မြရဲ့ ပြင်ဦးလွင်က အိမ်လေးထဲကို ရောက်ရောက်ချင်း ကားပေါ်ကဆင်ကာ အပေါ်ထပ်သို့ တက်သွားပြီး ခက် ပစ္စည်းများတွေသိမ်းနေလိုက်တယ်။ မကြားခင် ငွေခိုင်က ခက်နောက်ကိုပြေးလိုက်လာတယ် မမမြက ခက်လာရင် ဘယ်မှမသွားဘဲစောင့်နေဖို့ ပြောလိုက်တယ်တဲ့ ခက် တကယ်နားမလည်တော့ပါ ထိုအမျိုးသမီး ဘာတွေလုပ်နေလဲ နားမလည်နိုင်တော့ပါ။ ပြီတော့ ခက် ကရောဘာတွေလုပ်နေတာလဲ? ခက် ကသူများအိမ်ထောင်ရေးကို ဖျက်စီးမိနေပြီလား၊ ခက် အမှားတွေဆက်တိုက်လုပ်နေမိပြီ ခက် မြကိုရော အိမ်ထောင်ရေးဖောက်ပြန်သူ အဖြစ်မခံနိုင်ဘူး။ ဒါဆို ခက် ဘာကြောင့် မြကို တွေ့ဖို့နေဦးမှာလဲ၊ ခက် လည်းဘယ်သူ့ကိုမှ နှုတ်ဆက်မနေဘဲ ထိုနေရာကနေ ထွက်လာခဲ့လိုက်မိတယ်။ ရန်ကုန်ကို ပြန်တဲ့လမ်းတလျှောက် ခက် ရူးမတတ်တွေးနေမိတာ တစ်ခုတည်းပါ မြ ကိုဘယ်လိုမေ့ရမလဲ ဆိုတဲ့အကြောင်းပေါ့။ ဒါနဲ့ မြကရော ... မြ လည်းခက်ကို မေ့နိုင်မှာပါလေ။ မြ ဖက်က ဘယ်လိုဘဲ ဆုံးဖြတ်ပါစေ ခက် ကတော့ မသိချင်တော့ပါ။ ခက် ကိုရွေးချယ်လိုက်ရင်တောင် ခက်နဲ့မြ ဘဝဟာ အကွာကြီးကွာတယ်၊ မြ အသိုင်းဝိုင်းထဲကို ခက်မဝင်ရဲပါ။ ခက်ကို ငွေမက်လို့ မြနားကပ်တယ်လို့လဲ အပြောမခံနိုင်ပါ။ ခက် မြကို တောင်းပန်ချင်ပါသည် မြရဲ့ ဘဝထဲကို သတ္တိမရှိဘဲ ဝင်ရှုတ်မိလို့ပါ။တကယ်နှာဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရတော့ ခက်ဟာ ထွက်ပြေးဖို့ဘဲ တတ်နိုင်ပါသည်။ ခက် တို့ထပ်မတွေ့တော့ရင် အရာရာဟာ ပုံမှန်ဖြစ်သွားမှာပါ။ ခက် မြကိုချစ်တယ် ဒါပင်မဲ့ ခက်ရဲ့ အချစ်ကြောင့် မြကို လူမှုရေးဖောက်ပြန်သူဆိုပြီး စွတ်စွဲးတာကို မခံနိုင်ဘူး။ ခက် ဆုံးဖြတ်ချက်ကတော့ မြ အနားကနေ အဝေးကိုထွက်သွားဖို့ပါ...
-----------
မြ က သူ့အမျိုးသားကို။ ကိုကောင်းသန့် ဟုနာမည် အပြည့်အစုံခေါ်သည်။ ဦးကောင်းသန့်က မြ ထက်အသက် ပိုကြီးသည်။ မြ နဲ့ ဦးကောင်းသန့် ဟာ အိမ်ထောင်သက် 10 နှစ်သာရှိသေးသည်။ မြ အသက် 40 နားကပ်မှ လက်ထပ်ခဲ့ကြသည်။ ချစ်လို့ ကြိုက်လို့ လက်ထပ်ခဲ့တာမျိုး မဟုတ်ပါ။ တစ်သက်လုံး ခေါင်းထဲမှာ စီးပွားရှာဖို့ဘဲရှိတဲ့ မြပါ။ ဘဝမှာ ပထမဆုံး ရင်ခုန်ဖူး၊ချစ်ဖူးတာ ခက် တစ်ယောက်တည်းပါ။ ဘာကြောင့် လက်ထပ်ထားသလဲဆိုရင် စီးပွားရေးကြောင့်ပေါ့ ရှယ်ယာတွေပေါင်းပြီး ရှယ်ယာအများဆုံး ပိုင်ရှင်စုံတွဲးအဖြစ်နဲ့ company ရဲ့ CEO နေရာကိုယူထားကြသည်။ တခြား project တွေကို ရှယ်ရာများရှင်၊ CEO အနေဖြင့် လွတ်လပ်စွာ အကောင်ထည်ဖော်နိုင်ပြီး အိမ်ထောင်သက် 10 နှစ်အတွင်းမှာ စည်းစိမ်တွေဟာ ဒီရေအလား တိုးတက်ခဲ့ရသည်။စီးပွားရေးဆန်သော လက်ထပ်ခြင်းတစ်ခုကြောင့် ဦးကောင်းသန့်ဟာ မြ အပေါ်ကို အခွင့်ရေးမယူဘဲ ညီမငယ်တစ်ယောက် သဖွယ် ဂရုစိုက်ပေးပါသည်။ အိပ်ယာတစ်ခုတည်း အတူအိပ်ပင်မဲ့ မြကို လက်ဖျားနှင့်ပင်မထိပါ။ အလုပ်ကိစ္စကြောင့် ပွဲးတက်ရတဲ့အခါမျိုးတွင် မြကို လက်ကိုင်ခြင်း၊ ပခုံးဖက်ခြင်း၊ ပါးသို့နမ်းခြင်း ဒါလောက်သာပြုမှုပါသည်။
ဒါပင်မဲ့ လက်ထပ်ပြီး 3 နှစ်အကြာမှာ ဦးကောင်းသန့်ရဲ့ Dark side ကိုသိလာခဲ့ရတယ်။ ဦးကောင်းသန့်ဟာ တပါးသူ နာကျင်မှုကို အရသာခံချင်သည့် ထူးခြားသော လိင်စိတ်ဆန္ဒရှိသည်။ သူ့ဆန္ဒကို အပြင်မှာ ဝါဿနာတူသူ ဒါမှမဟုတ် ကျွမ်းကျင်သူတွေကိုငှားကာ ပျော်ပါသော်လည်း၊ အချိန်ကြာတော့ သူစိတ်မပျော်တော့ပါ။ မြ ကိုပွင့်ပွင့်လင်းလင်း ဝန်ခံ၍ အကူအညီတောင်းခဲ့သည်။ သူပြောပြတာတွေနားထောင်ရင်း မြ စိတ်ဝင်စားသဖြင့် စမ်းလက်ခံမိလိုက်တယ် ဒါပင်မဲ့ မြ မပျော်ပါ လုံးဝ မပျော်ပါ မပျော်သော်လည်း မြသည်းခံပေးမိသည် ဦးကောင်းသန့်ကတော့ မြ လိုအရိုင်းလေးနဲ့မို့ သူဆန္ဒတွေဟာ လိုတာထက်ပိုပြည့်ပြီး မြ ကိုကျေးဇူး အထပ်ထပ်တင်နေသည်။ ကျေးဇူးတင်သော အနေဖြင့် မြ လုပ်လိုသော project အားလုံးကို ဦးကောင်းသန့် ဆီမှအပြည့်အဝ ထောက်ခံပေးမှုဖြင့် လွယ်လင့်တကူလုပ်ဆောင်နိုင်ခဲ့သည်။ တဖြည်းဖြည်းမြဟာ အဿပြာမယ် ဖြင့်တူလာသဖြင့် ကိုယ့်ကိုကိုယ်ရွံလာသည်။ ဒါကြောင့် ဦးကောင်းသန့်ဖြင့် အိပ်ယာခွဲးကာ ခြံထဲတွင် အိမ်လေးသီးသန့်ဖြင့်သာ နေလိုက်တယ်။တခြားနေရာမှာ အိမ်ခွဲးနေလိုက်ရင် အိမ်ထောင်ရေး အဆင်မပြေသည်ထင်၍ CEO နေရာကို လိုချင်နေသူများဖြင့် တိုက်ခိုက်နေရမည်စိုးသဖြင့် အခုလိုသာနေလိုက်သည်။ တကယ်တော့ မြတို့အိမ်ထောင်ရေးဟာ ရှယ်ယာတွေသာ လက်ထပ်ထားတဲ့ အခွံပါ။ သို့သော် ဦးကောင်းသန့်ဟာ မြ အပေါ် တစ်ခါတစ်ရံ အလိုမတူဘဲ သခင်နေရာသို့ ရယူလာနေသည်။ မြ သည်းခံ၍သာနေလာရလေသည်။ အခုတော့ သည်းခံစရာ မရှိတော့ပါ။ အရင်က နှစ်ယောက်သာ ကွာရှင်းလိုက်ရင် မြအားစိုက်ထုပ်ထားသမျှ လုပ်ငန်းတွေကိုပါ ဦးကောင်းသန့်ကိုခွဲးပေးရလိမ့်မည်။ လင်မယာဖြစ်လို့ တယောက်တစ်ဝက် ဆိုပင်မဲ့ ပိုင်ဆိုင်မှုရဲ့ 80% ကမြဟာတွေပါ။မြတို့လို ပိုင်ဆိုင်မှုများပြားလွန်းတဲ့သူတွေဟာ တရားရင်ဆိုင်ရင် သူများတွေထက်ပိုကြာနိုင်သည် နှစ်ချီ၍ကြာနိုင်လေသည်။ မြ ကငွေကြေးဆုံးရှုံးမှုထက် တရားခွင်ကို အလုပ်ရှုပ်ခံပြီး မသွားလိုတာကြောင့် ကွာရှင်းဖို့မလုပ်ခဲ့တာပါ။ အခုတော့ ခက် ကိုချစ်တဲ့စိတ်ကနေ မြ အတွက်သတ္တိတွေရလာသည်။ ငွေကြေးဆုံးရှုံးဦးမလား ရှုံးစမ်းပါစေ မြဝန်အိမ် ဆိုတဲ့မိန်မဟာ သုညဘဝကနေတောင် ပြန်စရဲလောက်သည်ထိ ရဲရင့်လာသည်။ ဘာကြောင့်လဲဆိုတော့ အချစ်ကြောင့်ပါ။ အသက် 50 နီးမှပထမဆုံး ရှာဖွေတွေ့ရှိသွားတဲ့ အချစ်တစ်ခုကြောင့်ပေါ့။ ခက်ကိုလည်း မိမိကဲ့သို့ ရဲရင့်နေလိမ့်မည်ဟု ယုံကြည်ထားလိုက်သည်။
YOU ARE READING
မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love
Romanceပြည့်မရတဲ့ ဆုတောင်းတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့ကွယ် ဥပမာ- အိမ်ထောင်ရှိတဲ့ ကျွန်မက ကိုယ့်ထက် အသက် 20 ကျော် ငယ်တဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ချင်တာမျိုးပေါ့ ဒေါ်မြဝန်းအိမ် ညလေးတစ်ည အဲ့ဒီ့ညလေး ကြောင့်နဲ့ ကျွန်မသည် ထိုအမျိုးသမီးအပေါ် ကိုယ်၊စိတ်၊နှလုံး သုံ...