U~
" Boss ကျွန်တော်... "
" 'မြဲ'.. "
" ဗျာ.. "
" မင်းငါ့ကို ဘယ်ချိန်အထိ Boss လို့ခေါ်နေမှာလည်း "
" ဗျာ... Boss ကို Boss လို့မခေါ်လို့... ဘယ်လိုခေါ်ရမှာလည်း "
" ကျစ်! မင်းနဲ့ငါက ချစ်သူရည်းစားတွေလေ
ဘယ်သူက ကိုယ့်ကောင်လေးကို Boss လို့ခေါ်လို့လည်း "" ကျွန်တော်က အကျင့်ပါနေလို့ပါ "
" မရဘူး... ပြောင်းခေါ် "
'လမိုက်' ၏အပြောကြောင့် 'တည်မြဲ' ခေါင်းသာကုတ်မိသည်။ Boss ကို တခြားအမည်နာမတစ်ခုပြောင်းခေါ်ရန် တစ်ခါမှမတွေးဖူးတာအမှန်ပင်..
" ကျွန်တော်.. ဘယ်လိုခေါ်ရမလည်း Boss "
" မင်းကငါ့ထက်တစ်နှစ်တောင် ငယ်တာပဲ
ကိုကိုလို့ခေါ်... "" ဗျာ! "
" ခေါ်ကြည့်... "
" Boss အဲ့တာကလေ... "
" Boss မဟုတ်ဘူး ကိုကို.. အခုခေါ်... "
" တခြားတစ်ခုခုခေါ်လို့မရဘူးလား.. "
" မရဘူး... 'နေယံ' ကိုယုန်ပေါက်က ကိုကိုလို့ခေါ်တာ... 'ဇွဲ' ကိုလည်း 'Can' က ကိုကိုလို့ခေါ်တာ
သူတို့နှစ်ကောင်တောင် ကိုကိုလို့အခေါ်ခံရသေးတာပဲ ငါလည်း အခေါ်ခံရသင့်တယ် မဟုတ်ဘူးလား ""...... "
" ခေါ်.. "
" Boss ဟို... "
" ကိုကိုပါဆို.. "
" ချက်ချင်းကြီးကျတော့ တစ်မျိုးဖြစ်နေလို့ အချိန်ခဏလောက်ယူလို့ရလား "
" ဘယ်နှစ်ရက်ယူမလည်း တိတိကျကျပြော "
" တစ်လ "
" ရတယ်လေ... မင်းငါ့ကို အခါသုံးဆယ်နမ်း အခုချက်ချင်း "
" ဗျာ! ရက်နှစ်ဆယ်ပဲယူမယ်ဆိုရင်ကော... "
" အခါနှစ်ဆယ်နမ်း... "
" ကျွန်တော်... ဆယ်ရက် အချိန်ယူမယ် "
" ဟုတ်ပြီ ဆယ်ခါနမ်း "
'လမိုက်' ပြောလိုက်တော့ 'တည်မြဲ' က 'လမိုက်' ၏ဘေးတွင်ဝင်ထိုင်ကာ ပါးနှစ်ဖက်ကိုတစ်လှည့်စီဖြင့် ဆယ်ခါအနမ်းပေးလာသည်။

YOU ARE READING
You're Killer, I'm Saver ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd