သီတင်းကျွတ်လပြည့်ည

262 4 0
                                    

ဒီနေ့သည် သီတင်းကျွတ် လပြည့်ညဖြစ်ပြီး
လူကြီးမိဘများနဲ့ သက်ကြီးရွယ်အိုတွေကို ကန်တော့ကာ ကုသိုလ်ယူကြသည့်နေဖြစ်သည်။

ရန်ကုန်မြို့တွင် တည်နဲ့မာနတို့ နှစ်ဖက်မိဘတွေကို ကန်တော့ ကြမည်ဖြစ်သည်။
နောက်ပြီး ကိုမာနရောင်နီနဲ့ မင်းကမ္ဘာမောင်တို့ လည်း ပါဝင်ကြသည်။

လက်အုပ်ချီကာ နှစ်ဖက်မိဘတွေဖြစ်ကြသည့် ဘွားခွန်းဇက်နဲ့ဘွားထိပ်ထား ၊ မေမေမြခက်နဲ့ ဦးခွန်းလင်းရောင် ။ မင်းကမ္ဘာမောင်၏ မေမေဖြစ်သူ ဒေါ်စေရာရှိန် တို့ကို ဦးချ ကန်တော့ကြသည်။

"ဘုန်းကြီးပါစေ သက်ရှည်ပါစေကွယ် ဒီစုံတွဲတွေလည်း အသက်ဆုံးမြဲတိုင်ထိအောင် ပေါင်းဖတ်ရပါစေ ဘဝတစ်လျောက်လုံး ဘေးမထိရန်မခပဲ အစစအရာရာ မှာ ကောင်းမွန်တဲ့ လူတော်လူကောင်းတွေဖြစ်ကြပါစေကွယ် "

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဘွားဘွား၊ ဖေဖေ ၊ မေမေ ။ "

မာနက ဒေါ်မြခက်ကို

"မေမေ "

"ဟေ "

"မေမေစီးဖို့သား ကားတစ်စီး ဝယ်ပေးထားတယ် မနက်ဖြန်ကျရင် အိမ်ကို လာပို့လိမ့်မယ်နော် "

"မေမေအတွက်က မလိုပါဘူးကွယ် အင်းလေးကန်ထဲ ဘယ်ကကားစီးလို့ရမှာလဲ "

"ဒါဆိုလည်း ဖေဖေပဲ ယူလိုက်တော့လေ နှစ်ယောက်စလုံးအတွက် ကျွန်တော်က ကားတစ်ယောက်တစ်စီးမှာထားတာကို "

"ဟေ "
ဖေဖေက ဤသို့ အသံပြုသည်။

"ဒါဆိုလည်း တီလေးပဲ ယူလိုက်တော့ black နော် "

တီလေးစေရာက
"အေး "

"နီနီ "
ကမ္ဘာက ရောင်နီကို ခေါ်သည်။

"ဘာလဲ "

"နီနီ ဘာလိုချင်လည်း မေးမလို့ပါ နီနီကို ကန်တော့ မလို့ "

"မင်းငါ့ကုမ္မဏီကို တစ်နေ့၁၀လောက်မလာတာက ငါ့ကို ကန်တော့တယ်လို့ သတ်မှတ်လိုက်မယ် "

"နီနီကလည်း "

တည်ကို တော့ မာနက အကောင်းဆုံးသော သီတင်းကျွတ် လက်ဆောင်ဖြင့် ကန်တော့ပြီးညပီးလေ။

မောင်ပိုင်စည်းပါရစေWhere stories live. Discover now