"သူကဘယ်တော့နိုးလာမှာလဲ"
လက်ပိုက်ကာ နံရံကိုမှီထားသော ရစ်က အိပ်ယာပေါ်တွင် လှဲလျောင်းနေသော တော်ဝင်ပန်းမာန်ကို မေးငေါ့ပြရင်း မေး၏။
တော်ဝင်ပန်းမာန် ရုပ်တရပ်မူးလဲသွားတာမို့ ရစ်လည်း စံအိမ်ကိုမပြန်နိုင်တော့ဘဲ အစောင့်နှစ်ယောက်၏ တိုက်အိမ်ပုလေးဆီကိုသာ ပွေ့ခေါ်လာခြင်းဖြစ်သည်။"ကျစ်..မေးနေတာကိုဖြေလေ"
"ခ...ခဏနေရင် သတိရလာပါလိမ့်မယ် သခင်လေးက လန့်ပြီးမေ့လဲသွားတာနေမှာပါ"
"တောက်...ဟိုဆရာဝန်က နောက်ဘဝမှရောက်လာတော့မှာလား"
ရစ် စိတ်တိုစွာပြောပြီး ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းအား ထုတ်ကာ ဆရာဝန်ထံ ဖုန်းထပ်ဆက်ရန် ပြင်၏။
"အင်း..."
တော်ဝင်ပန်းမာန်က ညည်းညူသံနှင့်အတူ လှုပ်လှုပ်ရှားရှားဖြစ်လာတာမို့ ရစ် လက်ထဲက ဖုန်းအား တွေ့ကရာနေရာသို့
ပစ်ချလိုက်ပြီး တော်ဝင်ပန်းမာန်ဘေးတွင် ဝင်ထိုင်လိုက်သည်။"ခင်ဗျားသတိရပြီလား...ခေါင်းမူးနေလား...ဟင် ဘာစားချင်လဲ ကျုပ်ဘာလုပ်ပေးရမလဲ"
မိမိလက်အား အတင်းဆွဲကာ အပူတပင်းပုံစံဖြင့် တတွတ်တွတ်ပြောနေသူအား တော်ဝင်ပန်းမာန် မကျေနပ်သည့်အကြည့်များဖြင့်ကြည့်ကာ သူကိုင်ထားသော မိမိလက်အား ဆောင့်ရုန်းပစ်သည်။လုပ်တုန်းကလုပ်ပြီး ခုမှဖြစ်ပျက်ပြနေတာ။
"ရေသောက်ချင်တယ်"
တော်ဝင်ပန်းမာန်၏ တိုးတိုးညှင်းညှင်းစကားသံအဆုံးတွင် ရေတစ်ခွက်သည် တော်ဝင်ပန်းမာန်ရှေ့ အဆင်သင့်ရောက်လာသည်။သို့သော် ထိုရေကမ်းပေးသူက ရစ်ဖြစ်နေတာမို့ သူမသောက်ချင်ပါ။
"မင်းပေးတာဆိုမသောက်ဘူး"
"ဒီလောက်ကလေးဆန်နေတာကြီးကကျ..."
ရစ်စိတ်မရှည်သလိုပြောတော့ တော်ဝင်ပန်းမာန်က ရန်လိုသလိုအကြည့်ဖြင့် ကြည့်လာပြန်၏။မျက်လုံးချင်းစစ်ခင်းသောပွဲတွင် နောက်ဆုံး အရှုံးပေးလိုက်ရသူကတော့ ဆူးမာန်ရစ်ခွေပင်ဖြစ်သည်။
ESTÁS LEYENDO
"Yit"Is Your Husband
Romance"လောကကြီးမှာရှိတဲ့ လူတွေအကြောင်းကို ခင်ဗျားသိစရာမလိုဘူး တော်ဝင်ပန်းမာန်...ကျုပ်ဆိုတဲ့ ဆူးမာန်ရစ်ခွေက ခင်ဗျားရဲ့ယောင်္ကျားဖြစ်လာမယ့်သူ ဆိုတာကိုတော့ ခင်ဗျားခေါင်းထဲစွဲနေအောင်မှတ်ထား...Yit Is Your Husband" ဝတ္ထုပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သ...