ⓜⓨ ⓛⓘⓕⓔ ⓘⓢ ⓢⓞ ⓑⓞⓡⓘⓝⓖ

316 43 7
                                    

ဟျွန်းဂျင်မှာ တော်တော်ပျင်းစရာကောင်းတဲ့ ဘဝရှိတယ်

အသက် ၂၃ နှစ်အရွယ်အထိ တစ်ယောက်တည်းနေ၊ ကောလိပ်တက်၊ သုံးနာရီလောက် အတန်းထိုင်၊ အိမ်ပြန်၊ အိမ်ရောက်တော့ ညစာစား၊ နောက်ပြီးအိပ် နောက်နေ့တွေမှာလည်း အဲ့အတိုင်းပဲ ထပ်လုပ်တယ်

သူ့မှာ သူငယ်ချင်းမရှိတာကလွဲလို့ ပျင်းစရာကောင်းတဲ့သူ့ဘဝကို သူသဘောကျတယ် လက်ထပ်ထားတဲ့ သူ့အသိနှစ်ယောက်ဖြစ်တဲ့  ယောန်ဂျွန်းနဲ့ ဆူဘင်းကလွဲလို့

သူတို့အသက်က ၃၁ နှစ်ရှိပြီဖြစ်ပြီး ဟျွန်းဂျင်ကို ညီအရင်းတစ်ယောက်လို ဆက်ဆံတယ် အသက် ၁၇ နှစ် ဒီနေရာကို ပြောင်းလာကတည်းက သူတို့ဆီက‌နေ ရရှိလာခဲ့တဲ့ နွေးထွေးမှုကို သူဘာနဲ့မှမလဲနိုင်...

တစ်နေ့ ကျောင်းကပြန်လာပြီး ရေချိုးပြီးနောက် ဟျွန်းဂျင် ညစာမစားခင် အဆာပြေမုန့်စားဖို့ မီးဖိုချောင်ထဲ ဝင်လာခဲ့တယ် အဲ့အချိန် အိပ်ခန်းထဲကနေ မှန်ကွဲသံကို ကြားလိုက်ရတယ်

သူနဲ့ အနီးစပ်ဆုံး ရှိနေတဲ့ ဒယ်ပြားကို လှမ်းကိုင်လိုက်တယ် ခဏကြာတော့ သူ့အိပ်ခန်းထဲက‌နေ အသံထပ်ကြားလိုက်ရတယ်

အခန်းထဲရောက်တော့ all-black ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က မှန်ကွဲစတွေကို သူ့ဂျက်ကတ်ထဲ ကောက်ထည့်နေရင်း ဟျွန်းဂျင်ကို မြင်တော့ ပြုံးပြတယ်

“ဟယ်လို ဒယ်ပြားကို ချပြီး ကုတင်ပေါ်လာထိုင်
ပါလား မင်း ငါ့စကားကိုနားထောင်ရင် မင်း ဘာမှ မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်”

ဟျွန်းဂျင်အော်ပြီး သူ့ဖုန်းရှိရာ မီးဖိုချောင်ထဲကို ပြန်ပြေးသွားတယ်။ မီးဖိုခန်းထဲ ဟျွန်းဂျင် သွားတဲ့အချိန် သူ့အနောက်ကနေ ထိုလူရဲ့ခြေသံကိုကြားလိုက်ရတယ်

ဟျွန်းဂျင်ဖုန်းကို ကောက်ကိုင်လိုက်ပေမယ့် ထိုလူက ဟျွန်းဂျင်လက်ကို ရိုက်ချတော့ ဖုန်းက လက်ထဲကနေ လွတ်ကျသွားတယ်

ဟျွန်းဂျင် အခုမှ သူ့ဘက်ဘက်လက်မှာ ဒယ်ပြားရှိနေသေးတာကို အမှတ်ရသွားပြီး ထိုသူခိုးရဲ့ ခေါင်းကို ရိုက်ချလိုက်တော့ ထိုသူခိုး ကြမ်းပြင်ပေါ် လဲကျသွားတော့တယ်

𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚 Where stories live. Discover now