Part-11[Uni]

2.2K 131 52
                                    

ဦးတော်တင်မျိုးတစ်ယောက် ရစ်တို့၏ မြေအောက်ခန်းထဲတွင် သတိလစ်မေ့မျောနေသည်မှာ နှစ်ပတ်တိုင်တိုင်ရှိခဲ့လေပြီ။လက်အား မေ့ဆေးမသုံးပဲ အရှင်အချုပ်ခံခဲ့ရသည်မို့သတိလစ်သွားတာ ဖြစ်လိမ့်မည်။

"နောက်ဆုံးတော့နိုးလာပြီပေါ့"

"ဆူးမာန်ရစ်‌ခွေ...ခွေးမသား ငါ့ကိုလွှတ်"

"အိုးဟိုး...ဦး‌တော်ဝင်မျိုးက နှစ်ပတ်လောက်မေ့နေတာဆိုတော့ အားအင်တွေတော်တော်ပြည့်နေပုံပဲ"

ရစ်ခပ်ရွဲ့ရွဲ့ပြောကာ လက်တစ်ဖက်အား ဆန့်ထုတ်လိုက်တော့ ကိုယ်ရံတော်တစ်ယောက်က ကြာပွတ်ရှည်တစ်ခုအား ရစ်လက်ထဲသို့ အဆင်သင့်ထည့်ပေးလာ၏။ကြာပွတ်ရှည်ကိုမြင်တော့ ဦးတော်ဝင်မျိုး ကြီးစွာသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

"မင်း...မင်း ဘာလုပ်မလို့လဲ"

"တော်ဝင်ပန်းမာန်ရဲ့အဖေအရင်းဘယ်မှာလဲ...ခင်ဗျားဖြေ"

ရစ်၏စကားကြောင့် ဦးတော်ဝင်မျိုး ဆွံ့အသွားမိသည်။ထိုအကြောင်းအား သူ့ယောက္ခထီးနှင့်သူသာ သိမည်ဟု ထင်ထားခဲ့သော်လည်း ရစ်ကပါ သိနေခဲ့သည်လေ။

"မင်းဘယ်လိုသိတာလဲ..."

"ဖြန်း...ကျုပ်ကိုပြန်အော်ရအောင်ခင်ဗျားမှာဘာစောက်ဆင့်ရှိနေလို့လဲ..."

ရစ်၏ ဒေါသတကြီးရိုက်ချက်ကြောင့် ဦးတော်ဝင်မျိုး၏ ပုခုံးရှိအသားများသည် ပွန်းပဲ့ကုန်ကာ ချက်ချင်းဆိုသလို သွေးအလိမ်းလိမ်းစီးကျလာ၏။

"အား...ငါမသိဘူး...သူ့ရဲ့အဖေဘယ်မှာရှိလဲဆိုတာ ငါစိတ်လည်းမဝင်စားဘူး"

"ခင်ဗျားခွေးစကားမပြောနဲ့...တော်ဝင်ပန်းမာန်ရဲ့အဖေအရင်းကို ခင်ဗျားပဲ ဖမ်းချုပ်ထားတာလေ..."

"ငါမသိဘူး...အားလုံးက တော်ဝင်ပန်းမာန်ရဲ့အဖိုးလုပ်ခိုင်းတာ...ငါမသိဘူး"

ထပ်ရိုက်ဖို့ပြင်နေသော ရစ်ကြောင့် ဦးတော်ဝင်မျိုး အမြန်ရှောင်တိမ်းကာ သူမသိကြောင်းကို တတွတ်တွတ် ရှင်းပြနေမိသည်။ရစ်လိုချင်သောအဖြေကိုရပြီမို့ ကြာပွတ်ရှည်အား ပစ်ချကာ လဲကျနေသော ဦးတော်ဝင်မျိုးရှေ့ ဆောင့်ကြောင့်ထိုင်ရင်း ကြောက်လန့်နေသောမျက်နှာအား အရသာခံကြည့်၏။

"Yit"Is Your HusbandOnde histórias criam vida. Descubra agora