အရပ် 6 ပေ 2 ၊ အသားဖြူဖြူ ၊ အကျီလက်ရှည် လည်ပိတ်၀တ်ထားကာ အပေါ်မှ ကုတ်အနက်တစ်ထပ်၀တ်ထားပြီး ဖုန်းထဲက Contact name ကို ရှာနေတဲ့ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက် .... ဖြတ်သွားတဲ့ ကောင်မလေးတွေ
ငေးရလောက်အောင် ထူးခြားနေတာကတော့
တကယ်ကိုပင် နူးညံ့ပျော့ပြောင်းနေတဲ့ ရွှေအိုရောင် ဆံပင်တွေဖြစ်သည် ။" ဟယ်လို ... ဒယ်ဒီက ခုထိ မရောက်သေးဘူးလားဗျ "
" သား ဒယ်ဒီ Company မှာ အစည်းအဝေးပေါ်လာလို့ ၊ လာကြိုဖို့ လူလွှတ်ထားတယ် "
ဖုန်းမကိုင်တဲ့ ရှိန်းခက်ထန်ကြောင့် သူသတိရမိတဲ့ ဒုတိယလူကတော့ အရင်ကမွေးစားအဖေ ဇွဲခရိပ်ပင် ဖြစ်သည် ။ နေ့တိုင်း အဆက်အသွယ်လုပ်ပြီးသက်ရှိုင်းလည်း အရွယ်ရောက်လာပြီမို့ အကြောင်းအရင်းတစ်ချို့တော့ သိနှင့်နေပြီဖြစ်သည် ။ မွေးစားသားဖြစ်နေတာမို့ သက်ရှိုင်းကို စိတ်ဓာတ်မကျဖို့ အကြိမ်ကြိမ်ဆုံးမနေတဲ့သူကတော့ မမြင်ရတာ နှစ်အတော်ကြာပြီဖြစ်တဲ့
သူ့ရဲ့ တစ်ဦးတည်းသော မွေးစားအဖေ ဖြစ်သည် ။" ဘာလဲ .... လူကိုကျ နားငြီးနေအောင် ဆုံးမပြီးတော့ လာတောင်မကြိုဘူး "
ခနကြာတော့ လာကြိုဖို့ လွှတ်လိုက်တဲ့ Bodyguard တွေပါ ရောက်လာသည် ။ အကုန်လုံး သက်ရှိုင်းကို မှတ်မိမှာ မဟုတ်လို့ ဓာတ်ပုံနဲ့ တိုက်စေ့ရှာနေကြသည် ။ အထာနက်တဲ့ သက်ရှိုင်းမြင်းမိုရ်က သူ့ရဲ့ထင်ပေါ်နေတဲ့ ဆံပင်တွေကို ချက်ချင်းဆိုသလို ဦးထုပ်ဆောင်းလိုက်ပြီး Mask အနက်တပ်ကာ လာကြိုတဲ့ bodyguard တွေမမြင်အောင် ရှောင်ထွက်လာခဲ့သည် ။
" ဟယ်လို boss ... ကျ...ကျနော်တို့ ခုထိမတွေ့သေးပါဘူးဗျ "
" ဘာ !! ငါတောင် အစည်းအဝေးပြီးသွားပြီ
မင်းတို့ ဒါဘေးတောင် ရှာမတွေ့ဘူးလား "" ကျွန်တော် လေဆိပ်တစ်ခုလုံး ၃/၄ ခေါက်လောက် ရှာ....ရှာကြည့် .... "
" ဟ! မင်းတို့ လူရှာတာ တော်တော်ညံ့တာဘဲ"
တကယ်တော့ လွှတ်လိုက်တဲ့ bodyguard တွေအကုန်လုံးက လူရှာတာကျွမ်းကျင်ပြီး လွတ်တဲ့ ရန်သူ မရှိသေးပေ ။ ရှိန်းက သူကိုယ်တိုင်သွားမကြိုမိလို့ စိတ်ပူနေပြန်သည် ။ ရုံးခန်းထဲက ချက်ချင်းထပြီး ကားပါကင်ဆီ ဆင်းလာသည် ။
ရုတ်တရက်ဆိုသလို ကားနားမှာ ရပ်နေတဲ့ လူစိမ်းတစ်ယောက်ကို သူသတိထားမိသွားသည် ။ ရုပ်ဖျက်ထားတာမို့ သေချာမမြင်ရပေ ။ ဘာလိုချင်လို့ကားနားမှာ ရပ်နေလည်း စဉ်းစားနေရင်း တည့်တည့်လျှောက်သွားမိသည် ။
YOU ARE READING
Obsessed With My Daddy ( Ongoing )
Fantasía" ကျွန်တော့်နာမည် သက်ရှိုင်းမြင်းမိုရ် ဒယ်ဒီ့ရဲ့ တစ်ဦးတည်းသော သား ! ဒီစကြာ၀ဠာတစ်ခုလုံးမှာ ဒယ်ဒီချစ်ပေးရမယ့်သူက ကျွန်တော်တစ်ယောက်ဘဲ ရှိတယ် "