Part 2

3.7K 92 0
                                    

တည် ရန်ကုန်ကို
ရောက်နေတာ ၃ နှစ်တောင်ရှိသွားပြီပဲ တစ်လပြည့်တိုင်းတော့ အင်းလေးကို ပြန်ဖြစ်ပါတယ်။ တည်ရဲ့အဘွား လုပ်ငန်းတွေကို သူကူလုပ်ပေးရင် bakery နဲ့ ပန်းဆိုင်ကို မုန့်ဖိုးတွေနဲ့ ဖွင့်ပြီး စီပွားရေလုပ်တယ် ။
ပန်းဆိုင်က စစဖွင့်ခြင်းကတည်းက အောင်မြင်တယ် ။
Bakery ကေတာ့ ၃လလောက်အကြာမှ အောင်မြင်လာတယ်။ ယခုကေတာ့ သီတင်းကျွတ်တော့မယ် သူအင်းလေးကို လပြည့်ညအမှီပြန်ရတော့မယ် ။ တစ်ခါတည်း နန်းတို့ ကြယ်တို့ကိုပါ ခေါ်သွားရမယ် ။ မေမေက သမီးအရမ်းလိုချင်ခဲ့ဖူးတော့ နန်းတို့ကြယ်တို့ကို အရမ်းချစ်တာလေ။ ဖေဖေကတော့ အငြိမ်းစားယူပြီး အင်းလေးက hotel တွေကို ဦးစီးပေးနေတယ်။
တည်ကိုတော့ ရန်ကုန်မှာ လုပ်ငန်းချဲ့ဖို့ သွားခိုင်းခဲ့တယ်လေ ။
............................

တည်ဒီနေ့ သွားနေကြ ဂေဟာလေးတစ်ခုမှာ ကုသိုလ်လုပ်ဖို့ အလျှုလေးလုပ်ခဲ့တယ်။ ဂေဟာနာမည်ကတော့ အေးချမ်းသာတဲ့ ။ နာမည်လေးလိုပဲ အေးချမ်းနေပြီး မိဘမရှိတော့တဲ့ ကလေးတွေအတွက် အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီး တစ်ပင်လိုပဲ ။

တည်တစ်ယောက်ထဲ တစ်နေကုန်ကလေးတွေနဲ့အတူတူနေ ။ အတူတူဆော့ ရေချိုးပေး ။ တည်ဒီနေ့သိပ်ပျော််တယ် ။ အေးချမ်းလွန်းတယ်။ ညနေ၃နာရီလောက်အကြာတော့ တည်လည်း အိမ်ကို ပြန်ဖို့ ကားဆီကို လျှောက်သွားလိုက်တယ်။ နောက်တော့ ကားမောင်းပြီး
အိမ်ပြန်တဲ့လမ်းမှာ ဘယ်ဘက်လမ်းကနေ ထွက်လာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ တည်ကားနဲ့ တိုက်မိမလိုဖြစ်သွားတယ်။ တည်အဲ့လူကို ကားပေါ်က ဆင်းပြီး သွားကြည့်လိုက်တယ်။

ဆိုင်ကယ်က ဘေးကို ချော်ထွက်သွားပြီး သူ့လက်ပြင်က ကြမ်းနဲ့ရိုက်မိသွားတယ်။ အဲ့ဒါကြောင့်
လက်က သွေးသံရဲရဲဖစ်နေလေသည်။

"ဒီမှာကိုယ်တောင်းပန်ပါတယ် "

"........"

"မင်းလည်း ဟွန်းတီးသင့်တယ်လေ "

"......."

"လက်ကတော်တော်လေး... "

"အဆင်ပြေတယ် "

တည်စကားတောင်မဆုံးသေးဘူး သူက ဖြတ်ပြောလိုက်သည်။

"မပြေလောက်ဘူးလို့တော့ ထင်တာပဲ အနီးနားက ဆေးခန်းတစ်ခုကို ကိုယ်သိတယ် မင်းပြသင့်တယ်လို့ထင်တာပါပဲ "

မောင်ပိုင်စည်းပါရစေWhere stories live. Discover now