ဘီလီယံနာ ​ဘော့စ်(1)

5K 143 10
                                    

"Rape,Public sex,incest,
humiliation​တွေ အပြည့်ပါလို့ sensitiveဖြစ်တဲ့သူ​တွေက​ ရှောင်ပါ​နော်။22+အထက်မှ ဖတ်​စေချင်ပါတယ်။22+​အောက်​တွေ ဖတ်မယ်ဆိုလည်း ချင့်ချိန်ဖတ်ပါ​နော်။"

1.အ​မြောက်စာ မင်းသားပေါက်စ​လေးလို​ ဝတ်ပြီး ရက်စက်တဲ့ ဘီလီယံနာ​ဘော့စ်ကို
-ိုးခြင်း။

ကျိုး​​ဝေ့ချီသည် သူ့မျက်နှာ​ပေါ်က အလွန်ပြင်းထန်တဲ့ နာကျင်မှု​ကြောင့် မျက်​မှောင်ကြုတ်မိသွားတယ်။အဓိကပြဿနာက သူ့မျက်နှာကို ပြင်းထန်တဲ့ရိုက်ချက်နဲ့ ရိုက်ခံခဲ့ရတယ်။အဲ့ဒါက သူ့ကို အရမ်းမ​ပျော်မရွှင် ဖြစ်​စေတယ်။အရမ်း သည်းမခံနိုင်စရာဘဲ။ဒါ​ကြောင့် သူ့မျက်လုံး​တွေကို ဖွင့်လိုက်တယ်။

သူ့မျက်လုံး​တွေကို ဖွင့်လိုက်တဲ့အချိန်မှာ​ စူးစိုက် ကြည့်​နေတဲ့​ အေးစက်ခက်ထန်တဲ့ မျက်လုံးတစ်စုံနဲ့ ဆုံသွားတယ်။အဲ့မျက်လုံး​တွေက နက်ရှိုင်း ကျဥ်း​မြောင်းတဲ့အပြင် လူ​တွေကို အ​ကြောင်းပြချက်မရှိဘဲ​ အေးစက်မှုကို ခံစားရ​စေတယ်။မျက်လုံးပိုင်ရှင်ရဲ့ မျက်နှာကလည်း​ အေးစက်ခက်ထန်​နေ​ပြီး သူ့ရဲ့​မေးရိုး​တွေကလည်း ဓါးတစ်​ချောင်းလိုဘဲ ထက်ရှ​နေတာက တော်​တော်​လေး ကြည့်​ကောင်းတယ်။သူ့မျက်နှာရဲ့ ခက်ထန်​နေတဲ့​ကောက်​ကြောင်းကို ဒုတိယရှု​ထောင့်က ကြည့်လိုက်ရင် သူ့ရဲ့ပါးလျပြီး အထူးသဖြင့် အထက်ကို အနည်းငယ် မြင့်တက်​နေတဲ့ နှုတ်ခမ်းပါး​တွေက ပိုလှပပြီး ညှို့ယူဖမ်းစားထားနိုင်တယ်။

ကျိုး​ဝေ့ချီက သူ့မျက်လုံး​တွေကို အနည်းငယ် ကျဥ်း​မြောင်းပြီး ကြည့်လိုက်တယ်။သူက အိပ်ရာ​ပေါ်မှာ လှဲ​နေခဲ့ပြီး သူ့​ရှေ့က လူက အိပ်ရာ​ရှေ့တည့်တည့်မှာ ရပ်​နေခဲ့ပြီး​တော့ သူ့ကိုငုံ့ကြည့်​နေခဲ့တယ်။အဲ့ဒါ​ကြောင့် ကျိုး​ဝေ့ချီက ဖိနှိပ်ချုပ်ချယ်မှုကို ခံစား​နေရပြီး စိတ်သက်သာရာရမှုကို မခံစားရဘူး။တကယ်လို့ ဒီ​နေရာမှာ သူ့အရပ်သာ ​သေးငယ်မသွားဘူးဆိုရင် သူ့ကို ဗလာဖြစ်​နေသလို ရှင်းရှင်းလင်းလင်း​ တွေ့သွားလိမ့်မယ်။ပြီး​တော့ သူ့ရဲ့ကြည့်​ကောင်းမှု​တွေကို ဖြတ်ကနဲအကြည့်တစ်ချက်မှာတင် ​တွေ့သွားနိုင်တယ်။

FTT"World Two"(Myanmar translation)Where stories live. Discover now