U~
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။
" 'ရောင်ခြယ်'...မင်းနေကောင်းရဲ့လား "
'မင်းခ' နားနေခန်းထဲ ဖြူဖက်ဖြူရော်နှင့် ဝင်လာသည့် 'ရောင်ခြယ်' ၏အနားသို့သွားကာ နဖူးပေါ်လက်တင်၍စမ်းကြည့်လိုက်သည်။
" ကိုယ်လည်းမပူပါဘူး "
" ငါ ဘာဖြစ်နေမှန်းမသိဘူး...လူကနုံးချိချိနဲ့
အစားအသောက်လည်း အဆင်မပြေဘူး ငါဘာမှမစားချင်ဘူး ဖြစ်နေတယ် ပြီးတော့ ခေါင်းတွေလည်း နောက်တယ် "" နှုတ်ခမ်းတွေကလည်း ဖြူဖက်နေတာပဲ ပေး.. မင်းလက် "
' မင်းခ' 'ရောင်ခြယ်' ၏လက်ကိုကိုင်ကာသွေးကြောစမ်းလိုက်သည်။ ထို့နောက် မျက်လုံးတို့ပြူးကျယ်ကုန်ကာ ခေါင်းခါရင်း....
" မင်းမဖြစ်ဘဲ ငါဖြစ်နေတာများလား...ငါနေများမကောင်းဘူးလား "
ကိုယ့်နဖူးကိုယ်စမ်းနေသည့် 'မင်းခ' ကိုကြည့်ကာ 'ရောင်ခြယ်' ပို၍ပင် ခေါင်းနောက်လာရသည်။
'မင်းခ' 'ရောင်ခြယ်' ၏ သွေးကြောကိုပြန်စမ်းရန် လက်ဆွဲလိုက်သည်နှင့် ပြိုလဲကျလာသည့်ခန္ဓာကိုယ်ကြောင့် 'မင်းခ' အမြန်ထွေးပွေ့လိုက်ရသည်။" 'ရောင်ခြယ်'.. ဟေ့ရောင်! သတိထားဦးလေ Shit! ငါထင်နေတာ မမှားဘူးထင်တယ် "
'မင်းခ' 'ရောင်ခြယ်' ကိုပွေ့ကာနားနေခန်းမှ ပြေးထွက်ရသည်။
" ဂုဏ်ယူပါတယ် 'မင်းခ'....မင်းကလေးအဖေ ဖြစ်ပြီ "
သူငယ်ချင်းဖြစ်သူ 'အောင်မိုး' ပြောလာသည့်စကားက 'မင်းခ' ၏ရင်ဝကို စောင့်ကန်လိုက်သလိုပင်.....
" Fuck! မင်းမေကြီးတော်ကို ကလေးအဖေလား "
" ဟမ်! မင်းမဟုတ်ဘူးလား "
" ငါလုပ်လိုက်ရင် သေတော့မယ်...မင်းကတော့ "
'မင်းခ' နှင့် 'အောင်မိုး' စကားပြောနေသည့်အချိန်တွင် အပြေးလာကြသည့် 'နေယံ' နှင့် 'သမိုင်း'...
" လူနာရှင်က အဲ့မှာ...ပြောပြလိုက် "
" ဂုဏ်ယူပါတယ်...လူနာမှာကိုယ်ဝန်နှစ်လ ရှိနေပါပြီ "
![](https://img.wattpad.com/cover/353176806-288-k255315.jpg)
CZYTASZ
You're Killer, I'm Saver ( COMPLETE )
RomansMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd