းမပေါ် စက်ဘီးလေးကို အားကုန်နင်းကာ သင်တန်းကျောင်းဆီ ဦးတည်သည်။ ဒီနေ့ကျမှ Phone က Power ပိတ်ပြီး Alarm မမြည်။ လူရွေးပွဲအတွက် စောစောရောက်မှဖြစ်မယ်။
သင်တန်းကျောင်းကိုရောက်တော့ စက်ဘီးလေးကို ဖြစ်သလိုရပ်ပြီး အခန်းဆီ ပြေးရပြန်သည်။ အဲ့ဒီနေ့က လီဆာ မပြေးခဲ့ရင် ဂျိန်းနဲ့ဆုံပါ့မလား။
YOU ARE READING
spring daisy memories
Fanficလှပခဲ့သောအတိတ်တွေကို မောင် လို့ခေါ်ပါ။ မြင်မြင်ရာမှာ ဒေစီညိုတွေပွင့်လန်းပြီး နေကြာတို့ နေမင်းကိုမျက်ကွယ်ပြုနိုင်ပါစေ။