U~
နောက်ကြောင်းပြန်ခြင်းပြီးဆုံး.......
" သတ်လိုက်! "
" ဟင့်အင်း.... "
" အခွင့်အရေးပေးနေတုန်း သတ်လိုက်နော် မင်းကိုယ့်ကိုမသတ်ရင် ကိုယ်မင်းကိုသတ်မှာ "
" 'ဆိုင်း' တောင်းပန်ပါတယ် "
'ခိမ်း' ကကုတင်ပေါ်တွင် ကျောမှီထိုင်နေကာ
'ဆိုင်း' ကတော့ ဘေးတွင်မတ်တပ်ရပ်လျက်...
ကျည်ဆန်က ခြေထောက်ကို ဖောက်ဝင်သွားသော ကြောင့် အခုချိန်မှာတော့ 'ခိမ်း' လမ်းမလျှောက်နိုင်သေးပါ...'ခိမ်း' ၏မျက်ဝန်းတွေက ဒေါသမီးတို့တောက်လောင်နေသလို 'ဆိုင်း' ၏မျက်ဝန်းတွေမှာလည်း စိုးရိမ်နေမှုတို့ကကြီးစိုးနေသည်။" ကို.. "
" မခေါ်နဲ့! မင်းကအဲ့ဒီလိုခေါ်ဖို့ မထိုက်တန်တော့ဘူး "
" ကို! 'ဆိုင်း' အခုလိုလုပ်ရတာ ကို့အတွက်ဆိုတာကော သိရဲ့လား "
" ဘာ! ဟား... ဟာသတွေအရမ်းပြောတာပဲ
မင်းက အစီအစဉ်တွေအကုန်လုံးကို ဖျက်ဆီးခဲ့တဲ့လူကွ! "" 'ကိုနေယံ' တို့ကို သတ်လိုက်ရင် ကိုအသက်ရှင်နိုင်မယ် ထင်နေလို့လား...အဲ့ဒီအခါကျရင် Boss ကကို့ကို သေချာပေါက်သတ်မှာ "
" အဓိကက ညီ့အတွက် ကလဲ့စားချေနိုင်ဖို့ပဲ "
" ဒါဆိုရင် 'ဆိုင်း' ကကော ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ 'ဆိုင်း' အတွက်ကကော "
"........ "
" ကိုပြောတော့ 'ဆိုင်း' ကိုချစ်တယ်ဆို... "
'ခိမ်း' ကမည်သည့်စကားမှမဆိုလာတော့ 'ဆိုင်း' ၏မျက်ဝန်းတို့မှ မျက်ရည်များစီးကျလာကာ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်၍ ရှိုက်ငိုနေမိသည်။ ထို့နောက် 'ဆိုင်း' ပါးပေါ်ကမျက်ရည်တို့အားသုတ်ကာ အိတ်ထဲကသေနတ်ကိုထုတ်၍ 'ခိမ်း' ၏ဦးခေါင်းသို့ချိန်ထားလိုက်သည်။
" ကို ပြောတာနော်.. ကို့ကိုသတ်ဖို့ 'ဆိုင်း' ကတော့မသေချင်သေးဘူး အခုမှငယ်ငယ်လေးပဲရှိသေးတာ ကိုမရှိတော့ရင် ရည်းစားအသစ်ရှာမယ် ပြီးရင်လက်ထပ်မယ် ယောက်ျားချောချောလေးရှာပြီး ချစ်ပစ်မှာ ကို့ကိုမေ့ပစ်ပြီး.... "
YOU ARE READING
You're Killer, I'm Saver ( COMPLETE )
RomanceMyanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd