"သခင်လေးကြိုက်တဲ့ chocolate cake လေးကျွန်တော်ပြင်ထားတယ်...စားလိုက်နော် အရမ်းဗိုက်ဆာနေလား"
လုံးလုံးက ကုတင်ပေါ်တွင် ထိုင်နေသော တော်ဝင်ပန်းမာန်ဆီ ကိတ်မုန့်ပန်းကန်ကိုင်ပြီး လျှောက်လာလေသည်။လုံးလုံးအနားရောက်တော့ တော်ဝင်ပန်းမာန်လည်း လုံးလုံးလက်ထဲက ကိတ်မုန့်အား ဘေးတွင်သာချထားပြီး နည်းနည်းမျှပင်မတို့။
"သခင်လေး...ဘာဖြစ်လို့လဲ"
"ငါအီနေလို့...မစားနိုင်တော့ဘူး"
တော်ဝင်ပန်းမာန် မနေ့ညက ကိတ်မုန့်နှစ်ခုတောင် စားထားသည်မို့ ထပ်မစားချင်တော့တာ ဖြစ်၏။အခုသူထပ်စားလျှင် အန်ထွက်ဖို့သာရှိတော့သည်။
"ဟင်...သခင်လေးမနေ့ကဘာမှမစားရဘူးမဟုတ်လား"
"ဟမ်...မင်းပဲ ငါ့အတွက်မုန့်တွေရော၊ဆေးဗူးတွေရော ခိုးထားပေးသွားတာမဟုတ်ဘူးလား ဒီlong coat တစ်ထည်တောင်ပါသေး"
သူ့ကိုယ်တွင် ဝတ်ထားသော ခပ်ပွပွlong coatအား ကြည့်ပြီး ပြောနေသော တော်ဝင်ပန်းမာန်သည် မနေ့ညက သူ့အားလိုတာတွေ ပေးသွားတာကို လုံးလုံးခိုးပေးသွားတာဟုသာ ထင်ထားခြင်းဖြစ်သည်။တော်ဝင်ပန်းမာန်၏စကားကြောင့် လုံးလုံးခမျာလည်း မျက်လုံးပြူးမျက်စံပြူး။
"ကျွန်တော်မဟုတ်ဘူး...တခြားကိုယ်ရံတော်တစ်ယောက်ရဲ့ long coat ထင်နေတာ"
"ဟမ်..."
တော်ဝင်ပန်းမာန် မနေ့ညကတွေ့ခဲ့သည့် ရစ်ပုံစံကို ပြန်လည်မြင်ယောင်လာသည်။နေပါဦး မဟုတ်မှ သူများလား။အတွေးပေါင်းစုံဖြင့် long coat အား ဆွဲချွတ်ကာ ဟိုဒီကြည့်လိုက်တော့ Yitဆိုသည့် အသားတံဆိပ်ကိုတွေ့လိုက်ရသည်ကြောင့် တော်ဝင်ပန်းမာန် မျက်လုံးများ ပြူးကျယ်သွားရသည်။
"ဆူးမာန်ရစ်ခွေ..."
"ဘာဖြစ်တာလဲ...သခင်လေး"
long coat ကြီးအား လွှင့်ပစ်ပြီး အလန့်တကြား ထအော်လာသည့် သခင်လေးကြောင့် လုံးလုံး long coat ကို အလျှင်အမြန် ပြန်ကောက်ရတော့သည်။
"မဟုတ်မှ...ဒီlong coat ပိုင်ရှင်က...ဆူးမာန်ရစ်ခွေလား"
"မ...မဟုတ်ပါဘူး...အဲ့တာငါ့ဟာ ကိုယ်ရံတော်တစ်ယောက်လာပေးသွားတာ"
DU LIEST GERADE
"Yit"Is Your Husband
Romantik"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရဲ့ယောင်္ကျားဖြစ်လာမယ့်သူ ဆိုတာကိုတော့ ခင်ဗျားခေါင်းထဲစွဲနေအောင်မှတ်ထား...Yit Is Your Husband" ဝတ္ထုပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သ...