Part 5 (ZG)🔞

960 2 0
                                    

ညဥ့်နက်နေ့ပြီး ကောင်ကင်ပြင်က ထိန်ထိန်လင်းနေတဲ့ လမင်းလေးကိုကြည့်ပြီး ဝိုင်တစ်ခွက်ကိုင်ထားကာ
ပြုံးနေသည့် လူတစ်ယောက် ။
ထိုလူသည် လက်ထဲမှ အဝါရောင်ကျူးလစ်ပန်းလေးကို ကိုင်ပြီး နမ်းရှိုက်လိုက်ကာ

"ကိုယ်ပြန်လာပြီ "

........................

မနက်ခင်းရဲ့ နေရောက်စူးစူးဟာ တည် မျက်နှာပြင်ပေါ်ကို ကျရောက်နေပြီး မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ လိပ်ကာ မီးခိုးရောင်ညစ်ညစ်လေးကို လေဝဲသည်အတိုင်း ဖြန့်ထားပြီး တံခါးပေါက်ဖြင့် တည်ဆောက်ထားသည့် လသာဆောင် ပေါ်မှာ စီးကရက်သောနေတဲ့ ဟိုအကောင်။

လူကို ခြုံထားတဲ့ စောင်ကလည်း black နဲ့ မွေ့ယာကိုလည်းgray ၊ wallcolour ကလည်း
gray ။ အခန်းကလည်း မသိရင် သရဲရှိတဲ့အခန်းကျနေတာပဲ ။ မဲမှောင်နေရော။
လသာဆောင်ကလာတဲ့ အလင်းကြောင့် အခန်းက မီးထွန်းစရာ မလိုသလိုပဲ မီးအိမ်ကတော့ ကုတင်ဘေးမှာ နှစ်လုံး ရှိသည်။ ဘယ်တစ်ဖက်ညာတစ်ဖက် ။

တည် အိပ်ယာကနေ ထ လာပြီး လသာဆောင်ကို ဝင်သွားလိုက်သည်။ လသာဆောင်ထဲမှာတော့ ဟိုအကောင် မာနတံတိုင်း ။ ထိုင်ပြီး စီးကရက်သောက်နေတာ ။ လူလည်း သူ့အနားရောက်ရော လူကို စီးကရက်ငွေ့တွေ မှုတ်ထုတ်လိုက်တာ အသက်ရှုတောင် ကျပ်တယ်။

အဟွတ်! အဟွတ်!

"မာနတံတိုင်း !!!!!"

သူက ပေစောင်းစောင်းပြန်ကြည့်ကာ

"ဘာလဲ "

ဟ! ဒီကောင်ကတော့ ......

တည် သူ့ကို မကြည့်ဘဲ လှည့်ပြန်သွားတော့
လူကို လက်ဆွဲကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းသည်။
သူတို့နှစ်ယောက် တစ်ဦးကို တစ်ဦး မျက်နှာချင်းမဆိုင်ကြပဲ တည်က သူ့ပေါ်မှီနေရသည်။

"ဘေးမှာထိုင်ခုံရှိတယ် "

"ကျစ်! ထိုင်ခုံပေါ်မထိုင်စေချင်လို့ပေါ့ "

"ဘာလဲ ပြော "

တည် လက်ကို ကိုင်ပြီး

"မနက်ဖြန်လက်ထပ်ရတော့မယ် "

"ဖြတ်လိုက်တော့လေ "

What!!.

"တည်တံ့ ဘာပြောလိုက်တာလဲ "

မောင်ပိုင်စည်းပါရစေWhere stories live. Discover now