မြ သတိမေ့သည်မှာ 3 ရက်ပင်ရှိလေပြီ။ VIP အခန်းဖြစ်လို့ ခက်နှင့်ဝေဝေမှာ ဝင်တွေ့ခွင့်မရသေးပေ။ နည်းလမ်းမျိုးစုံသုံးသော်လည်း အသုံးမဝင်ပေ။ လုံခြုံရေးများတင်းကြပ်နေသဖြင့် လက်လျှော့ခဲ့ရသည်။ ခက် ကတော့ မြ ကိုမတွေ့မချင်း ဝေဝေ အိမ်မှာနေမည်ဟု ဆုံးဖြတ်ထားပုံရသည်။
"ဝေဝေ ခက် တစ်ခုစဉ်းစားနေတာ"
အလုပ်မှ ပြန်ရောက်ရောက်ချင်း အိတ်တောင်မချရသေးဘူး ခက် ရဲ့လေးလေးနက်နက်စကားကြောင့် ဝေဝေ ခက်ဘေးသို့ဝင်ထိုင်လိုက်ရသည်။
"ဘာများလဲ ခက်၊ မမမြကိုတွေ့ဖို့ နည်းလမ်းအသစ်လား"
ခက် လက်ကိုကာပြရင်း ခေါင်းခါလေသည်။
"မဟုတ်ဘူး ဝေဝေ၊ စဉ်းစားကြည့် ဦးကောင်းသန့် သေတာကအိမ်မှာနော်"
"ဟုတ်တယ်လေ"
ခက် ကမျက်မှောင်ကျုံကာ ဆက်ပြောသည်။
"Company က လုံခြုံရေးတွေကို ဘာလို့အလုပ်ထုပ်တာလဲ၊ တကယ်ဆို အိမ်က လုံခြုံရေးတွေကို ထုပ်ရမှာမဟုတ်ဘူးလား"
ဝေဝေက ခက် ဘာကိုဆိုလိုမှန်းနားမလည်ဖြစ်နေသည်။ ဒါကို ခက်က ဝေဝေနားမလည်မှန်းသိ၍ ရှင်းပြရပြန်တယ်။
"ဒီလိုလေ ဝေဝေရဲ့ ဦးကောင်းသန့် သေပြီးနောက်တနေ့မှာ company က ညစောင့် security 2 ဦး၊ သန့်ရှင်းရေအပိုင်းက အမျိုးသမီး 3 ဦီးနဲ့ company က ကားမောင်းတဲ့ Driver 1 ဦး အလုပ်ထုပ်လိုက်တယ်မလား၊ ထူးဆန်းတယ်လို့ မထင်ဘူးလား"
ရေခဲသေတ္တာထဲက ရေဗူကိုမော့သောက်ရင်း ခက် ဘေးသို့လာထိုင်ကာ ဝေဝေက မေးလိုက်သည်။
"ဒါက အတွင်းသတင်းလေ ခက် ကဘယ်ကကြားတာလဲ"
လက်ထဲက ဖုန်းလေးကို ထောင်ပြရင်း....
"ဝေဝေရယ် မြ က ခက် ရဲ့ အလုပ်ထွက်စာကို လက်မခံဘူးမလား၊ ခက်ကို အခုထိအလုပ်မထုပ်သေးဘူးလေ Company staff website ကို ခက် ဝင်လို့ရနေသေးတယ်လေ၊ ကြေငြာစာတွေပြန်ဖတ်ကြည့်ရင်း သတိထားမိတာပါ"
"အာ... ဟုတ်သားဘဲ ဝန်ထမ်းများတော့ ခက် ရှိနေသေးမှန်း သတိမထားမိကြပုံဘဲ"
YOU ARE READING
မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love
Romanceပြည့်မရတဲ့ ဆုတောင်းတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့ကွယ် ဥပမာ- အိမ်ထောင်ရှိတဲ့ ကျွန်မက ကိုယ့်ထက် အသက် 20 ကျော် ငယ်တဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ချင်တာမျိုးပေါ့ ဒေါ်မြဝန်းအိမ် ညလေးတစ်ည အဲ့ဒီ့ညလေး ကြောင့်နဲ့ ကျွန်မသည် ထိုအမျိုးသမီးအပေါ် ကိုယ်၊စိတ်၊နှလုံး သုံ...