မနက်အစောကြီး ချိန်းထားတဲ့ နေရာတစ်ခုသွားရန် အ၀တ်အစားကအစ သေချာ ပြင်ဆင်ပြီး အပေါ်ထပ်ကနေဆင်းလာတဲ့ ရှိန်းခက်ထန်တစ်ယောက် ဧည့်ခန်းထဲမှ ဆူညံသံများ ကြားလိုက်ရသည် ။ သူ့အလုပ်မဟုတ်တာမို့ စိတ်မ၀င်စားပေမယ့် ဖြတ်လျှောက်သွားစဉ် တစ်ခန သတိထားမိသွားတဲ့ သူတစ်ယောက်ကို သူမြင်မိလိုက်သည်
ဦးချမ်းသာရဲ့ အရှေ့မှာ ဒူးထောက်ကာ ထိုင်နေတဲ့ သက်ရှိုင်းမြင်းမိုရ်လေးကို ရုတ်တရက်မြင်လိုက်ရပြီးနောက် ရှိန်းရဲ့ မျက်ခုံးထောင့်နှစ်ခုက ချက်ချင်းပင် တွန့်ကျိုးသွားသည် ။ ဒီလောက်ငယ်တဲ့ ကလေးကိုလည်း ဦးချမ်းသာက ဘာအကြောင်းကြောင့် အပြစ်ဒဏ်ပေးထားလဲ သိချင်မိသည် ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဧည့်ခန်းထဲသို့ တန်းတန်းလျှောက်လာတဲ့ ရှိန်းခက်ထန် ......
ပတ်၀န်းကျင်က ခနတာ တိတ်ဆိတ်သွားသည် ။
လေစိမ်းတွေ အရမ်းကိုပင်တိုက်နေသည်ဟုထင်ရအောင် ဦးချမ်းသာနဲ့ရှိန်းခက်ထန်ရဲ့ကြားမှာ အသက်မျှပင် မရှူရဲသော သက်ရှိုင်းမြင်းမိုရ်တစ်ယောက် ကူကယ်ရာမဲ့နေပြန်သည် ။
တကယ်ကိုပင် ဩဇာအာဏာကြီးမားတဲ့ လူနှစ်ယောက်ကြားထဲ ကျောပါချမ်းရလောက်သည် အထိ တဖြည်းဖြည်းတုန်ရီလာသည် ။ တကယ်ကို တူလွန်းပါသည် ၊ ဒီအဖေ ဒီသားဟုပင် မပြောရုံတမယ်ဘဲ ဘေးလူကြည့်တာနဲ့တင် အတက်သိနိုင်သည် ။ ပြန်စဉ်းစားကာမှ ရှိန်းခက်ထန် ပြည်ပက ပြန်ရောက်တဲ့နေ့ကစလို့ ဒီနေ့အထိ ဦးချမ်းသာနဲ့ ပထမဆုံးတွေ့ဆုံခြင်းပင် ဖြစ်ပေသည်။ ခြေထောက်ကို ချိတ်ကာ သတင်းစာကို လက်တစ်ဖက်ကကိုင်ပြီး ရှေ့က ကော်ဖီခွက်ကို လှမ်းယူလိုက်တဲ့ ဦးချမ်းသာက အရှေ့မှာရပ်နေတဲ့ သားအရင်းကိုတောင် နဲနဲလေးမှ ရှိတယ်မထင်တဲ့အမူအရာမို့ ကလျာ တစ်ယောက်အဝေးကကြည့်ပြီး စိုးရိမ်လာပြန်သည် ။ အခုချိန်သာ စကားများကြရင် သူကိုယ်တိုင်လည်း ၀င်မတားရဲပေ ။ ဇွဲခရိပ်က မနက်အစောကြီး Company ကို အရေးကြီးကိစ္စဖြင့် ထွက်သွားခဲ့သည် ။" ............... "
ခနကြာတော့ ရှိန်းခက်ထန်က သူ့ရှေ့က တုန်ရီနေတဲ့ ကလေးလေးကို ငုံ့ကြည့်လိုက်ကာ ရုတ်တရက် ဦးချမ်းသာအပေါ်ထွက်နေတဲ့ ဒေါသများ ပျောက်သွားသလို ခံစားရသည် ။
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasy" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "