U~
Warning ⚠️
Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်.....။
" 'ည'! "
'ဇွဲ' ခွဲစိတ်ခန်းရှေ့တွင် ထိုင်နေသည့် 'လမိုက်' ၏အနားကို အပြေးသွားမိသည်။ တစ်ကိုယ်လုံးလည်းသွေးတွေပေပွနေကာ လက်မောင်းမှလည်း သွေးတို့ကတစိမ့်စိမ့်ယိုထွက်နေသည်။ ဘေးတွင် ရပ်နေသည့် သူနာပြုမလေးနှစ်ယောက်ကလည်း မျက်နှာငယ်လေးတွေနှင့် ဖြစ်နေကြသည်။
" 'ည' မင်းဒဏ်ရာက ခွဲဖို့လိုတယ် "
" 'မြဲ' ထွက်လာမှ... "
" ခေါင်းမမာစမ်းနဲ့ 'ည' မင်းလက်သုံးစားလို့မရဘဲဖြစ်သွားလိမ့်မယ် "
" 'မြဲ' က.... "
" 'လမိုက်ည'!! "
'ဇွဲ' အော်လိုက်တော့မှ မျက်နှာငယ်လေးနှင့် ခေါင်းငုံ့သွားသည်။ 'လမိုက်' ခွဲခန်းဝင်သွားတော့ 'နေယံ' ကဓားဒဏ်ရာဖြင့် အရေးပေါ်ရောက်လာပြန်သည်။ 'မြူငယ်' ကလည်း သတိမေ့သွားသဖြင့် ဆေးရုံထဲရှုပ်ယှက်ခတ်နေတော့သည်။
" မောင်! "
'ဇွဲ' 'Can' ဆီသို့အပြေးသွားကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် 'Can' ၏တစ်ကိုယ်လုံးကို လှည့်ပက်ကြည့်ကာ...
" မောင်...ဘာမှမဖြစ်ဘူးမလားဟင်! ဒဏ်ရာတွေရလာသေးလား "
" ကိုကို...စိတ်အေးအေးထား မောင်ဘာမှမဖြစ်ဘူး "
'Can' 'ဇွဲ' ၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်တော့မှ 'ဇွဲ' ကမော့ကြည့်လာကာ မျက်ရည်တို့ကစီးကျလာသည်။ 'Can' ငိုနေသူအား
ထွေးပွေ့ထားလိုက်ကာ နှစ်သိမ့်ပေးရသည်။'လမိုက်' ကလက်မောင်းထဲမှ ကျည်ထုတ်ရုံသာဖြစ်သဖြင့် မကြာသော်ငြား ပထမဆုံးရောက်လာသည့် 'တည်မြဲ' နှင့် နောက်မှရောက်လာသည့် 'နေယံ' ကခွဲခန်းထဲတွင် အချိန်တော်တော်ကြာ
ကုသခဲ့ရသည်။>>>>>>>>
ကုတင်ပေါ်တွင်လှဲလျောင်းနေသည့် 'နေယံ' ၏လက်ကိုကိုင်ကာ ရှိုက်ငိုနေသူက 'ရောင်ခြယ်' ပင်.....
" 'ခြယ်'...ကိုကို ဘာမှမဖြစ်တော့ပါဘူးကွာ "
" ပြောတော့.. ဘာမှမဖြစ်စေရဘူးဆို ဟင့်! 'ခြယ်' ဘယ်လောက်လန့်သွားလည်း ကိုကိုသိလား... "
![](https://img.wattpad.com/cover/353176806-288-k255315.jpg)
YOU ARE READING
You're Killer, I'm Saver ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd