Viber ကနေ မမပို့လိုက်တဲ့ လိပ်စာအတိုင်း ခက် လာခဲ့လိုက်တယ် အိမ်နံပတ်လေးရှာနေတဲ့ ခက် တယောက် ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး Sunday လိုပိတ်ရက်ကြီးရဲ့ မနက်ပိုင်း 8:30Am က တိုက်အကြီးကြီးတွေကြားထဲ အူကြောင်ကြောင်ဖြစ်နေမိသည် ဟော တွေ့ပါပြီ မမရဲ့ အိမ်နံပတ်လေး တရပ်ကွက်လုံးထဲမှာ အထူးခြားဆုံးအိမ်ကြီးပါ 2 ထပ်ထဲဆောက်ထားပင်မဲ့ ဆင်စွယ်ရောင်နုလေးသုံးထားပြီး နန်းတော်ကြီးသဖွယ် ခမ်းနားထည်ဝါလှပေသည် Bell လေးကိုနှိပ်လိုစဉ် လုံခြုံရေးဦးလေးကြီးတယောက် ရောက်လာပြီး ခက် ကိုခြေဆုံးခေါင်းဆုံးကြည့်ကာ " သမီးက နှင်းခက်ခက်နွယ် လား " ဟုမေးလေသည် "ဟုတ်ပါတယ်ရှင့်" မမ ကပြောထားပုံရသည် "လာလာသမီး မမမြအိမ်ထဲမှာရှိတယ် " ဟုဆိုကာ တံခါးဖွင့်ပေးသည် အိမ်ကြီးသည် ခက်မြင်ဖူးသော ရှုတင်အိမ်တေွထက်ပင် ခမ်းနားလေသည်။အိမ်ထဲသို့ဝင်လိုက်စဉ် တွေ့လိုက်ရသည်က စံပယ်ပန်းရုံတွေ အစုလိုက်ဖြစ်သည် နောက်မှာ နှင်းဆီတွေ အုန်းပင်မြင့်ကြီးတွေ ခက် အမျိုး အမည်မသိသော ပန်းရောင်စုံတွေ ခပ်လှမ်းလှမ်း မြက်ခင်းစိမ်းပေါ်မှာ နေကြာပွင့် ညအိပ်ဂါဝန် လေးနဲ့ ပန်းပင်များကို ကောင်မလေးတယောက်နဲ့အတူ ညှပ်နေသော သူမ ကိုမြင်လိုက်ရသည် ဖို့ယို့ဖားယား ဆံပင်လေးက ခါးနားထိဝဲကျနေသည် နုတ်ခမ်းနားတဝိုက်တွင် ချွေးသီးလေးများစို့နေသည် မနက်ခင်နေရောင်အောက်က ဘားမှမလိမ်းခြယ်ထားတဲ့မျက်နှာ နုနုလေးကို ခက်သည် အဆင်ခြင်မဲ့ငေးမောနေမိ၏။ ချစ်စဖွယ်အမျိုးသမီးလေးပါ့လား။ "Hi.... Good morning ခက် ရေ " လက်နှစ်ဖက်ကို အကြောဆန့်သလိုဆန့်တင်၍ နူတ်ဆက်လေသည် "morning ပါ မမ"
"breakfast စားပြီးပြီလားခက် လာ တို့နောက်လိုက်ခဲ့ နောက်ဆို ခက် က တို့အိမ်ကိုလာရမယ် တို့နဲ့အတူ အလုပ်ကိုသွားမယ် တို့ဆီကိုလာရင် ဒီကိုဘဲတည့်တည့်လာခဲ့လိုက်နော် "
ဟုဆိုကာ အိမ်ကိုပတ်ပြလေသည်။ အိမ်ရာစီမံကိန်းတွေရဲ့ Director အဖွဲ့ဝင်လင်မယား ရဲ့ခြံကြီးသည် မြေကွက် 5 ကွက်စာလောက်ကျယ်၏ အရှေ့ဖက်မြေလေးကွက်စာလောက်၌ နန်းတော်သဖွယ်ခမ်းနားသော အိမ်ကြီးနဲ့ ပန်းခြံကြီးရှိသည့် ပန်းခြံအလည်မှာ ရေတံခွန်နဲ့ ရေကူးကန်ကြီးရှိသည် ပန်းခြံကြီးဘေးကဖြတ်လာရင် မြေအောက်ခန်းမှာ mini bar and Karaoke အခန်းရှိသည် အိမ်ရဲ့ဧည်ခန့်ကျယ်ကြီးထဲမှာတော့ မမနဲ့အန်ကလ် တို့ရဲ့ အင်မတန်မှ ထည်ဝါသော စုံတွဲးပုံကျောက်စီပန်ချီကားကြီးတချပ်တည်းကို ချိတ်ထားလေသည် ဧည့်ခန်းရဲ့ ဘေးမှာ mini library လေးလဲရှိသည်။ library လေးကနေ အပြင်ကိုထွက်တဲ့ တံခါးပေါက်လေးရှိနေသည် မမက အဲ့တံခါးကနေဦးဆောင်ထွက်သွာလေသည် တံခါးရဲ့နောက်မှာ အိမ်ကလေးတလုံးရှိနေသည် မမက အိမ်လေးတံခါကိုဖွင့်ဝင်လိုက်သည် အိမ်လေးက အတွင်းပိုင်း ပစ္စည်းအစုံရှိနေသည် နေချင်စဖွယ်လေးဖြစ်၏ အဝါနုလေးနဲ့အသားရောင်လေးကိုသုံးထားသည်။
YOU ARE READING
မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love
Romanceပြည့်မရတဲ့ ဆုတောင်းတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့ကွယ် ဥပမာ- အိမ်ထောင်ရှိတဲ့ ကျွန်မက ကိုယ့်ထက် အသက် 20 ကျော် ငယ်တဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ချင်တာမျိုးပေါ့ ဒေါ်မြဝန်းအိမ် ညလေးတစ်ည အဲ့ဒီ့ညလေး ကြောင့်နဲ့ ကျွန်မသည် ထိုအမျိုးသမီးအပေါ် ကိုယ်၊စိတ်၊နှလုံး သုံ...