Next >>>>>..'°
စာစာတို့ လှည်းလေးအပေါ်မှာပဲ ချစ်ကြည်နူးနေတဲ့ပုံစံလေးနဲ့ ထွက်လာတာဆိုရင်ဖြင့်အခုဆိုရင်...အိမ်ရှေ့ကိုတောင်ရောက်လာပြီ။
"မင်းလွှတ်တော့ တို့အသားယူတာတော်ယုံပဲပေါ့ ကြည့်လို့ကိုမရဘူး တောသူမ"
"ဟောတော် အရီးကိုကျုပ်ဘာလုပ်လို့လဲတစ်လမ်းလုံးအရီးပဲထပ်ပြုတ်ကြမှာကြောက်ပြီးဖက်ထားတာများ..ကျုပ်အသားတောင်
နီတယ်""မင်း...မင်း"
"ဘာဖြစ်တာလည်း ကျုပ်ကဖက်လို့ကောင်းလို့လား"
မင်းနော်.."
"တောသူမ တို့ကမင်းထပ်ကြီးတာကိုလည်းသတိရ တို့ကိုများကပ်ကပ်လန်ပြန်ပြောနေတာ ထရိုက်လိုက်လို့ ဟိုဘက်ချမ်းရောက်သွားမယ်"
"တို့အသားကိုထိခွင့်ရတာပဲကျေးဇူးတင် "
"ဟွန့် .."
"အိမ်ကဒီဟာလား တို့အိမ်နဲ့များကွာပ့
တောသူမ ဆိုတော့လည်းဒီလောက်နဲ့ပဲနေနိုင်မှာပေါ့ကွယ်"ဟင်း..ဟင်း.."
သူ့ပါသူတစ်ယောက်ထဲအပြစ်တင်ကာရီနေတဲ့အရီးကြီးကြောင့် စာစာအသဲယားမိတာအမှန်ပင် ၊ ဘယ်လိုလူမှန်းမသိဘူး။
"အသက်ကြီးနေလို့သာပဲ လူကြည့်တော့ "
"ခလေးမသာကြနေတာပဲ"
စာစာတစ်ယောက်သူ့အရှေ့တွင် တစ်ယောက်ထဲရီလိုက်စာစာတို့ကိုဝေဖန်လိုက်လုပ်နေတဲ့ အရီးကြီးကိုသဘောမကြစွာဖြင့် သူ့နောက်ကွယ်တင် အတင်းပြောလိုက်ရာ။
ဘာ..!!!
တောသူမ..!
"နင်ပြန်လာစမ်း မပြေးနဲ့ ငါဒီနေ့မင်းကိုမရိုက်ရရင်မကြေနပ်နိုင်ဘူး"
"ဟားးဟားး"
"လိုက်လာလေ.. မှီအောင်အရင်ကြိုးစား"
လှိုင်မကြေနပ်ဘူး အိမ်ကိုစူးစမ်းနေချိန်အနောက်ကနေကိုယ့်အတင်းကို ပြောဆိုနေတဲ့ တောသူမ။
လှိုင်တို့ပြေးလိုက်လွှားလိုက်ဖြစ်နေတာအခုဆိုရင်အိမ်ကြီးထဲတောင်ရောက်ရှိလာပြီဖြစ်သည်။
![](https://img.wattpad.com/cover/353191617-288-k147562.jpg)