Chapter 1

970 45 0
                                    

  Edit - ခုမှ စဖတ်မယ့်သူတွေအတွက်ပါ Cha 1 နဲ့ 2မှာ စကားပြောတွေ များနေလို့ 3ကစပြီး စကားပြောလေးတွေလျော့ပြီး သေချာလေး ပြန်ရေးထားပါတယ်ရှင့် နောက်ပိုင်း ပိုပြီးကောင်းလာအောင်လည်း ကြိုးစားရေးသွားပါမယ်   

ဂျပန် Fate Tour အတွက်   အင်ချွန်းလေဆိပ်သို့ သွားနေတဲ့လမ်းမှာ

   "ပတ်ဆောင်းဟွန်း မင်းကိုယ်မင်း လွန်နေပြီ ဆိုတာရော သိရဲ့လား"
            " ငါ ဘာလုပ်လို့လဲ "
          ဂျေးတော်တော် ဒေါသထွက်သွားတယ်။ ဒီကောင် မသိတာမဟုတ်ဘဲ မသိချင်ယောင်ဆောင်နေတာ ဆောနူကို သူငယ်ချင်းတွေနဲ့ အပြင် ခဏခဏထွက်လို့ စကားမပြောဘဲ နေနေလို့ member တွေရော staffတွေပါ အံ့ဩနေကြတာကို ဘာလုပ်လို့လဲတဲ့
           " မင်းနဲ့ ဆောနူကြားက ကိစ္စလေ ၊ ဘာမှမဖြစ်ဘူးလို့တော့ မပြောနဲ့နော် မင်းတို့ဖြစ်နေတာ အသိသာကြီး အထူးသဖြင့်မင်း ၊ မင်းစိတ်ဆိုးနေတာ သိလို့ ဟိုကလေးက တကောက်ကောက်လိုက်ပြီး စကားပြောလည်း ဘာမှပြန်မပြောဘဲ နေနေတာ "
           " မင်းက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ကို ပြောဆိုချင်လို့ ဒီနေ့ ကားအတူတူ မရရအောင်စီးပြီးကို ပြောတာနော် "
        " မင်း စကားမလွှဲနဲ့ ငါမေးတာအရင်ဖြေ ၊ ဆောနူလေးကို ဒီလောက်နဲ့ စိတ်‌ဆိုးပြေလိုက်တော့ကွာ "

           ပတ်ဆောင်းဟွန်း မျက်နှာမှာ ပြုံးယောင်သန်းသွားသည်။ သူ ဆောနူကိုစိတ်ဆိုးမပြေတာ မဟုတိဘဲ သူ့ကိုလိုက်ချော့နေတဲ့ ပုံစံလေးကို အသည်းယားမိလို့ မသိချင်ယောင်ဆောင်နေတာ ဒါကို ကလေးက မသိဘဲ ဂျေးကိုတောင် စစ်ကူတောင်းပြီး စိတ်ဆိုးပြေခိုင်းသေးတယ်။
           ဂျေး‌စိတ်ထဲ တော်တော်ချဉ်လာပြီ။ မေးနေတာမဖြေဘဲ ပြုံးပြီး ဘာတွေစဉ်းစားနေမှန်းမသိဘူး။
           " ပတ်ဆောင်းဟွန်း ဘာတွေပြုံးနေတာလဲ ငါမေးတာဖြေလေ "
           " မင်းကိစ္စ မဟုတ်ဘူး jongseong ရာ ကိုယ့်ဟာကိုယ် နေစမ်းပါကွာ အမှာတော်ပါးလိုက်တဲ့ သူကိုလည်းပြောလိုက် စိတ်ဆိုးပြေစေချင်ရင် တဆင့်မချော့ဘဲ တိုက်ရိုက်လာချော့လို့"
           'ဟင် ဒီကောင် ဘယ်လိုသိတာပါလိမ့် ဆောနူက ချော့ခိုင်းတယ်ဆိုတာကို '
    ဂျေး ချောင်းတစ်ချက် ဟန့်လိုက်ပြီး
          "ဘယ်သူမှ အမှာတော် မပါးဘူးကွ ဘာတွေလာ‌ေပြာနေတာလဲ တော်ပြီ အိပ်တာပဲကောင်းတယ် "

Step by Step Where stories live. Discover now