"နိုးလာပြီလား...အိပ်နေတာလား သေနေတာလား မသဲကွဲဘူး"
လှေကားလက်ရမ်းအား အားပြုရင်း ခပ်ဖြေးဖြေး ဆင်းလာသောလူအား မြင်သည်ကြောင့် ဆိုဖာပေါ်ကနေလှမ်းမေးလိုက်ခြင်းဖြစ်သည်။ တော်ဝင်ပန်းမာန် အောက်ရောက်သည်နှင့် ရစ်ဘေးတွင် ကပ်ချွဲနေသော ကြောင်ကြီးက တဖွီးဖွီးနှင့် မာန်ထဖီတော့သည်။
"မင်းရဲ့ကြောင်ကဘာလို့ငါ့ကိုရန်သူလိုလာပြုမူနေတာလဲ..."
လှေကားပေါ်ပြန်တက်ပြေးပြီး ရစ်၏ကြောင်အား လက်ညှိုးထိုးကာ လှမ်းအော်နေသူကြောင့် ရစ်ရယ်ချင်မိသွားသည်။သို့သော် ရယ်ချင်စိတ်ကိုထိန်းပြီး မျက်နှာသေဖြင့် တော်ဝင်ပန်းမာန်အား အနားလာခဲ့ရန် ပြောလိုက်သည်။ထိုအခါမှတော်ဝင်ပန်းမာန်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရစ်၏ဘေးတွင်သွားရပ်သည်။
"ထိုင်လေ"
"ဟင့်အင်း...မင်းရဲ့ကြောင်ငါ့ကိုလာကုပ်ရင် ဘယ်လိုလုပ်မလဲ"
"အဟား...ဘာလို့FuFuကိုအရမ်းကြောက်နေရတာလဲကွာ"
ရစ်က တော်ဝင်ပန်းမာန်အား ကစားများကိုစနောက်သလို စနောက်နေတာဖြစ်သည်။တော်ဝင်ပန်းမာန်သိသော်လည်း သူ့အားပြန်ရန်မတွေ့ရဲသေးပေ။တော်ကြာ သူကြောင်ကို ကုပ်ခိုင်းမှဖြင့်။
"မင်းငါ့ကိုလာလှောင်မနေနဲ့နော်...ငါကကြောင်တိုင်းကိုကြောက်နေတာမဟုတ်ဘူး"
"ဘာလို့FuFuကိုမှလဲ"
"ဘာလို့ရမှာလဲ...မင်းကိုယ့်ကြောင်ကိုလည်းကြည့်ဦး ရုပ်ကတည်တင်းနေတာပဲ လူကိုတွေ့ရင်လည်း ဘဝအဆက်ဆက်က ရန်သူလိုလိုဘာလိုလိုနဲ့ သူ့အခန်းထဲမှားဝင်မိပါတယ် အကုပ်ကခံရသေး...တော်တော်ဆိုးတဲ့ကြောင် သခင်အတိုင်းပဲ"
"အိုး...အဲ့တာဆို FuFuက ကျုပ်နဲ့တူတယ်ပေါ့"
"ချွတ်စွပ်ပဲ"
"အဲ့တာဆို ကျုပ်ကိုကျ ဘာလို့မကြောက်လဲ"
ကြောင်နဲ့တောင်လိုက်ကပ်သတ်ပြီးမေးနေသော ရစ်အား တော်ဝင်ပန်းမာန် စောင်ပေပေတစ်ချက် ကြည့်ပေးလိုက်သည်။ဒီလူတော်တော်အားနေတာလား။
ESTÁS LEYENDO
"Yit"Is Your Husband
Romance"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရဲ့ယောင်္ကျားဖြစ်လာမယ့်သူ ဆိုတာကိုတော့ ခင်ဗျားခေါင်းထဲစွဲနေအောင်မှတ်ထား...Yit Is Your Husband" ဝတ္ထုပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သ...