Respect to Love EP 4 မြတ်နိုးခြင်း မှ ချစ်ခြင်း သို့

750 44 2
                                    

ဘာလိုလိုနဲ့ ခက် မမဆီမှာ အလုပ်လုပ်တာ 6 လပြည့်တော့မယ်၊ လိုတာထက်ပို၍ အေးစက်သော လင်မယား ဆက်ဆံရေးနဲ့ သားသမီးမရှိတာကလွဲး၍ မမသည် အလွန်ပြည့်စုံသည်၊ ပျော်ရွှင်နေသည်။ ဒါက ခက်ရဲ့ မမမြအပေါ်အမြင်‌ပါ ဒီအဖြစ်အပျက်ကြီးကို ခက် မသိခင်အထိပေါ့။ အဲ့ဒီ့နေ့က အရင်နေ့တွေလိုပုံမှန်ပါဘဲ ခက် ကမမရဲ့ အလုပ်တွေကိုလုပ်ပေးရတဲ့သူမို့ ခက် off ရက်တွေက မမဘဲသတ်မှတ်ပေးလို့ရတာမျိုးပါ။ မမ ဆီက off day message မရထားသ၍ ခက်က အလုပ်ကိုလာနေရမှာပါ။ မနက်ပိုင်းကနေစ၍ မမနဲ့မတွေ့ရသေးဘူး ရုံးရောက်မှတွေ့ဖို့ပြောထားကြသည် ခက် ရုံးရောက်ကြောင်း မမကိုစာပို့ထားလိုက်သည် reply တော့မရ မမနေများမကောင်းလို့လား စိတ်ပူမိသည်။ မအားဘူးထင်၍ ဖုန်းတော့မခေါ်မိပါ။ တနေ့လုံး ‌ပြေးလွှားနေရသည် ဒါပင်မဲ့ စိတ်ကတော့မမဆီကိုသာရောက်နေသည်။ ညနေပိုင်းကို မမဆီသွားမည်ဟု စဉ်စားထား၍လား မသိညနေကိုမရောက်နိုင်ဘူး။
" ခက် ရေ ခဏနေပါဦး "
Copy ကူးရမဲ့ စာရွက်တွေ အထပ်လိုက်နဲ့ရှုပ်နေခက်ကို ဝေဝေကနောက်မှလှမ်းခေါ်လိုက်သည်
"ဝေဝေ ပြောလေ"
"ခက်ရယ် မိတ္တူကူးတာလောက်ကတော့ တခြားသူကိုခိုင်းလို့ရပါတယ် ခက်ရဲ့"
"အင် ကြာမှာစိုးလို့ ‌ဟီး ညနေခက် မမဆီသွားမလို့အမြန်လက်စသတ်နေတာ အဲ့ဒါ ခက် အိမ်ပြန်နောက်ကျမယ်နော် ဝေဝေ"
"ရတယ် ခက် ‌"
ဟုပြောရင် ဝေဝေ တခုခုကို စဉ်စားနေပုံရသည် ပြီးမှ "ခက် မမမြက မနက်ကတည်းကရုံးမလာတာနော် "
"ဟုတ်တယ်ဝေဝေ"
" မမမြ ဖျားနေလားမသိဘူး သူက အာ့လိုအကြောင်းမရှိပျက်ရင် ဖျားလို့ဘဲရယ် အနည်းဆုံး 4/5 ရက်လောက် နားတတ်တယ်"
"ဟုတ်လား ခက်သွားကြည့်ပါဦးမယ် ဝေဝေရယ် " ဟုပြောရင် လုပ်လက်စတွေ မြန်မြန်လက်စသတ်နေတော့သည်။ ခက် နေ့လည်စာပင်မစားနိုင်တော့ပေ မမဆီကိုသာသွားချင်နေမိသည်။
( ငါ အရမ်း over များဖြစ်နေသလား၊ ကိုယ့်အလုပ်ရှင်ကိုစိတ်ပူတာက သူများတွေထက်ပိုနေသလိုဘဲ၊ မဟုတ်ပါဘူး ငါက မမရဲ့ အနီးဆုံးကဝန်ထမ်းမို့ အရမ်းအာရုံစိုက်မိနေတာပါ)
ခက် တယောက်ထဲ ကိုယ့်အတွေးကို ကိုယ်ဖြေရှင်းနေရသည်။

ခက်ရုံးကနေစောပြန်လာခဲ့သည် မနက်ကတည်းက ပို့ထားတဲ့ message ကို ညနေထိ မမဝင်မကြည့်ပါ၊ ခက်အရမ်းစိတ်ပူနေမိသည်။
မမ ရဲ့ အိမ်ရှေ့ရောက်တော့ bell လေးကိုတီးလိုက်သည် ဘာတုံ့ပြန်သံမှမကြားရ
မမ အိမ်မှာမရှိဘူးလား မမ အိမ်မှာမရှိရင်တောင် အိမ်က လူတယောက်ယောက်ကတော့ တံခါးဖွင့်ပေးနေကျမလား ဘာလို့ ဒီနေ့မှထူးခြားတိတ်ဆိတ်နေရတာလဲ ခက် တယောက်ထဲတွေးနေမိသည် ခြံဘေးနားက မမ အိမ်လေးဆီတန်းရောက်တဲ့ တံခါးပေါက်လေးဆီသွားလိုက်သည် ခက်ကိုလည်း မမက fingerprint လေးလုပ်ထားပေးသည်မို့ အလွယ်တကူဖွင့်ဝင်လိုက်လေသည်
"မမ " ခက် အိမ်လေးထဲမှာခေါ်နေမိသည် ဘာသံမှပြန်မကြားရ အပြင်များ သွားနေသလားလို့ မမရဲ့ ဖုန်ကိုခေါ်လိုက်သည် .......
အိမ်ရှေ့ဖက်က မမစာဖတ်နေကျ ခုံလေးပေါ်မှာ မမရဲ့ ဖုန်းလေးအသံမည်နေသည်
"မမ ဖုန်ကျန်ခဲ့တာလား " ခက် တစ်ယောက်တည်းရေရွတ်ရင်း ဖုန်းလေးကိုဖွင့်ကြည့်လိုက်တယ် မနက်ကတည်းက ခက်ပို့ထားတဲ့စာတွေ ခုထိဝင်မကြည့်ရသေးဘူး ဒါဆို မမ မနက်ကတည်းက အိမ်မှာမရှိတာပေါ့ ဒါဆို အိမ်ကလူတွေကရော ဘယ်ရောက်သွားကြတာလဲ၊ မမမြ အိမ်မှာ လုံခြုံရေး 2 ယောက်၊ ဥယဉ်မှူး 1 ယောက် ၊ ထမင်းချက် 2 ယောက် ၊ ခြံသန့်ရှင်းရေး နှင့် အိမ်အကူက 3 ယောက်၊ မမမြ တို့လင်မယားအတွက် Driver 2 ယောက်ရှိသည်။ ထိုလူတွေ တယောက်မှကို မတွေ့‌ရဘူး အမြဲတမ်း လူသံ အလုပ်လုပ်သံ‌တွေကြားနေရတဲ့ အိမ်က ဘယ်သူမှမရှိ တိတ်ဆိတ် ခြောက်ကပ်နေတော့ ခက်တစ်ယောက်တည်း ဝင်လာသလိုဖြစ်နေပီမို့ ပြန်ထွက်ဖို့ လှည့်အထွက် "ဟင့်...ဟင့်...ဟင့်" စာကြည့်ခန့်ဖက်က ငိုသံကြားလိုက်ရသည် ရုတ်တရက်မို့ ခက် အရမ်းလန့်သွားမိသည် ကြည့်နေတုန်း စာကြည့်ခန့်တံခါးဖွင့်လိုက်သံကြားရသည် ငိုသံ ရော ခြေသံရော ကြားရပြီး မကြာခင် ခက် ရောက်နေတဲ့ မမ အိမ်လေးရဲ့ တံခါးလေးပွင့်သွားသည်
အို...ဘုရားရေ မမပါ့လား ပြိုတော့မဲ့ မိုးလို မျက်ဝန်းလေးထဲမှာ မုန်းတီးနာကျင်မှုတွေ အတိုင်းသားပေါ်နေသည်။ အပွင့်သေးသေးလေးတွေနဲ့ အရောင်နုသော ဂါဝန် လက်ရှည်လေးကိုဝတ်ထားပီး ယိုင်နဲ့နဲ့ ခန္ဓာကိုယ်လေးကို ဘေးကနံရံပေါ်မှီရင် မျက်ရည်တွေနဲ့ ခက်ကိုကြည့်နေသည်။ ကူကယ်ရာမဲ့သော ကလေးငယ်ပမာ ငြိမ်သက်နေသည်။
အမြဲတမ်း တက်ကြွပျော်ရွှင် ထက်မြတ်နေတဲ့ လူတယောက်ကို သူ့ရဲ့ ကိုယ်ရောစိတ်ရောအားအနည်းဆုံး အချိန်ကို မြင်တွေ့လိုက်ရတော့ ခက် သည် မမကို အရာအားလုံးဆီကနေ ကာကွယ်ပေးချင်မိသည် မမရဲ့ စိတ်နှလုံးမချမ်းမြေ့မှုတွေကို မျှဝေရင်း နွေးထွေအောင် ထွေးပိုက်ထားချင်မိသည်။ မမရဲ့ နှုတ်ခမ်းထောင့်လေးမှာ သွေးတွေထွက်နေပြီး တုန်ရီနေတဲ့ နှုတ်ခမ်းလေးကို နမ်းရှိုက်ချင်မိသည်။ မမနဲ့ အကြည့်ချင်းဆုံလိုက်တဲ့ ဒီခဏတာ အခိုက်အတန့်လေးမှာ ခက်ရဲ့ မသိစိတ်သည် လုံဝကြောက်စရာကောင်းလောက်အောင်ပေါ်လာသည် ခက် ကိုယ့်ကိုကိုယ်ဖုံးကွယ် လိမ်ညာထားတဲ့ ခံစားချက်တွေ အတားစီးမရှိ ခက်ရဲ့အတွေးထဲပြေးလွှားနေမိသည်။ အတွေတို့နှင့်အတူ ခန္ဓာကိုယ်သည် လျှင်မြန်စွာလှုပ်ရှားမိတော့သည် မမရဲ့ အနားထိတိုးကပ်သွားပြီး မမရဲ့ လက်မောင်းလေးကနေဆွဲးပြီး  ခက်ဖက်ကိုကပ်လိုက်သည် ယိုင်နဲ့နေသော ခန္ဓာကိုယ်လေးသည် ခက် ရင်ခွင်ထဲသို့ အပုံလိုက်ကလေးပြိုကျလာသည်။ မမသည် ခက်ရဲ့ ရင်ခွင်ထဲတွင် ရှိုက်ငိုနေသည် ခက် က မမရဲ့ ဆံပင်လေးကို ဖွဖွလေး ပွတ်သပ်ပေးရင်း " မမ ဘားမှမဖြစ်ဘူးနော် ငိုချလိုက် ခက် ကိုရှိတယ်လို့မတွေးဘဲ ငိုချလိုက်နော် " ဟု တတွတ်တွတ်ပြောရင်း ခက်ရင်ထဲက နာကျင်လွန်း၍ မျက်ရည်များပင်စီးကျနေတော့သည်။
" တို့ကို ဒီကနေ အမြန်ခေါ်ထုပ်သွားပေးပါနော်"
တိုးတိတ်စွာတောင်းဆိုမူလေးကို ဘာမေးခွန်းမှမထုတ်ဘဲ ပိုက်ဆံအိပ်ရယ် မမကိုလူတွေမမြင်စေချင်လို့ မျက်မှန်အနက်ကြီးနဲ့ဦးထုပ်အဝိုင်းကြီးကြီးပါယူ၍ ဝတ်ပေးလိုက်သည် ပြီးတော့ မမရဲ့ လက်ကလေးကို နူးညံနွေးထွေစွာ ကိုင်ရင် ထွက်ခဲ့လိုက်လေသည်။
.........................

မြ ဒီနေ့ အိမ်မှာ လုပ်စရာတွေများနေလို့ နောက်ကျမှ company ကိုသွားဖို့ စီစဉ်ထားသည်မို့ ခက် ကိုလာမကြိုခိုင်းဘဲ ရုံးရောက်မှတွေ့ဖို့ ချိန်းထားလိုက်သည်။ အိမ်ရှေ့ဖက်က စာဖတ်တဲ့ခုံလေးမှာထိုင်းရင်း အလုပ်ကိစ္စတွေလုပ်နေမိသည် ကလောမှာ ဝယ်ထားတဲ့ခြံတွေကို Hotel ဆောက်ဖို့ ဒီဇိုင်းတွေလေ့လာနေသည်။ ထိုစဉ်း အိမ်ကူ အဒေါ်ကြီးက လာခေါ်လေသည် "မမြ Breakfast စားဖိုး ဆရာကြီးက ခေါ်ခိုင်းလိုက်ပါတယ်" မမတို့ အိမ်မှာရှိတဲ့ အလုပ်သမားတွေအားလုံးသည် ဦးကောင်းသန့်ကို ဆရာကြီး ဟုသာခေါ်ကြလေသည်။ " ok လာခဲမယ်နော် " ဟုပြောရင်း ညအိပ်ဝမ်းဆက်လေးကို အပွင့်သေးသေးလေးတွေနဲ့ အလှဆင်ထားတဲ့ ပန်းနုရောင် ဂါဝန်လေး နဲ့ လဲဝတ်လိုက်သည်။ မြ အိမ်အပြင်ရောက်တော့ အိမ်မှာရှိတဲ့ လူတွေအကုန်လုံး အပြင်ထွက်နေတာတွေ့လိုက်ရသည် မြ မျက်နှာပျက်ကာမေးမိသည်။
" အားလုံး ဒါဘယ်သွားကြမလို့လဲ " လူတိုင်းမျက်နှာက ပြုံးပျော်နေကြသည် မပျော်နိုင်သော ဝမ်းနည်းမျက်နှာနှင့် အိမ်အကူကြီး ဒေါ်နု က "ဆရာကြီးက မုန့်ဖိုးပေးပြီး ဒီတနေ့လုံး ညနေအထိ အပြင်သွားလည်ဖို့ နားရက်ပေးလိုက်လို့ပါ မမြ" ဟု ဝင်ပြောလေသည်။ ဒီအိမ်ကြီးမှာ 10 နှစ်ကျော်အလုပ်လုပ်လာတဲ့ ဒေါ်နု သည် ကိစ္စအားလုံးကို နောက်မှရောက်လာကြတဲ့ ဝန်ထမ်းတွေထက်ပိုသိသည်။ ဒါကြောင့် အပြင်ထွက်လည်ရသည်ကိုမပျော်‌ပါ စိတ်မကောင်းဖြစ်သည့် မျက်နှာဖြင့် မြ ကိုသာစိုက်ကြည့်နေမိသည်။
မြ က တစ်ခုခုကိုရင်ဆိုင်ရတော့မည်ကို ကြိုသိ၍ စိတ်ပိုင်းဖြတ်ထားသော လေသံ မျက်နှာထားဖြင့်
" သွားစရာရှိတာ ဂရုစိုက်ပြီး သွားကြပါ " ဟု အားလုံးကို နုတ်ဆက်ပြီး အိမ်ကြီးထဲသို့ဝင်လာလေသည်။ အိမ်ထဲမှာ မြကို ထိုင်စောင့် နေတဲ့ ဦးကောင်းသန့်ဟာ မြကို breakfast အတူစားဖို့အတွက်ဘဲစောင့်နေသည် မဟုတ်ပါ။ တကယ်တော့ ဒီ အိမ်ကြီးဟာ မြအတွက် လွတ်လမ်းမရှိတဲ့ ငရဲခန်းကြီးပါ။ ဒီလူဟာ မြ ရဲ့ လွန်ဆန်လို့မရတဲ့ သခင်ပါ။ မြ ကလဲ ဒီလူအတွက် စိတ်အပန်ဖြေရတဲ့ ကျွန် တယောက်ပါ။

အားရှိအောင်လို့ vote ပေးကြ‌ဦးနော်။ ငယ်လေးတို့ရဲ့ comment လဲ မျှော်နေပါတယ်နော် 🥺

မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love Where stories live. Discover now