ခက် တောင်တက်လမ်းတွေကို ဂရုစိုက်မောင်းနေရလို့ ဘေးကအမျိုးသမီးလေးကို မကြာမကြာလှမ်းကြည့်ဖြစ်တယ် နှစ်ခြိုက်စွာ အိပ်ပျော်နေလေရဲ့၊ ပင်ပန်းလို့ဖြစ်မယ် လို့တွေးပြီး ကားကို သာအာရုံစိုက်မောင်းလေသည်။ GPS မှာလည့်ထားတဲ့လိပ်စာကိုရောက်တော့ မမ ကားမှန်းသိသဖြင့် ခြံတံခါးကိုလူတစ်ယောက် လာဖွင့်ပေးလေတယ်။ ခက် မြကိုနိုးဖို့ ကြည့်လိုက်သော်လည်း မနိုးရက်လို့ မြ ထိုင်တဲ့ဖက်က တံခါးကိုဖွင့်ပြီး ပွေ့ချီလိုက်မိတယ်။ နိုးသွားပင်မဲ့ ကျေနပ်ပြုံးလေး ပြုံးလျှက် ခက် ပခုံးလေးကို အလိုက်သင့်လေး ပြန်ဖက်ထားလိုက်မိတယ်။ ခြံစောင့် ဦးလေးကြီးကတော့ ထိုမြင်ကွင်းကို နားမလည်စွာ ကြည့်နေလေရဲ့။
"ဦးဘမော် ကားထဲကပစ္စည်းတွေနေရာ ချထားပေးပါဦးနော်"
ခက် ရင်ခွင်ထဲက အမျိုးသမီးလေးရဲ့ အသံလေးပေါ့။ အပေါ်ထပ် တစ်ခုလုံး အဖြူရောင်ကိုသာ သုံးထားတာ သတိထားမိတယ်။ လိုက်ကာ၊ နံရံ၊ပြတင်းပေါက်၊ အိပ်ယာ အားလုံးအဖြူရောင်ပါ။ အပေါ်ထပ်ရဲ့ လသာဆောင်ဘေးက အခန်းမှာ စန္ဒရားကြီး ချထားလေးရဲ့။ အိမ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ မြင့်မားတယ်။
"မာမီ အိပ်နေဦးနော် မောင် ညနေစာလေး စီစဉ်းပါရစေ"
"မောင် မာမီ့ အနားဘဲနေပါ့လား ဟင်..."မျက်နှာငယ်လေးဖြင့် သနားစဖွယ် ချွဲးလာသောအမျိုးသမီးလေးကို ဘယ်သတ္တိဖြင့် ငြင်းနိုင်ပါ့မလဲလေ.. ဘေးနားလေး လဲနေလိုက်ပြီး အိပ်ပျော်အောင် ခေါင်းကို ဖွဖွလေး နှိပ်ပေးနေလိုက်တော့တယ်။ .....
မြ အိပ်ပျော်သွားမှ ခက် ရေးချိုးပြီး အောက်ဆင်းကာ ညနေက ဝယ်လာတဲ့ ချက်စရာတွေ ရေခဲသေတ္တာထဲ ရောက်နေလို့ ဟင်းချက်ဖို့ ပြင်နေလေသည်။ ခက်က ခရမ်းရင့်ရင့် ကြိုးတစ်လုံး ဂါဝန်း ခြေမျက်စိထိ အရှည်လေးကို ဝတ်ထားလိုက်တယ်။ ပခုံးကျော်ကျော် ဆံနွယ်ခွေခွေ လေးတွေကို ညှပ်ကလစ်အကြီးဖြင့် ကပို့ကရို့ညှပ်ထားလို့ baby hair တွေက ဝဲကျနေလေတယ်။ ထူးထူးခြားခြား အလှကတော့ အမြဲတမ်း နှုတ်ခမ်းနီကို အဖျော့လေးတွေဆိုတဲ့ ခက်က မြမှန်တင်ခုံပေါ်က မြဆိုးလေ့ရှိတဲ့ ခမ်မှိုင်းမှိုင်းအနီရောင်ကို ထင်းနေအောင်ဆိုးထားလေသည်။ Apron လေးဝတ်ထားပြီး ချက်ပြုတ်
နေပုံမှာ Lavender🪻လေးတစ်ခက် လေနှင့်အတူ ဝဲနေပုံပင်။ ဒီမြင်ကွင်းကို မျက်ရည်လေးဝဲပြီး နောက်ကနေရပ်ကြည့်နေသူမှာ ခက် ရဲ့ သဲညှာလေး မြ ပါ။
ခက် နောက်ကိုလှည့်ကြည့်တော့ မျက်ရည်အဝိုင်းသားနဲ့ အမျိုးသမီးလေးကိုမြင်တော့ လန့်သွားမိတယ်။ မြ ကအညိုရောင် ပါတိတ်ဝမ်းဆက် လေးကိုဝတ်ထားပြီး ဆံထုံလေးထုံးထားလေသည်။
" မာမီ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား"
အပြေးလေး မြဆီသွားရင်း နှာဖူးလေးကို စမ်းကြည့်ရာအဖျားလဲ မရှိပါ။ ခက် ရဲ့လက်ကို ဖမ်းဆွဲးပြီး ခက် ရင်ခွင်ထဲသို့ ဝင်လိုက်၏။ ရှိုက်သံတို့ဖြင့် ငိုနေပြန်ပြီ။
YOU ARE READING
မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love
Romanceပြည့်မရတဲ့ ဆုတောင်းတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့ကွယ် ဥပမာ- အိမ်ထောင်ရှိတဲ့ ကျွန်မက ကိုယ့်ထက် အသက် 20 ကျော် ငယ်တဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ချင်တာမျိုးပေါ့ ဒေါ်မြဝန်းအိမ် ညလေးတစ်ည အဲ့ဒီ့ညလေး ကြောင့်နဲ့ ကျွန်မသည် ထိုအမျိုးသမီးအပေါ် ကိုယ်၊စိတ်၊နှလုံး သုံ...