မင်ဟိုရဲ့ နောက်ခံဇာတ်လမ်းပြီးသွားချိန် ဟျွန်းဂျင်ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာတယ်
မင်ဟိုတခစ်ခစ်ရယ်ပြီး ဟျွန်းဂျင်မျက်ရည်တွေကို သုတ်ဖို့ သူ့လက်ကို လှမ်းဆွဲလိုက်တယ်
"ဘာလို့ငိုနေတာလဲ ဟျွန်းဂျင်"
"ဒါ...ဒါကဝမ်းနည်းဖို့ ကောင်းတယ် ဒါပေမယ့် ပိုကောင်းတဲ့ဘဝရဖို့ မင်း ရာဇ၀တ်ကောင်ဖြစ်ဖို့ မလိုဘူး"
ဟျွန်းဂျင်က သူ့ကို ကြောင်ကြည့်နေတဲ့ မင်ဟိုကိုပြုံးပြလိုက်တယ်
"ဒါကမှန်ပေမယ့် အရမ်းနောက်ကျသွားပြီ ဒါက ငါပဲ ငါ အဲဒါကို မပြောင်းလဲနိုင်ဘူး... ပြီးတော့ ငါမင်းကို ကြိုက်တယ် ဟျွန်းဂျင် ဒီလိုပြောရတာ စိတ်မကောင်းပါဘူး ဒါပေမယ့်-"
"ဟင့်အင်း မင်း ငါ့ဆီကနေလုယက်ဖို့ကြိုးစားတဲ့ရာဇ၀တ်ကောင်ဖြစ်နေမှန်း ငါသိတယ် ဒါပေမယ့် မင်းကိုငါလည်းကြိုက်တယ် မင်းထပ်နေပေးလို့ ရမလား ငါမင်းကို နာရီအနည်းငယ်လောက်နေ
စေချင်တယ် အဲ့လောက်ဆို မင်းထွက်သွားချင်ရင် ထွက်သွားနိုင်တယ်"မင်ဟိုသက်ပြင်းချလိုက်ပြီး နောက်ဆက်တွဲအကျိုးဆက်အကြောင်းတွေးရင်း ဟျွန်းဂျင်နဲ့ဆက်နေမယ်ဆိုရင် ဆော့ဂျီ နဲ့ ပတ်သတ်နေတဲ့
ကြိုးကို စွန့်လွှတ်ရမယ်ဆိုတာ သိလာတယ်အပြစ်မဲ့သူတွေကို လုယက်သတ်ဖြတ်တဲ့ လူဆိုးတစ်ယောက်အနေနဲ့ သူ့နာမည်ဂုဏ်သတင်းကို ဖျက်စီးခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် အခု လောလောဆယ် ဒါတွေအားလုံးကို ဂရုမစိုက်နိုင်တော့...
အကြောင်းတစ်ခုခုကြောင့် သူ ဟျွန်းဂျင်နဲ့ နည်းနည်းကြာကြာနေချင်တယ်
"ကောင်းပြီလေ... ငါ နောက်ထပ် နာရီအနည်းငယ် ဆက်နေပေးမယ်"
မနက် ၆ နာရီကျော်နေပြီ ကောင်လေးနှစ်ယောက် စကားပြောနေတာ နာရီအနည်းငယ်ရှိပြီ သူတို့ အဆာပြေစားပြီး ဟျွန်းဂျင်အကြိုက်ဆုံး တီဗီရှိုးတွေရဲ့ အပိုင်းတချို့ကို ကြည့်ကြတယ်
YOU ARE READING
𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚
أدب المراهقينသေးငယ်တဲ့ရာဇ၀တ်မှုဟာ ပိုကြီးမားတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး