Part 1 (ZG)

1.1K 9 0
                                    

ညည့်နက်နေတဲ့ညလေးတစ်ညမှာ
သီချင်းသံတွေဆူညံနေတဲ့ club တစ်ခုမှာ ကောင်လေးတစ်ယောက်က မိန်းကလေး ၁ ယောက်ကို ပခုံးဖက်ပြီး ပွေ့ဖက်နမ်းရှိုက်နေခဲ့လေသည်။
ဒီကောင်လေးရဲ့ ရုပ်ရည်မှာ ချောမောနေ၍ ပြင်သစ်ရုပ်ရည်ပေါက်သည်။ သူ၏ အရပ်မှာ 6'3"
ရှိ၏ ။ သန်မာထွားကြိုင်းသောခန္ဓာကိုယ်ရှိ၍ သူရဲ့အရပ်နဲ့ခန္ဓာကိုယ်ကြောင့်သူ့ရဲ့ အရှိန်အဝါတွေ ပိုပြီးတောက်လောင်နေသလို သူရဲ့လက်မောင်းသားတစ်ဖက်မှာတော့
Dandelion flower ရဲ့ ပုံသဏ္ဍာန်လေးကို Tattoo ထိုးထားသည်။ အသားအရည်မှာ ဖြူဖွေးနေသည်တော့မဟုတ် အသားရောင် ပုံစံတော့ တောက်တောက်လေးဖြစ်နေသည်။ သူသည် မိန်းကလေးများနှင့် ယောက်ျားလေးများကြားထဲတွင် ရေပန်းစားလှသော မာနအမျိုးအနွယ်ဝင် ဆက်ခံသူ မာနတံတိုင်းပင်ဖြစ်၏ ။

"ကိုကို ချစ်တို့ သွားကြရအောင်လေ "

"ဘယ်ကိုလည်း "
ကောင်မလေး၏ ချွဲပစ်ပစ်အသံကြောင့် တိုင်း မျက်ခုံးကို တွန့်ချိုးပစ်ရင်

"ကိုကိုကလည်းကွာ ဟွန့် ရှက်ပါတယ်ဆို "

"စိတ်မဝင်စားဘူး မင်းအခုလစ်လိုက်တော့ "

ရုပ်တည်တည်နဲ့ပင် ပြောလိုက်သည်။ ဒီကောင်မလေးမှာ တိုင်း၏ အပျော်ရည်းစားတစ်ဦး ဖြစ်၏ ။ တွဲလာတာ ၃ရက်ပင်ကြာသေးသည်။
အခုမှာတော့ အဖြတ်ခံဖို့အတွက် နီးလာလေပြီ

"ကိုကို ချစ်ကို ဘာလို့လစ်ခိုင်းနေတာလဲ!!!
ကိုကိုတစ်ခြားကောင်မလေးတွေနဲ့ ရှုပ်မလို့မလား
ချစ် ခွင့်မပြုလေ "

"နားညီးလိုက်တာကွာ ပိုက်ဆံဘယ်လောက်ပေးရမလဲ ပြော ဘယ်လောက်လဲ လိုက်အာရုံမစားနဲ့ "

"ကိုကို!!!! "
ကောင်မလေး၏အသံမှာ club တစ်ခုလုံးကို ဟိန်းထွက်သွားသည်။ လူအများကလည်း သူတို့ကို ဝိုင်းကြည့်လာကြသည်။

"လမ်းခွဲမပေးနိုင်ပါဘူးကိုကို "

ကောင်မလေး၏အသံမှာ လုံဝကို မှေးမိန်ကျနေလျက် အလျှော့ပေးနေသည့်ပုံပေါက်၏

"အဲ့ဒါက မင်းအပိုင်း "

တိုင်းသူကို အပြတ်ပြောပြီး club ထဲကနေ ထွက်လာခဲ့လိုက်သည်။ နောက်တော့ ကားကို အကြမ်းပတမ်းမောင်းကာ ထွက်ခွာသွားလိုက်သည်။

မောင်ပိုင်စည်းပါရစေWhere stories live. Discover now