ညရောက်တော့ ထမင်းစားခန်းထဲ ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ သက်ရှိုင်းမြင်းမိုရ် တစ်ယောက်
ရှိန်းကို ထက် မြင်ရမှာ လန့်နေသည် ။ သူ့မာမီက ဘယ်လိုဘဲ ဖျောင်းဖျ ဖျောင်းဖျ ရှိန်းခက်ထန်ရဲ့ အကြည့်တွေကို အခုထိ ကြောက်နေတဲ့ ကောင်လေးတစ်ယောက် ဖြစ်သည် ။" မာ....မာမီ လေးလေးက ...ထ...ထမင်းလာစားမှာလားဟင် "
" မာမီပြောထားတယ်လေ ၊ သားက အခုထိ စိုးရိမ်နေတုန်းလား "
" မ....မဟုတ်ပါဘူး "
သတ္တိရှိချင်ယောင်ဆောင်နေတဲ့ သက်ရှိုင်းလေးက အတွင်းစိတ်ထဲမှာတော့ သံစုံတီးဝိုင်းလိုပင် ။
ခနကြာတော့ ဦးချမ်းသာလည်း ထမင်းစားခန်းသို့ရောက်လာသည် ။ မိသားစု စုံစုံညီညီမှ ထမင်းစားရမယ်ဆိုတဲ့ စည်းကမ်းကလည်း ဦးချမ်းသာရဲ့ အမိန့်ပင်ဖြစ်သည် ။ သို့သော် စားပွဲခုံမှာ လူမစုံသေးတဲ့ ပုံရိပ်က ဇွဲခရိပ်ရဲ့ နာကျင်မှုကို ဖော်ပြနေသည် ။ ဇွဲခရိပ်ရဲ့ဇနီး သက်လျာကလည်း ဒါကို အပြည့်အ၀နားလည်တာမို့ မလိုတာတွေ မပြောမိအောင် အတက်နိုင်ဆုံး နေလာခဲ့ရသည် ။ အခုတော့ ရှိန်းခက်ထန်တစ်ယောက် ထမင်းစားခန်းသို့ ရောက်မလာပေ ..... သက်ပြင်းမသိမသာလေးချပြီး သူ့ညီကို သွားခေါ်ရန်ပြင်ဆင်နေတဲ့ ဇွဲခရိပ်ကို ဦးချမ်းသာ ရိပ်မိလေသည် ။
" ခေါ်စရာမလိုဘူး ! "
ဒီလို ပြတ်သားတဲ့ အသံက ဦးချမ်းသာဆိုတာ မလွဲဧကန်ပင် ။" ဒါပေမယ့် ... ရှိန်းက ခုမှ .... "
" အချိန်မတိကျတဲ့ လူတစ်ယောက်ကို ဘာတွေ ဂရုစိုက်ပေးနေတာလဲ "
ထမင်းစားချိန် ထမင်းစာခန်းထဲ ရောက်နှင့်နေဖို့ကလည်း ဦးချမ်းသာရဲ့ စည်းကမ်းချက်တစ်ခုပင်ဖြစ်သည် ။ ပြန်ငြင်းလို့မရတာကြောင့် ဇွဲခရိပ် ဆက်မပြောတော့ဘဲ ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။၊ သို့ပေမယ့် အခုမှ ပြည်ပက ပြန်လာတဲ့ သူအချစ်ရဆုံးညီနဲ့ ထမင်းလက်စုံစားဖို့က အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်မလာခဲ့ပေ ။
" မာမီ ...သား ၀ပြီ ၊ မစားချင်တော့ဘူး "
" ဒါဆို အိမ်စာတွေ သွားလုပ်နေနော် , မာမီပြီးရင် လာခဲ့မယ် "
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasy" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "