ညက ရှိန်းရဲ့ စကားကြောင့် သက်ရှိုင်းတစ်ယောက်ဆက်ပြီး မနှောင့်ယှက်တော့ဘဲ အခန်းထဲ အစောကြီးပြန်သွားလေသည် ။ အခုတော့ ၀တ်စုံအပြည့်နဲ့ မနက်စာစားရန် ဆင်းလာသည် ။ ဒီတစ်ခါရော ဘယ်ကိုသဝေထိုးမလို့ဘဲ မသိပေမယ့် သက်ရှိုင်းကို တစ်ချက်မှ မကြည့်ဘဲ မနက်စာစားနေသော ရှိန်းက ရုတ်တရက်ကြီး ထကာ
" ဒေါ်ယဉ် ... ဒီည ညစာကိုလျှော့ချက်ထား .. "
" ဟုတ်ကဲ့ပါ သခင်လေး "
ဒေါ်ယဉ်ဆိုသည်မှာ သက်ရှိုင်းနိုင်ငံခြားမထွက်ခင်တည်းက အိမ်မှာ အကူလုပ်ပေးနေသော ထမင်းချက်ဖြစ်သည် ။ ထမင်းချက်ဘဲဆိုပေမယ့် တစ်ခြားအိမ်မှုကိစ္စတွေကအစ ကိုယ့်အိမ်လိုဖြစ်နေတော့ မိသားစု၀င်ဆိုလည်း မမှားပြန်ဘူး ။
ဘာမှ၀င်မပြောဘဲ မျက်မှောင်အနည်းငယ်ကျုံ့လိုက်သော သက်ရှိုင်း မျက်နှာထားက ရှိန်းကို ရီချင်အောင် လုပ်နေသည် ။ တကယ့် ကလေးလို့ဘဲ မြင်နေမိတဲ့ ရှိန်းအတွက်တော့ ကျားတစ်ကောင်လို မာန်ဖီနေရင်တောင် သက်ရှိုင်းက ချစ်ဖို့ကောင်းနေလိမ့်မည် ။ခနကြာတော့ နှုတ်တောင်မဆက်ဘဲ မနက်စာစားပွဲဝိုင်းက ထထွက်မယ့် ရှိန်းကို မျက်နှာငယ်လေးနဲ့ အကျီလှမ်းဆွဲထားသူ .... တကယ်ကိုပင် လုပ်လည်း လုပ်တက်ပါပေ့
" ဒယ်ဒီ .... "
အခုတော့ ခေါ်သံကအစ ကမ္ဘာပေါ်မှာ သူသနားစရာအကောင်းဆုံးလူ ဖြစ်နေသည် ။" .............. "
" ကျနော့်ကို နှုတ်တောင်မဆက်တော့ဘူးလား "
" အော အင်း .. ကောင်းကောင်းနေခဲ့ "
" ညက ..... "
" ပြန်လာမှ ဆက်ပြောမယ် "
သက်ရှိုင်းတစ်ယောက်ကတော့ တကယ်ကိုပင် ကလေးစိတ် ၊ ညကတင် သူမဟုတ်တဲ့အတိုင်းအနိုင်ကျင့်ပြီး ခုတော့ တောင်းပန်ဖို့ဟန်ပြင်နေမှန်း ရှိန်း ရိပ်မိသည် ။ အရေးကြီး အစည်းအဝေးရှိတာနဲ့ အမြန်စကားဖြတ်ကာ ထွက်လာခဲ့သည်။
တီ တီ တီ .....
" ဘာလဲ ! "
" ဘာလို့ ဒေါသထွက်နေရတာလဲ ? နင်ဘဲ နင့်ဒယ်ဒီမရှိတဲ့အချိန်မှ ဖုန်းခေါ်ဆို ? ငါမှားသွားလို့လား "
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasy" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "