U~
'ရောင်ခြယ်' မနက်အိပ်ယာနိုးလာတော့ တင်း
တင်း ကျပ်ကျပ်ပွေ့ဖက်ခံထားရခြင်းနှင့်အတူကြီးမားကျယ်ပြန့်သည့်ရင်ခွင်ကျယ်ကျယ်၌နှစ်မြုပ်နေသည်။ 'ရောင်ခြယ်' အပေါ်မော့ကြည့်လိုက်တော့ ဘယ်ချိန်ကတည်းက နိုးနေမှန်းမသိသည့် 'နေယံ' က 'ရောင်ခြယ်' ကပြုံး၍ကြည့်နေသည်။" Morning 'ခြယ်' "
" ဟုတ်...Morning ကိုကို "
" သက်သာရဲ့လား နာနေသေးလား "
" ဟင့်အင်း...မနာတော့ဘူးကိုကို "
" ဟုတ်လား.."
" ဟုတ် "
အတူနေသည့်အချိန်တိုင်း 'နေယံ' ကသန့်ရှင်းပေးကာ တွင်းငယ်ကိုဆေးသေချာလိမ်းပေးသလို ဆေးတိုက်ပြီးမှ အမြဲအိပ်စေသဖြင့် ခံစားရသက်သာသည်။
ပြွက်!
" မနာတော့ရင်.. တစ်ခါလောက် "
" ကိုကိုနော်!... အကောင်းမေးတယ်ထင်နေတာကို "
" ဟား..ဟား..ဟား.. စတာပါကွာ "
'နေယံ' တို့နှစ်ယောက်ကညက 'ရောင်ခြယ်' ၏ Condo အနီးက Hotel မှာသာ ညအိပ်ခဲ့ကြခြင်းဖြစ်သည်။ နေ့လည်ပိုင်း Duty ရှိသေးတာကြောင့် အဝတ်အစားလဲရန် Condo ကိုပြန်လာခဲ့ကြတော့ ဧည့်ခန်းဆိုဖာမှာ မျက်မှောင်ကျုတ်ကာ 'ရောင်ခြယ်' ကိုစိုက်ကြည့်နေသည့် 'လမိုက်' ကြောင့် 'ရောင်ခြယ်' 'နေယံ' ၏လက်ကိုအားကိုးတကြီးဆုပ်ကိုင်လိုက်မိသည်။
ကိုကိုပြောတော့ ကိုကြီးဆီက ခွင့်တောင်းခဲ့တယ်ဆိုပြီး... ကိုကြီးကဘာလို့စိတ်တိုနေတဲ့ပုံပေါက်နေရတာလည်း...
" ယုန်ပေါက်! Duty ရှိတယ်မလား...ရေချိုးပြီး အဝတ်အစားလဲတော့.. 'နေယံ' ငါပြောစရာရှိတယ် ငါ့အခန်းထဲလိုက်ခဲ့.. "
'လမိုက်' ကထိုသို့ဆိုကာ သူ့အိပ်ခန်းထဲဝင်သွားတော့မှ 'နေယံ' က 'ရောင်ခြယ်' ၏နဖူးကိုခပ်ဖွဖွလေးနမ်းကာ ဘာမှစိတ်မပူနဲ့ဟူသည့် အကြည့်ဖြင့်ကြည့်လာသဖြင့် 'ရောင်ခြယ်' အိပ်ခန်းထဲသာဝင်သွားလိုက်သည်။ 'နေယံ' 'လမိုက်' ၏အိပ်ခန်းထဲဝင်လိုက်သည်နှင့် 'လမိုက်' ကကုတင်မှာထိုင်နေရာက ထရပ်လာကာ 'နေယံ' ၏လက်မောင်းကိုလာဆွဲ၍ ကုတင်မှာထိုင်စေသည်။ ထို့နောက်အခန်းတံခါးကို လော့ချကာ 'နေယံ' ၏ဘေးမှာလာဝင်ထိုင်သည်။
![](https://img.wattpad.com/cover/353176806-288-k255315.jpg)
YOU ARE READING
You're Killer, I'm Saver ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd