ⓛⓞⓥⓔ ⓨⓞⓤ ⓢⓞ ⓜⓤⓒⓗ

141 28 8
                                    

ရဲတွေနဲ့လူနာတင်ကားရောက်လာချိန်အထိ ဟျွန်းဂျင်ကို မင်ဟိုပွေ့ဖက်ထားပြီး ထိုင်နေတယ်၊ သူတို့က ဟျွန်းဂျင်အနား အမြန်လာပြီး သွေးတိတ်အောင်လုပ်ကာ ဟျွန်းဂျင်ကို လူနာတင်ယာဉ်ပေါ် ဂရုတစိုက် သယ်သွားကြတယ်

ဆေးရုံရောက်တာနဲ့ သူနာပြုတွေက အမြန်ပြေးလာပြီး ဟျွန်းဂျင်ကို အရေးပေါ်ခန်းထဲ ခေါ်သွားကြတယ်

"ဆရာ ကျေးဇူးပြုပြီး အပြင်မှာပဲ စောင့်နေပေးပါ တစ်ခုခုဖြစ်ရင် အကြောင်းကြားပေးပါ့မယ် သူလုပ်နိုင်မှာပါ"

သူနာပြုဆရာမက ဝမ်းနည်းစွာ ပြုံးကာ မင်ဟို ကို စောင့်ဆိုင်းခန်းရှိ ထိုင်ခုံဆီ လမ်းညွှန်ပေးခဲ့တယ်

သူနာပြုက မင်ဟို့ကို အတွေးတွေ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထားခဲ့တယ်

၉ နာရီ ကြာပြီးနောက် ဆရာဝန်က စင်္ကြံမှာ ဟိုလျှောက်ဒီလျှောက် ဆောက်တည်ရာမရဖြစ်နေတဲ့ မင်ဟိုဆီ ဦးတည်ပြီး လျှောက်လာတယ်

"သူလုပ်နိုင်သွားပြီ"

ဆရာဝန်က ပြုံးပြတယ်၊ မင်ဟိုက ဝမ်းသာအားရ ရှိုက်ငိုရင်း ဆရာဝန်ကို ပွေ့ဖက်လိုက်တယ်

"ကျေးဇူးတင်ပါတယ်"

မင်ဟို ထပ်ခါတလဲလဲပြောတယ်

"ကျွန်တော်က ကိုယ့်အလုပ်ကိုယ် လုပ်တာပါ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ ဆရာ့ကို မစ္စတာဟွမ်ဆီ ခေါ်သွားပေးပါ့မယ်"

မင်ဟို ဆရာဝန်ခေါ်ရာ ဟျွန်းဂျင်အခန်းဆီ ရောက်လာခဲ့တယ်

ဟျွန်းဂျင်က ကုတင်ပေါ်တွင် လှဲနေပြီး မျက်လုံးတွေက မှိတ်ထားဆဲ၊ အဖြူရောင်စောင်ကြီးက သေးသွယ်ပြီး နုနယ်တဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတယ်

"ဟျွန်းဂျင်"

မင်ဟိုက ကောင်လေးရှေ့မှာ တိုးတိုးလေးပြောလိုက်တယ်၊ အနားထပ်တိုးပြီး ဟျွန်းဂျင်လက်လေးကို သူ ဆုပ်ကိုင်လိုက်တယ်

𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚 Where stories live. Discover now