မနက်ခင်းက ရုတ်တရက်ဆိုသလို တိတ်ဆိတ်လာသည် ။ ပုံမှန်အတိုင်းအ၀တ်အစားအပြည့်အစုံနဲ့ အပေါ်ထက်မှဆင်းလာသော ရှိန်းခက်ထန်တစ်ယောက် အိမ်ရဲ့ ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်နေမိသည် ။ ညက စဉ်းစားစရာတွေများပြီး အိပ်ယာ၀င်နောက်ကျမိလို့ နေ့လည်မှ နိုးလာတဲ့ ရှိန်းတစ်ယောက် တစ်ခုခုကို ဘ၀င်မကျဖြစ်နေပြန်သည် ။
" သခင်လေး ... တစ်ခုခုအလိုရှိလို့လားရှင့် "
* နောက်ကျမှအိပ်ယာထမိတာ ခေါင်းကိုက်နေတယ် ကျစ်! ၊ ဒါနက် အိမ်က ဘာလို့ တိတ်ဆိတ်နေရတာလဲ *
သူကိုယ်တိုင်အဖြေမထုတ်နိုင်တဲ့အဆုံးတော့ ဘေးမှ အိမ်တော်ထိန်းကို လှမ်းမေးရတော့သည်။
" ဘယ်ရောက်ကုန်ကြတာလဲ "
" ရှင် ဘာကိုပြောချင်တာပါလဲ သခင်လေး "
ပုံမှန်ဆို မေးခွန်းတွေမေးရတာကို သဘောမကျတဲ့ ရှိန်းက ရုတ်တရက်ကြီး ထမေးလိုက်တော့
အိမ်တော်ထိန်းပါ တွေဝေမိသည် ။" တောင်း..တောင်းပန်ပါတယ်
သခင်လေးကို မေးခွန်းပြန်မေးဖို့ မရည်ရွယ်ပါဘူး "" ထားလိုက်တော့ ... သက်ရှိုင်းမြင်းမိုရ် ဘယ်မှာလဲ "
စိတ်မရှည်တဲ့အဆုံးတော့ ဒဲ့ဘဲမေးရတာက
ရှိန်းခက်ထန်ရဲ့ အကျင့်တစ်ခုပင်ဖြစ်သည်။" ဟို .... "
ဖြေဖို့ ထိတ်လန့်နေတဲ့ အိမ်တော်ထိန်းကို တစ်ချက်လှည့်ကြည့်ပြီး အကဲခတ်မိလိုက်သည် ။ လူအကဲခတ်တဲ့နေရာမှာလည်း ရှိန်းခက်ထန်ရဲ့ ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်တာမို့ တော်ရုံဆို လိမ်လို့မရပေ ။
ဘေးပတ်၀န်းကျင်ကို သတိထားမနေတော့ဘဲ
အိတ်ကပ်ထဲမှ ဖုန်းကိုကောက်ထုတ်ကာ ရင်းနှီးနေတဲ့ Contact တစ်ခုကို ချက်ချင်းလှမ်းခေါ်မိသည် ။" ရှိန်း .... "
" အကို ! ဘယ်မှာလဲ "
ချက်ချင်းအဖြေပြန်မပေးတဲ့ ဇွဲခရိပ်ကြောင့် ရှိန်းရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားသည် ။ လက်က ငွေရောင်တလတ်လတ်နဲ့ ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်မိပြန်သည် ။
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasía" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "