"ဟေ့! ထ! ထတော့ ငါ... အိုး... မင်းကို ခွက်နဲ့ ပစ်
ပေါက်တော့မှာနော်"သူခိုးဆီကနေ ညည်းသံကြားတော့ ဟျွန်းဂျင်
တုံ့ဆိုင်းသွားတယ်"ကျေးဇူးပြုပြီး...ငါ့ကို အဲ့ဟာတွေနဲ့ ပစ်ပေါက်နေတာ ရပ်လိုက်တော့!"
ထိုသူခိုးက ထအော်တော့ ဟျွန်းဂျင် ကြောက် သွားပြီး သူ့လက်နက်ဖြစ်တဲ့ ဒယ်ပြားကို ပစ်ချလုနီးပါး ဖြစ်သွားတယ်
"ဘာလို့ ငါ့အိမ်ကို ခိုးဖို့ ကြိုးစားတာလဲဆိုတာ ပြောပြမှပဲ ရပ်မယ်"
ဟျွန်းဂျင် ခြိမ်းခြောက်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ဘဲ သူ့အပြုအမှုက သူခိုးကို ရယ်မောစေတယ်
"မင်းကအရမ်းချစ်စရာကောင်းတယ် ဒါပေမယ့်
အခု ငါ့ကိုလွှတ်ပေး ဒါဆို ငါထွက်သွားပြီး မင်းရဲ့ပျင်းစရာကောင်းတဲ့ဘဝမှာ တစ်ယောက်တည်း ပြန်နေလို့ရပြီ"သူခိုးက သူ့ကိုချည်ထားတဲ့ ကြိုးကို ဖြည်ပေးဖို့ လှုံ့ဆော်လာတယ်
ဟျွန်းဂျင် ခေါင်းခါလိုက်တာကြောင့် သူခိုးက ထပ်အော်ပြန်တယ်
"ကဲ ငါ့ကိုလွှတ်ပေး မဟုတ်ရင် မင်းချစ်တဲ့လူတိုင်းကို နာကျင်အောင် လုပ်မယ်!"
"ငါ ဘယ်သူ့ကိုမှမချစ်ဘူး!"
ဟျွန်းဂျင်က သူ့ရှေ့က လူကို မျက်စောင်းထိုးပြီး လျှာကို ထုတ်ပြလိုက်တယ်
"အင်း... အာ့ဆို မင်း နာကျင်အောင် လုပ်ပေးရမှာပေါ့"
ဒီတစ်ခါတော့ သူ့အရှေ့က ကောင်လေးက မတုန်မလှုပ်ဖြစ်သွားတော့ သူရယ်နေတာ ရပ်လိုက်တယ်၊ ကောင်လေးရဲ့ပါးပြင်ပေါ်မှ မျက်ရည်များ စီးကျလာတာကို သူမြင်လိုက်ရတယ်
"ဘာလို့ မင်းက ငါ့ကို နာကျင်စေချင်တာလဲ ငါက ကိုယ့်ကိုကိုယ် ကာကွယ်မိတာပါ ငါ..တောင်းပန်ပါတယ်"
ဟျွန်းဂျင်က သူပြောတာကို မျက်လုံးအဝိုင်းသားနဲ့ စိတ်ဝင်တစားနားထောင်ပေးနေတဲ့ သူခိုးဆီ အကြည့်ရောက်သွားပြန်တယ်
YOU ARE READING
𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚
Ficção Adolescenteသေးငယ်တဲ့ရာဇ၀တ်မှုဟာ ပိုကြီးမားတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး