ⓓⓞⓝ'ⓣ ⓛⓔⓐⓥⓔ ⓜⓔ

106 32 6
                                    

ဟျွန်းဂျင်လည်ပင်းကို ဓားနဲ့ထောက်ထားတာတွေ့တော့ မင်ဟို့နှလုံးတွေ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်

"ကျေးဇူးပြုပြီး.... သွားခွင့်ပေးပါ"

ဟျွန်းဂျင်က ဆော့ဂျီဆီကနေ ဖြည်းဖြည်းချင်း ရုန်းကာ တိုးတိုးလေးပြောတယ်၊ ဟျွန်းဂျင်က
ဆော့ဂျီရဲ့ ရယ်မောသံကို ကြားချိန် သူပိုလို့တောင် ကြောက်လာခဲ့တယ်

"အီမင်ဟို တစ်ယောက်ယောက်ကြောင့် အလုပ်မှာ အာရုံလွှဲမိရင် ဘာဖြစ်မလဲလို့ ငါပြောခဲ့တယ်"

ဆော့ဂျီက ဓားကို ဟျွန်းဂျင်ရဲ့ လည်ပင်းဆီ ပိုပိုပြီး ထောက်တော့ ဟျွန်းဂျင်လည်ပင်းဆီကနေ သွေးစက်များ စီးကျလာတယ်

"အစ်ကိုဆော့ဂျီ ဓားကိုချလိုက်ပါ ကျေးဇူးပြုပြီး အစ်ကိုခိုင်းတာ ကျွန်တော်ဘာမဆိုလုပ်ပါ့မယ် သူ့ကိုလွှတ်လိုက်ပါ ကျွန်တော်တောင်းပန်ပါတယ်"

ဆော့ဂျီက သူ့ရှေ့ကလူကိုကြည့်ကာ ရယ်မောလိုက်တယ်

"မင်း ဒီကောင်လေးကို ချစ်တယ်မလား ဒါပေမယ့် သူက တန်ဖိုးမရှိဘူး မင်းအတွက် ဘာမှ အဓိပ္ပါယ်မရှိဘူး ငါ သူ့ကို အခုချက်ချင်း သတ်သင့်တယ် အဲ့ဒါမှ မင်း ငါ့ရဲ့ စည်းမျဥ်းတွေကို လိုက်နာမှာ"

"အစ်ကို့ရဲ့စည်းမျဥ်းတွေက $ တလွဲတွေပဲ ကျွန်တော်ကဘာလို့ ချိန်းတွေ့လို့ မရတာလဲ ဘာလို့ ချစ်လို့မရတာလဲ အစ်ကိုဂျီဝမ်က အစ်ကို့ကိုထားသွားလို့လား!!?"

"ပါးစပ်ပိတ်ထား!"

ဆော့ဂျီက အရူးတစ်ယောက်လို အော်ဟစ်လိုက်ပြီး မင်ဟို့ကို‌ ကြောက်စရာ‌ကောင်းတဲ့အကြည့်နဲ့ စိုက်ကြည့်နေတယ်

"ကျွန်တော် ဟျွန်းဂျင်ကို သိတာ ၆ နာရီတောင် မပြည့်သေးဘူး ဒါပေမဲ့ ကြိုက်တယ်ဆိုတာထက် တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ ပိုသိလာတယ် အစ်ကိုရဲ့အချစ်ရေးကို အစ်ကို ဖျက်ဆီးခဲ့ပေမယ့် ကျွန်တော်ရဲ့အချစ်ရေးကိုတော့ အစ်ကို့ကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး"

မင်ဟိုက သူ့ရင်ဘတ်တစ်ခုလုံးနဲ့ သူ့ပုခုံးပေါ်တင်ထားတဲ့ ဒဏ်ရာတွေကို ခံစားရင်း ပြောလိုက်တယ်

"မင်းဘာမှမသိဘူး...မင်းကသနားစရာကောင်းတဲ့
မိုက်မဲတဲ့ကလေးတစ်ယောက်ပဲ ဒီနှစ်တွေမှာ မင်းကို ငါဂရုစိုက်ခဲ့တယ် တကယ့်ကမ္ဘာကြီးက ဘာလဲဆိုတာ မင်းကို ပြခဲ့တယ် ဒါပေမယ့် မင်း သိတာက ချစ်ဖို့ပဲ...မင်းအချစ်ကို အခုပဲ ကယ်တင်လိုက်စမ်းပါ"

စက္ကန့်ပိုင်းမျှပင် မကြာပဲ ဟျွန်းဂျင်လည်ပင်းကို ဓားကို ထိုးလိုက်တော့တယ်

ဟျွန်းဂျင် မြေကြီးပေါ် လဲကျကာ လည်ပင်းကရော ပါးစပ်ကပါ သွေးများ စီးကျလာတယ်၊ မင်ဟိုရှိုက်ကြီးတငင်အော်ရင်း ကောင်လေးဆီ ပြေးလာတယ်၊ သူ့ရှပ်အင်္ကျီကို ဆုတ်ဖြဲပြီး သွေးတွေ လှိမ့်ထွက်နေတဲ့ လည်ပင်းနားကို ဖိထားလိုက်တယ်

ဟျွန်းဂျင် မသေသေးပေမယ့် ဒီအတိုင်းဆက်ထားရင် အချိန်မှီမှာ မဟုတ်တော့၊ မင်ဟို သူ့ဖုန်းကိုထုတ်ကာ 911 ကို အမြန်ခေါ်ပြီး လူနာတင်ကားနဲ့ ရဲတွေ ရောက်လာတာကို စောင့်လိုက်တယ်

ဆော့ဂျီ အရာအားလုံး ပျက်စီးသွားတာကို ကြည့်ပြီး ငိုင်တိုင်တိုင်နဲ့ ရပ်နေတော့တယ်

"အချစ်က အရာအားလုံးကို ပျက်စီးစေတယ်"

ဆော့ဂျီ တိုးတိုးလေးပြောပြီး ရဲတွေ သူ့ကိုမဖမ်းမိခင် အိမ်ရှေ့တံခါးကနေ ပြေးထွက်သွားတော့တယ်

"ဟျွန်းဂျင်ကျေးဇူးပြုပြီး ငါ့ကိုထားမသွားပါနဲ့"

မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွဲနေတဲ့ မင်ဟိုကို ဟျွန်းဂျင်က ပြန်ကြည့်ပြီး စကားတစ်ခွန်းပြောလိုက်တယ်

"ငါ့ကိုလည်း ထားမသွားပါနဲ့ မင်ဟို"

><

𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚 Where stories live. Discover now