U~
ချောင်းသာကမ်းခြေရှိ The Rainbow Hotel
၏ အရှေ့ဘက်တွင် စားပွဲများချကာ Hotpot
စားရန်အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အသားများနှင့် အရွက်များကို ပြင်ဆင်ပေးနေသူက 'ဒီခေတ်'... 'ကမ္ဘာ' နှင့် 'မင်းခ' ၏ Partnerဖြစ်သူ 'အချစ်စစ်'...ထိုအရာများကို စားပွဲပေါ်လိုက်ချနေသူများက 'မင်းခ' နှင့် 'နယ်မြေ' ဖြစ်သည်။ ဂတ်စ်အိုးကိုအသုံးအပြုဘဲ မီးသွေးမီးဖိုဖြင့်သာသုံးမည်ဖြစ်သောကြောင့် ထိုအရာကိုပြင်ဆင်နေ သူများက 'Can' နှင့် 'သမိုင်း' ဖြစ်သည်။ အချဉ်ဖျော်သည့်နေရာတွင်တော့ 'ဇွဲ' နှင့် အရှုပ်ထုတ်လေး 'မြူငယ်'....'နွေမှိုင်းနက္ခတ်' ၏ညီဖြစ်သူ 'အလွမ်းနက္ခတ်' မှာ 'မြူငယ်' နှင့်ရွယ်တူဖြစ်ကာ လက်ရှိအချိန်မှာတော့ သူငယ်ချင်းတွေဖြစ်နေကြပြီဖြစ်သည်။ 'မြူငယ်' မွှေနေသမျှကို နောက်ကနေ ရုပ်တည်ကြီးနှင့် လိုက်ရှင်းနေသူကတော့ 'လွမ်း' ဖြစ်သည်။
ကိုယ်စီကိုယ်စီ လှုပ်ရှားနေကြသူများကြား
စားပွဲပေါ်ထိုင်ကာ ဖရဲသီးနှင့် ပန်းသီးကို
လှီးနေကြသူများကတော့ 'နေယံ' နှင့် 'လမိုက်' ဖြစ်သည်။ မောင်ဗိုက်လေးအတွက် ပြင်နေကြခြင်းဖြစ်ရာ မောင်ဗိုက်လေးကတော့ အခုထိအိပ်နေဆဲဖြစ်သည်။" ငါ့တူလား.. တူမလား.. မသိသေးတဲ့ဟာလေးက
အသီးအနှံတော့ အသားကုန်စားတာနော်.. "" အင်း... 'ခြယ်' နဲ့တူတာဖြစ်မယ် "
" မြို့သစ်ဘက်နားမှာ မင်းမြေကွက်တစ်ခုရှိတယ်မလား "
" ရှိတယ်.. "
" ငါ့ကိုပေးစမ်းပါ.. "
" ဘာလုပ်မလို့လည်း "
" ကလေးကြီးလာရင် အဆင့်သင့်စားလို့ရအောင်
အသီးပင်တွေ စိုက်ထားပေးမလို့ "" ယူလေ... စပျစ်သီးပင်ပိုစိုက်လိုက် 'ခြယ်'
အရမ်းစားလို့... "" ကိုကို!!! "
'ခြယ်' ၏အော်သံကြောင့် 'နေယံ' နှင့် 'လမိုက်' ပင် တုန်တက်သွားသည်အထိ...လှည့်ကြည့်လိုက်တော့ Hotel ထဲကနေ ထွက်လာသည့် 'ရောင်ခြယ်' နှင့် 'တည်မြဲ'... 'ရောင်ခြယ်' အိပ်နေဆဲ
ဖြစ်သဖြင့် 'တည်မြဲ' ကိုအစောင့်အနေနဲ့ ထားခဲ့ခြင်းဖြစ်ရာ..'ရောင်ခြယ်' ကဆူပုတ်ပုတ်နှင့် သူတို့အနားလျှောက်လာသလို 'တည်မြဲ' ကတော့ နောက်ကနေ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာသည်။

YOU ARE READING
You're Killer, I'm Saver ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd