" ရှိန်း ! ဒီကိုကြည့်လေ ဓာတ်ပုံရိုက်တဲ့အချိန်
ဆူပုတ်နေတာ မမိုက်ဘူးနော် ၊ ဒီနေ့က အိမ်ပြန်ရမယ့်နေ့ဘဲကို "" နင်တို့ မသိဘူးလား ? ရှိန်းက အိမ်ပြန်ရတော့မှာမို့ ဆူပုတ်နေတာလေ ဟားဟား ! "
" ဒီကောင် အိမ်မပြန်ချင်တာ အတည်ကြီးကွ ၊ မစကြပါနဲ့ကွာ "
" .................. "
America မှာ ဘွဲ့ယူပြီး နောက်ဆုံးတော့ မြန်မာကို ပြန်ရတော့မယ့် ရှိန်းခက်ထန် တစ်ယောက် တကယ်ကိုပင် စိတ်နဲ့လူနဲ့မကပ် ၊ ပြဿနာကတော့ အိမ်မှာရှိနေတဲ့ သူ့အဖေ ဦးချမ်းသာ ကြောင့်ဘဲ ဖြစ်ပေလိမ့်မည်။ ဦးချမ်းသာကတော့
အမေရိကန် - မြန်မာ ကပြားတစ်ယောက်ဖြစ်ပြီး
English လိုဆို Mr.Rich လို့ လူသိများကြသည် ။ အခုထိ စီးပွားရေးနယ်ပယ်မှာ နာမည်ကြီးသူ ဖြစ်ပြီး တစ်ဖက်က အမှောင်ဂိုဏ်းနယ်ပယ်မှာလည်း မသိတဲ့သူ မရှိပေ ။ အခုချိန်ထိ Mafia တွေ လှုပ်ရှားနေတယ်ဆိုတာ ရဲတွေတောင် ခြေရာမခံနိုင်လောက်တဲ့အထိ ဦးချမ်းသာက အကွက်စေ့စေ့ ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်သည် ။ လူအင်အား ၊ ငွေအင်အားက မြန်မာမှာတင်မဟုတ် အမေရိကန် / ဂျပန် / ပြင်သစ်အထိ အသိမိတ်ဆွေ ပေါများလွန်းသည် ။ ထိပ်တန်းစာရင်း၀င် လူချမ်းသာစာရင်းထဲက တစ်ယောက်ဟုပင် ဆိုနိုင်သည် ။ ထို့အပြင် ဦးချမ်းသာရဲ့ ရာထူး ၊ အမွေတွေအတွက် ဆက်ခံမယ့် သားနှစ်ယောက်ကလည်း အသင့်ရှိနေပြီမို့
တကယ်ကို ပြီးပြည့်စုံနေတဲ့ လူတစ်ယောက်ပင်မဟုတ်ပါလား။" ဒယ်ဒီ ... ဒီနေ့ ညီလေးပြန်လာမှာဆို "
" အင်း ... လေဆိပ်မှာ အာလုံးကိုကြိုခိုင်းပြီးပြီ "
" ဒယ်ဒီမသွားဘူးလား ! ညီလေးကို သူစိမ်းတွေနဲ့ဘဲ ကြိုခိုင်းပြန်ပြီလား "
" ................. "
ဘာမှ ပြန်မဖြေဘဲ သတင်းစာထိုင်ဖတ်နေတဲ့ ဦးချမ်းသာကို ဇွဲခရိပ် တစ်ယောက် သက်ပြင်းချကာ ကားသော့ကောက်ယူပြီး သူကိုယ်တိုင် လေဆိပ်သို့ ချက်ချင်းထွက်လာခဲ့သည်။ငယ်ငယ်ကတည်းက ဒီညီလေးတစ်ယောက်ဘဲ ရှိတာမို့ ဇွဲခရိပ် လျစ်လျှူမရှုနိုင်ပါ ၊ အမွေဆက်ခံတဲ့ ကိစ္စမှာ သားအကြီးဆုံးက အရင်ရပိုင်ခွင့်ပိုများပေမယ့် သူ့ကြောင့်နဲ့ သူ့ညီလေးကို ပစ်ပယ်ထားတာမျိုး လုံး၀မကြိုက် ။ စိတ်ဒဏ်ရာရသွားမှာ သူအကြောက်ဆုံးပင် ဖြစ်သည် ။
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasi" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "