ပိုက်ဆံအိပ် လေးကို မှန်တင်ခုံပေါ် ပစ်ချပြီး ခန္ဓာကိုယ်ကို အိပ်ယာပေါ်သို့ ပစ်လှဲလိုက်သည်။
ရင်ထဲကအပူတွေကို လေပူအဖြစ် "ဟူး" ခနဲ့ မှုတ်ထုပ်ရင်းငြိမ်သက်နေလိုက်သည်။
အမြဲတမ်းတက်ကြွနေတဲ့ နှင်းခက်ခက်နွယ် တယောက် သူနဲ့မတူအောင် မပျော်မရွှင်ဖြစ်ပြီး အလုပ်ကနေပြန်လာတာကို မြင်တဲ့ အခန်းဖော် ဝေဝေက မနေနိုင်တော့ဘဲ အခန်းတံခါး သွားခေါက်လေသည်။"ဒေါက် ဒေါက် "
" ခက် ရေ ဝေဝေ ဝင်လာမယ်နော်"
စိတ်မြန်တဲ့ ဝေဝေတယောက် ပြောလဲပြော လက်ကတံခါးကိုလဲတွန်းဖွင့်ပြီး ဝင်လိုက်လေသည်"ဝေဝေ လာလေ ထိုင် "
ဟုပြောရင် ခက် တယောက် ခုံလေးဆွဲးယူပေးလေသည်။
"ခက် ဝင်လာကတည်းက မျက်နှာမကောင်းပါ့လား ယူ့ မမကြီးပွားလိုက်ပြန်ပီလား"
ဝေဝေက မေးသည်ကို ခက် ကပြုံး၍ဘဲနေလိုက်သည်။
ခက် က နာမည်ကြီး မင်းသမီးတယောက်ရဲ့ မန်နေဂျာအဖြစ် အလုပ်လုပ်နေတာ ၄ နှစ်ကျော်နေပီလေ နာမည်ကြီးတွေအများစုရဲ့ ထုံစံအတိုင်း Stress တွေများလာရင် အနီးနားကလူပုံချတတ်ကြတယ်လေ ဒါပင်မဲ့ ခက် ကလိမ္မာပါးနပ်ပြီး အနေအထိုင်တတ်တော့ မမကြီး စိတ်တိုစရာသိပ်မရှိတတ်ဘူးလေး။ ဒါပင်မဲ့ ဝေဝေကတော့ အကြောင်းသိနေသူမို့ ထိုသို့ မေးလိုက်ခြင်းဖြစ်သည်။" ခက် ပြုံးမနေနဲ့လေ ဝေဝေမေးတာဖြေပါဦး "
ဟု ဝေဝေကဆက်မေးလေသည်" ခက် အလုပ်ထွက် ခဲ့တာပါ ဝေဝေ"
ဟု ပြန်ဖြေလိုက်သည်၊ ဝေဝေက ခက်ထက် 5 နှစ်လောက်ကြီးပင်မဲ့ သူငယ်ချင်းလိုဆက်ဆံရေးဆိုတော့ နာမည်ဘဲတတ်ခေါ်ကြသည်။
" ဟယ် ဘယ်လိုဖြစ်ရတာလဲ ခက် ရယ် "
ဝေဝေက အံအားသင့်စွာမေးရင်း ဝေဝေ အံအားသင့်ပါသည် ခက် ကဒီအလုပ်ကို သိပ်သဘောကျသည်မဟုတ်လား သူများတွေက မင်းသမီးခိုင်းဖက်လို့ ဆိုပင်မဲ့ ခက် ကအလှုပ်ရှုပ်ပြေးလွှားနေရပြီး အရှုပ်တွေကိုရှင်းတဲ့နေရာမှာတော်တယ်လေ ဒါကြောင့်လဲ အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ အနုပညာနယ်ပယ်က မန်နေဂျာတွေထဲမှာ နာမည်ကြီးလေသည်။ အလုပ်ကို အရမ်းသဘောကျပြီး ကြိုးစားတတ်တဲ့လူက အလုပ်ထွက်တယ်လို့ပြောခြင်းကို မအံဩာဘဲနေပါ့မလား။
YOU ARE READING
မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love
Romanceပြည့်မရတဲ့ ဆုတောင်းတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့ကွယ် ဥပမာ- အိမ်ထောင်ရှိတဲ့ ကျွန်မက ကိုယ့်ထက် အသက် 20 ကျော် ငယ်တဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ချင်တာမျိုးပေါ့ ဒေါ်မြဝန်းအိမ် ညလေးတစ်ည အဲ့ဒီ့ညလေး ကြောင့်နဲ့ ကျွန်မသည် ထိုအမျိုးသမီးအပေါ် ကိုယ်၊စိတ်၊နှလုံး သုံ...