"ဒီအတွက် ငါ့ကိုငါအစေခံ လုပ်ပေးရမယ်ပေါ့ မင်းအတွက် "
"Yes ခင်ဗျားဘက်က ရမဲ့ အကျိုးအမြတ်တွေက အများကြီးပါ "
"ငါလက်မခံဘူးဆိုရင်ရော "
ရိုးစွဲက တည်ကို လက်ညိုးထိုးကာ
"ဒီမယ်ခင်ဗျား လက်မခံချင်ရင်တောင် လက်ခံရမှာပဲ
နောက်ပြီး ခင်ဗျား ဦးလေးက ကျုပ်ဆီကနေ နောက်ထပ် ၁ဘီလီယံ ချေးထားတာ ""ဘာ!!!!"
တည်အံံ့ဩလွန်းလို့ ပါးစပ်တောင်မစေ့နိုင်တော့ပါ ဒါဆိုရင် အကုန်လုံးပေါင်းလိုက်ရင် ၃ဘီလီယံ တောင်ပေါ့ ။ ဒီငွေတွေအများကြီးကို သူဘယ်က သွားရှာလို့ရပါ့မလဲ ။
"အဟွန်း! ကျန်နေသေးတယ်နော် နောက်ထပ် ဆေးဖိုးတွေ လည်း ရှိသေးတယ် ကျုပ်ဆီကနေ ခင်ဗျားဦးလေး ယူထားတာ "
သူပြောတဲ့စကားတွေက အမှောင်လောကသားတွေရဲ့ အလုပ်တွေလေ ။ သူကလည်း ဒီလိုလူတစ်ယောက်ဖြစ်နေတာလား ။
ရိုးစွဲကိုသေချာကြည့်နေတဲ့ တည်ရဲ့ စိတ်ထဲ ဘယ်လိုတွေးနေလဲဆိုတာ သူခန့်မှန်းမိပါတယ်။
"ဒါဆိုရင် မင်းက"
တည်သူကိုသေချာကြည့်ပြီးတော့စကားဆက်တုံး သူက
"ဟုတ်တယ် ကျုပ်က ခင်ဗျားတွေးသလို မာဖီးယားတစ်ကောင်ပဲလေ "
"မင်းးး "
တည် သတိလက်လွှတ်ဖြစ်နေစဥ် သူက တည်ကို
ဆွေ့ကနဲ့ ချီသွားပြီး ဘေးနားက အခန်းတစ်ခုကို ခေါ်ဆောင်သွားတယ် အခန်းထဲက ကုတင်တစ်ခုပေါ်ကို ဘုတ်ကနဲ့ကျအောင် တည်ကို ပစ်ချလိုက်သည်။ဘုတ် တည်မှာဖြင့် နာလွန်းလို့ မျက်ရည်တောင်ဝဲသည်။ သူ့အရပ် ကလန်ကလားကြီးနဲ့ ကောက်ချီလာပြီး လူကိုသာသာမချ ။
နောက်တော့သူက တည်မျက်နှာနား သူ့ခေါင်းကြီးကို ငုန့်ချလာပြီး"မင်း ဘာလုပ်! အွတ်! !"
ရိုးစွဲစကားပြောနေကတည်းက သေချာကြည့်နေခဲ့သည်မှာ တည်၏ နီရဲစိုပြေနေသည့် နှုတ်ခမ်းလုံးလုံးလေတွေပင် ။.
ကြည့်လေကြည့်လေ
ပိုပို ကိုက်ချင်အောင် ဆွဲဆောင်နေတဲ့ ခင်ဗျားနှုတ်ခမ်းလေးတွေကိုပဲ ခင်ဗျားအပြစ်တင်လိုက်တော့ တည်တံံ့ ။
YOU ARE READING
မောင်ပိုင်စည်းပါရစေ
Randomရိုးစွဲတံမာန် & တည်တံံ့စိုးစံ Uke က red flag ပါ Seme ကတော့ အရမ်းချစ်တတ်တယ် ပေါ့ ဇာတ်အိမ်ခိုင်ခိုင်ဖြင့်ရေးသားထားသောကြောင့် အပြာစာ မဟုတ်ပါ ။ ဇာတ်လမ်းအရ သာ sex များပါဝင်ပါမည်။ warning. ပါမည် ရိုင်းဆိုင်းသော အပြောအဆိုနဲ့ sex ခန်းများပါဝင်မည်ဖြစ်၍...