Respect to Love EP 7

987 42 6
                                    

"Good morning မောင်"... ကျောပိုးအိတ်လေးထဲ တစ်ခုခုကို ကုန်းရှာနေတဲ့ ခက်ကို မြ နှုတ်ဆက်ရင်း ခါးလေးကိုဖက်လိုက်သည်။ "Morning ပါရှင်" မြ ရဲ့ နှဖူးလေးကို နမ်းလိုက်သည်။ "တွေ့ပြီ ဒီဖက်လှည့်ပါဦး မြ ရဲ့ဒဏ်ရာတွေ ဆေးထည့်ပေးချင်လို့" ဟုဆိုရင် မြ ရဲ့ခန္ဓာကိုယ်လေးကို ဆွဲးလှည့်လိုက်သည်။ မြလည်းအလိုက်သင့်သာ ငြိမ်နေလိုက်တော့သည် ဆေးလိမ်းလိုက် လေလေးနဲ့မှုတ်ပေးလိုက်ဖြင့် ယုယုယယဂရုစိုက်နေသော ခက် မျက်နှာလေးကို မြ ငေးလို့ပင်မဝ‌ပါ။ မြ မချစ်တဲ့လူက ပေးတဲ့ ဒဏ်ရာတွေကို မြ ချစ်ရတဲ့သူလေးက ကုပေးနေတော့ ဝမ်းနည်း၊ဝမ်းသာခံစားရလေသည်။
"အဟင်း....အဲ့လောက်ထိကြည့်တော့ ရှက်တယ်ရှင် " ရီသံလေးနဲ့ပြောတဲ့ ခက် စကားကြောင့် မြ သူခိုးလူမိသလို ရှက်သွားရသည်။ Breakfast ကို အခန်းထဲမှာစားလိုက်ကြသည်။ မမက အိမ်လဲမပြန်ချင်၊အလုပ်လဲမသွားချင် သေးဘူးဟုဆိုပြီး အဝတ်စားနဲ့ လိုအပ်တာဝယ်ဖို့ Shopping ထွက်ခဲ့ကြလေသည်။ကားပါကင် မှာ ကားရပ်ပြီးတာနဲ့ အောက်ဆင်းပြီး ခက် phone ကိုထုပ်လိုက်သည်။ ရုံးကို ခက်နဲ့မမ နှစ်ယောက်လုံးမလာသဖြင့် မမတွေ့ရမဲ့လူတွေ၊ ဖတ်ရမဲ့စာချုပ်တွေ မမကြည့်ရမဲ့ အိမ်၊ခြံ၊မြေ၊ တွေရဲ့ photos and videos တွေ ခက်ရဲ့ email ထဲကို ဆက်တိုက်ဝင်နေသည်။ သတင်းစကားနှင့် အလုပ်ကိစ္စအဝဝသည် ခက် ထံမှတဆင့် မမဆီသို့ ရောက်ရသဖြင့် ခက် ကအားလုံးကို သူ့ file အလိုက်ခွဲးသိမ်းနေသည်။ phone နဲ့အလုပ်ရှုပ်နေတဲ့ ခက် ကို မျက်စောင်းတွေထိုးနေသူကတော့ ခက် ရဲ့အသစ်စက်စက် ချစ်သူလေး မြ ပါ။
"ယူ ဈေးမဝယ်ဘဲ အလုပ်ဘဲလုပ်ချင်ရင် ပြန်တော့လေ တို့နဲ့ date နေတာလား ယူ့ phone နဲ့ date နေတာလား"
အသံကြားမှ လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းလေးစူပြီး စိတ်ကောက်နေလေရဲ့ မျက်စောင်းကလဲ ထိုးနေသေးသည်။ ချစ်ဖို့ကောင်းလိုက်တာ ဒီလို ဟန်ပန်အမှုအယာ မျိုးကိုမမဆီက တကြိမ်မှမတွေ့ဖူးလို့ ခက်အတွက်ထူးဆန်းနေလေရဲ့ သို့သော ကြည်နူးရပါသည် ထိုအမျိုးသမီးလေး စိတ်ကောက်နေတာကို။ ရုတ်တရက် ခက်က
"အားးး" ဟုအော်ရင် သူ့ရင်ဘတ်ကိုဖိကာ နောက်သို့ ခြေလှမ်းတွေ ယိုင်သွားလေသည်။ မြ အလွန်လန့်သွားကာ ခက်ရဲ့ ခါးကိုပြေးဖက်လိုက်သည်။ သူမထက် 4 လက်မလောက် အရပ်ရှည်တဲ့ ခက်က ခါးကြီးကိုင်းပြီး ရင်ခွင်ထဲတိုးဝင်လိုက်သည်။
"ဘာဖြစ်တာလဲ မောင် ဘယ်နားနာတာလဲ"
"နှလုံးကနာတာ"
"ဘာလို့လဲ ရောဂါရှိတာလား၊ ဆေးရုံးသွားကြမယ် လာ မောင် လာခဲ့ ကားပေါ်တက်"
ပျာယာခက်နေသော မြ ကိုကြည့်ကာ ခက် ကြည်ကြည်နူးနူးပြုံးနေမိသည်။
"ဆေးရုံ၊ဆေးခန်း သွားဖို့မလိုပါဘူး မြရယ်၊ မြ ရဲ့ မျက်စောင်းလှလှလေးကြောင့် နှလုံးကရပ်မလိုဖြစ်သွားတာ အခု မြရဲ့ ရင်ခွင်လေးထဲ ခိုဝင်လိုက်တော့ တစ်စက္ကန့်ကို 2 ချက်နှုန်းနဲ့ နှလုံးခုန်နေပါပြီ၊ မြ ရဲ့ကိုယ်ငွေ့လေးကြောင့် ခက် နှလုံးက မြင်း တစ်ကောင်း ဒုန်းဆိုင်းပြေးနေသလားတောင် ထင်နေရပြီ " ဟု ပြုံးပြုံးလေး ပြောကာ မြ ရဲ့ နှဖူးလေးကို နမ်းလိုက်သည်။ မြ ကကားပါကင်မှာ ဖြစ်တာကြောင့်ရော စိတ်ပူသွားတာကြောင့်ရော မျက်နှာလေးရဲနေလေသည်။
" မောင်...မင်းဟာ တော်တော်ဆိုးတာဘဲကွာ ဒီမှာ တို့ဘယ်လောက် စိတ်ပူလိုက်ရလဲသိလား "
"သိပါတယ် မောင့်ရဲ့ အမျိုးသမီလေးရယ် မောင်လေ ချစ်လွန်းလို့ စလိုက်တာပါ စိတ်ကလေးကိုလျှော့နော်"
"မောင်..."
ခန္ဓာကိုယ်လေးကို နောက်သို့ဆုပ်ကာ ခက်ကို ရီဝေဝေမျက်လုံးများဖြင့် ကြည့်ကာ တည်တည်ငြိမ်ငြိမ်ခေါ်လိုက်လေသည်။
"ရှင်...ပြောပါ မောင့် အမျိုးသမီးလေး"
မောင့်အမျိုးသမီး ဆိုသည့်နာမ်စားလေး ကြားရတိုင်း မြ ရဲ့မျက်နှာလေးမှာ အပြုံးရိပ်လေးသန်းသွားသည်။
"တို့ မောင့် ကိုချစ်တယ် ဘယ်အချိန်က ဘယ်လို ချစ်မိသလဲ တို့မသိဘူး တို့သတိထားမိတဲ့ အချိန်မှာ ခက် က တို့ရဲ့ နှလုံးသားထဲရောက်နေပြီး ခက် ကိုတို့ဆုံးရှုံးရမှာ တို့ ကိုယ့်ကိုကိုယ် ဆုံးရှုံးရမှာထက် ပိုကြောက်နေမိပြီ ခက်သိရဲ့လား အဲ့ဒါကြောင့် နောက်ကို အခုလိုမျိုး စနောက်တာတွေ မလုပ်ပါနဲ့"
ဝေ့တက်လာတဲ့ မျက်ရည်တို့ကို မျက်တောင်လေးခတ်ပြီး သိမ်းလိုက်ရင်း စကားတွေအရှည်ကြီးပြောလိုက်သော မြ ကို ခက် ငေးနေမိသည်။ ဒီအမျိုးသမီးလေးဟာ ငါ့ကို အဲ့သည်လောက်တောင် ချစ်ပေးပါ့လားဆိုတဲ့ အသိကြောင့် ပျော်ရပါသည်။
ခက် မြရဲ့ ပခုံးလေးကို ကိုင်မေးလေးကိုမော့၍ ခက်ကိုကြည့်စေသည်။
"မြ မောင်က မြကို လူမမြင်ဖူးခင် ဖုန်းထဲက အသံလေးကြားဖူးလိုက်ကတည်းက ချစ်မိတယ်ပြောရင် ယုံနော်... မြ ကိုချစ်တဲ့စိတ် တစ်ခုတည်းနဲ့ လိုအပ်လာရင် မောင်ဟာ သတ်ရဲတယ်၊ သေလို့လဲဖြစ်တယ် "
"မောင် အာ့လိုစကားတွေ မပြောနဲ့ကွာ"
ငိုမဲ့မဲ့လေးပြောလာတဲ့ ကလေးကြီးကြောင့် ခက်ပြာပြာသလဲ တောင်းပန်လိုက်ရသည်။ ပြီးတော့ မြ ကသူ့ဖုန်းလေးကို ထုပ်ပြီး ရုံးကိုဆက်ပြောနေသည် အလုပ်ကိစ္စနဲ့ ခရီးထွက်နေလို့ အရေးမကြီးရင် ဖုန်းမဆက် စာမပို့ဖို့ပြောနေလေသည်။ ဖုန်းပြောပြီးတော့ ခက် ကိုလက်ဆွဲးက Shopping Mall ထဲဝင်ခဲ့လိုက်သည်။ မြက ဆိုင်က ဝန်ထမ်းတွေကို စကားပြောရင်း ကျန်ခဲ့လေသည်။ ခက်က သဘောကျတဲ့ ဖိနပ်လေးကို ကိုင်ကြည့်လိုက်သည်။ ပြီးတော့ ခက် က အရုပ်ပိစိလေးတွေကို သဘောကျသည်။ အရုပ်တန်းလေးမှာရှိတဲ့ အရုပ်တွေကို ကိုင်ကြည့်သည်။ မမ ကိုလှည့်ကြည့်တော့ အဝတ်စားတွေကို အာရုံစိုက်ပြီးရွေးနေသည်။ သူ စမ်းဝတ်ကြည့်ဖို့ အဝတ်တွေပိုက်ကာ အဝတ်လဲခန်းသို့သွားလေသည်။ သူမနိုင်မနင်းဖြစ်နေလို့ ခက် ကပါလိုက်ပို့ရသည်။ အဝတ်လဲခန်း အရှေ့မှာ ရပ်စောင့်နေတဲ့ ခက် ကို အခန်းထဲကနေ ခေါင်းလေး ထွက်ကာ ခေါ်နေလေသည်။
"မောင် တို့ကိုလာကူပါဦး"
ဝတ်ရခက်နေပုံရသည်။ ခက် အပြေးလေးသွားလိုက်သည်။ ခက် အထဲရောက်တာနဲ့ တံခါးကို lock ချလိုက်သည်။ ခက်ရဲ့ ကောလံစကို အားနဲ့ဆွဲးလိုက်သည် ရုတ်တရက်ဖြစ်သွားတော့ ခက် ဟန်ချက်ပျက်ကာ မြ နဲ့နှစ်ယောက်သား ခန္ဓာကိုယ်ချင်းထပ်ကာ အနေက်သို့ ယိုင်သွားသဖြင့် နံရံက မှန်ကို လက်နဲ့ထောက်ထိန်းလိုက်ရသည်။ မြ ဘာစကားမှာ မဆိုဘဲ ခက်ရဲ့ နှုတ်ခမ်းလေးကို အားနဲ့ဖိ၍ စုပ်နေလေသည် မြ ရဲ့လက်တို့က ခက် ရဲ့ရင်သားတွေဆီပြေးလွှားနေသည်။
" မြ ဘာလုပ်တာလဲ ဒီနေရာမှာ မသင့်တော်ဘူးလေ"
"တို့ကို ကားပါကင်မှာ လန့်အောင်လုပ်လို့ အပြစ်ပေးတာ "
ပြောစရာရှိတာပြောပြီးသည်နဲ့ မြရဲ့လက်များ ဆက်လှုပ်ရှားနေလေသည်။ ခက် ဘယ်လိုမှကို လှုပ်ရှားမရအောင် သေချာလေး ချုပ်ကိုင်ထားသည်။ ခက် ရဲ့ပေါင်ကြားထဲသို့ လက်ကလေးလျှိုဝင်ကာ ခက်ရဲ့ သမာဓိကိုစမ်းနေလေသည်။ ခက် တစ်ယောက် မှုးဝေလာသည်ထိ ခံစားမှုတွေကောင်းနေသည်။ public နေရာဖြစ်နေတာကြောင့် စိတ်ကပိုလှုပ်ရှားနေလေသည်။ အသံမထွက်အောင် လက် ကိုကိုက်ထားရင်း...
"အားးး မြန်...မြန်လေး မောင့်...ကို..မောင့်..ကို ပေးပါတော့...မာမီရယ်" ခက် ရဲ့ အသံကိုကြားတော့ မြရဲ့လက်တွေပိုမြန်လာသည်။ ခက် တကိုယ်လုံးပျော့ကာ မြ ကိုဖက်ရင်း အမောဖြေနေလေသည်။
"အရမ်း အနိုင်ကျင့်တာဘဲ မာမီက "
"ပြော...ရှင်လေး အခု မကျေနပ်ဘူးလား"
မြ ပြောပြောဆိုဆိုဖြင့် သူ့အဝတ်တွေကို ချွတ်နေလေသည်။ ဒီအမျိုးသမီး ဘယ်တုန်းက ဒီလောက်အတင့်ရဲသွားပါလိမ့်...ဘာဆက်ဖြစ်တော့မယ်ကို ကြိုသိနေလို့ ခက် ဘောင်ဘီလေးကောက်ဝတ်လိုက်သည်။
"ဟို..ဟိုလေ ခက်....ခက် ကျေနပ်ပါတယ် မြ ရယ် ခက် အရင်ထွက်မယ်နော်" ဟုဆိုရင် အခန်းလေးထဲကထွက်လာလိုက်သည်။ မြ ကတော့ အသံထွက်အောင် ရီရင်းကျန်ခဲ့လေသည်။ တော်ပါသေးရဲ့ ကြားရက်မို့ လူရှင်းပြီး အဝတ်လဲခန်းရှေ့စောင့်နေတဲ့သူမရှိတာ....
ဟူး!.... ခက် သက်ပြင်းချက မလွယ် ဘူးဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းကို ခါလိုက်လေသည်။
~~~~~~~
ငွေရှင်တဲ့ အခါ ပစ္စည်းတွေအရမ်းများနေလို့ ခက် အံဩော်နေရသည် ဝန်ထမ်းကောင်မလေး ကိုခေါ်လိုက်ပြီး
"ညီမလေး အမ ဒါတွေမယူထားဘူးလေ " ခက် လက်ညိုးထိုးပြလိုက်သည် ဖိနပ်တွေ၊အိပ်တွေ အရုပ်သေးသေးလေးတွေက တောင်းနဲ့အပြည့်၊ "ဟုတ် အမနဲ့ ပါလာတဲ့ အန်တီက ပြောထားလို့ပါ အမ လက်နဲ့ထိတာတင်မဟုတ်ဘူး အမ 2 ခါပြန်ကြည့်တဲ့ ပစ္စည်း အကုန်ယူမယ်တဲ့ ဆိုင်ကိုထိရင်တောင် တဆိုင်လုံးဝယ်ပြစ်လိုက်မှာတဲ့ အဲ့ဒါကြောင့် အမ ကြည့်ထား၊ထိထား တတွေ အကုန်ထည့်ထားတာပါ"
"အာ... မမက ဘာတွေလုပ်မှန်းမသိဘူး" ခက် ခေါင်းကုပ်ကာပြောရင် မမကိုရှာတော့မတွေ့ ဘာဝယ်နေတယ်မသိဘူး ဝန်ထမ်းကောင်မလေးက
"အမ လား ညီမတို့က အမေထင်နေတာ အန်တီက အရမ်းဂရုစိုက်တော့"
"aww ဟို...ဟို...အဲ့ဒါကလေ"  ခက် ဘာပြောရမလဲမသိဖြစ်နေတုန်း လက်မောင်းကိုလာတွဲးကာ မြကပြောလိုက်လေသည်
"အမ မဟုတ်ပါဘူး အမျိုးသမီးပါ မောင်ကလဲ တဟို ဟို နဲ့ ဘာဖြစ်နေတာလဲ လူကို အသဲယားအောင် ပြွစ်..."
"ဟင်"... ဆိုင်က ဝန်ထမ်းတွေ အားလုံးကြောင်သွားလေသည် ခက် ရဲ့ ပါးလေးကိုနမ်းလိုက်သောကြောင့်ဖြစ်သည်။ ငွေရှင်းနေတော့ ခက် တို့ကို အားကျသော၊သဘောကျသော မျက်လုံးများဖြင့်ကြည့်နေလေသည်။
"ခက် မျက်နှာဘယ်ထားရမလဲ မသိဘူး ကြည့်နေကြတာ ရှက်လိုက်တာ"
မြ အနားကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။ မြ ကတော့ အေးဆေးပါ ခက် ကိုလှည့်ကြည့်ပြီး အသံကို မတိုးမကျယ်ဖြင့်
"မောင့် မျက်နှာဘယ်ထားရမလဲ မသိရင် မာမီ့ရင်ခွင်ထဲထားလေ" ခပ်တည်တည်ပြောလိုက်သော မြစကားကြောင့် ဝန်ထမ်းတွေရော ဈေးဝယ်တွေရော ပြုံးစိစိဖြစ်ကုန်ကြသည်။
ခက် ရှက်ရှက်နဲ့အထုပ်တွေဆွဲးကာ ပြေးထွက်သွားလိုက်လေသည်။ မြ မနည်းပြေးလိုက်ရသည်။ ကားနားရောက်တော့ စူပုတ်စိတ်ကောက်နေပင်မဲ့ အထုပ်တွေထားပြီး မြလက်ထဲကဟာတွေလာသယ်ပေးသည် တံခါးလေးဖွင့်ကာ ခေါင်းထိမှာစိုးလို့ လက်ကလေးကာပေးရင် ရပ်စောင့်နေလေသည်။ မြ ကြည်နူးစွာပြုံးရင်း ကားထဲဝင်ထိုင်လိုက်လေသည်။ ခက် ဝင်လာပြီး မြကို စကားမပြောပါ။
"ခက် က တို့ကို play ချင်တာဘဲ တို့ဖက်က serious ဖြစ်လို့ public ထုပ်ပြတာကို ခက် ကမကြိုက်ဘူးဘဲ"
မျက်နှာလေးညိုးကာပြောတော့ ခက်မနေနိုင်‌ပါ "မဟုတ်ပါဘူး မြ ရယ် ခက်ကရုတ်တရက်မို့ပါ"
မသိဘူးကွာ ခက် ကတို့နဲ့တွဲးတာကို ရှက်တာမလား"
"မဟုတ်ရပါဘူး မြရယ်"
"မယုံဘူး"
"ဟောဗျာ မောင် မြ ယုံအောင် ဘာလုပ်ပေးရမလဲပြော"
"တကယ်လုပ်ပေးမှာလား"
"ပြောလိုက်ပါ ဘာနေနေလုပ်ပေးမှာ"
"အာ့ဆို ပြင်ဦးလွင် သွားမယ် ခုချက်ခြင်း"
"ဟင်"
"ဟင်မနေနဲ့ အခု ပြင်ဦးလွင်မှာ အေးနေပြီ မြ လိုအပ်တာအားလုံးဝယ်ခဲ့ပြီး hotel မှာမနေဘူး မြ တစ်ယောက်တည်း လာနေတတ်တဲ့ မြရဲ့အိမ်လေးမှာနေမယ်"
"ဪ...ဒေါ်မြဝန်းအိမ် ခင်ဗျာက သေချာ အကွက်ချစီစဉ်းထားတာဘဲ "
"ဘာလဲ မသွားဘူးလား"
"သွားပါ့မယ်ရှင် အဲ့လို သနားစရာ မျက်ဝန်းနဲ့လာမကြည့်ပါနဲ့ လူက ရူးရတော့မယ်"
ခက် ကပြောရင် မြရဲ့ မျက်လုံးလေးကို ဖွဖွလေး နမ်းလိုက်သည်။ ကားလေးကို ပြင်ဦးလွင် သို့မောင်းလိုက်လေသည်။
မြ ကသာပျော်နေတာ တဖက်မှာ မြရဲ့ ယောင်္ကျားဖြစ်သူဟာ မြနဲ့ခက် တို့ရဲ့ ပုံတွေကို ဒေါသမျက်ဝန်းကြီးဖြင့် ကြည့်နေလေသည်။ ကားပါကင်မှာ ဖက်ထားတဲ့ပုံ၊ လူကြားထဲမှာ နမ်းလိုက်တဲ့ပုံ၊ လက်ချင်းချိတ်ပြီး လျှောက်သွားနေတဲ့ ပုံတွေပေါ့လေ။

Sorry ပါ သဲငယ်တို့ရေ .... တို့ ခရီးသွားနေရလို့ update နောက်ကျသွားတယ် 🙏
အဆင်ပြေရဲ့လား ဖတ်ရတာ

မြတ်နိုးခြင်းမှ ချစ်ခြင်းသို့ ... Respect to Love Where stories live. Discover now