အပိုင်း (၅)

1.5K 93 19
                                    

Next.....'°


တေးအန်တီ့အနားသွားချင်စိတ်တွေအရမ်းများနေပင်မယ့်အနီးနားကအန်တီကြီးတွေကခေါ်ထားတာမို့ ၊ ဘာမှလုပ်လို့မရဘူးဖြစ်လို့နေသည်။

ငါအန်တီ့ဆီဘယ်လိုသွားရပါ့မလဲ ၊ ခက်တော့ခက်နေပြီ။

စိုးရိမ်စိတ်တွေများပြီး တေးတစ်ယောက်အန်တီရှိရာဘက်သို့ ၊ ခဏခဏလှမ်းလှမ်းကြည့်နေတာ အန်တီနဲ့အကြည့်စုံတဲ့အထိပဲ။


ခ ကိုသန့်ဇင်နဲ့စကားပြောနေချိန်.. ဟိုခလေးမအဆင်ပြေရဲ့လားဆိုပြီးလှမ်းကြည့်လိုက်တာသူကလည်းကိုယ့်ကိုအကြည့်နဲ့ ၊ နှစ်ယောက်လုံးရဲ့ ရင်ဘက်တစ်နေရာမှာခံစားချက်လေးတစ်ချို့ဝင်နေတာကို ၊ ကိုယ်ကိုတိုင်တောင်မသိကြဘူး။

လွန်း.. ကို စကားပြောလို့ရပြီလား

ပြောပါ ကိုသန့်ဇင်ကျော်

နောက် လေးငါးရက်နေရင် ကို့သမီးမွေးနေ့ရှိလို့လေ အာ့တာ သမီးက သူ့အဒေါ်ကိုလွမ်းနေလို့ဆိုပြီးပူဆာလို့ ၊ သမီးလေးမွေးနေ့ကြရင် လွန်းလာခဲ့ပေးပါနော်။

ရပါတယ် ကိုသန့်ဇင် ကျွန်မလာခဲ့ပါ့မယ် ၊ ပြောမဲ့စကားကဒါပဲဆို.. ကျွန်မကိုခွင့်ပြုပါအုံး။

လွန်းတောင် ရင့်ကျက်လာပြီပဲ ကိုအရင်ကသိခဲ့တဲ့လွန်းမဟုတ်တော့ဘူး။

ဘဝကသင်ပေးခဲ့တာပါ ကျွန်မသွားလိုက်ပါအုံးမယ်ရှင်..

ဟင်.. အန်တီမျက်နှာမှာလည်းမကောင်းဘူး
အစောကလူရီးကဘယ်သူမို့လို့လဲ ၊ အန်တီမျက်နှာညိုးနေရအောင်။ ထားပါငါမေးလို့ရမဲ့ကိစ္စမှမဟုတ်တာ ၊ ဧည့်သည်က အိမ်ရှင်လို့နေလို့မှမရပဲ ခဏသာလာခဲ့ယုံလေးမို့ အန်တီ့အနားအပူတွေမပေးချင်တာအမှန်။

အန်တီမျက်မှာညိုးတော့ တေးမနေတက်ဘူး အန်တီ..အန်တီကတေးရဲ့စိတ်ထဲစိုးမိုးနေတာလား ၊ မတူတာတစ်ခုသတိထားမိလာတယ်။

အန်တီနဲ့အတူရှိနေရင်ခံစားရတဲ့ဖီလင်က အန်တီလှိုင့်အနားမှာရှိနေတာနဲ့မတူတစ်မူထူးဆန်းတယ်။

အန်တီ့အနားပဲနေချင်တယ်အန်တီရဲ့နှင်းဆီရနံ့လေးကိုသဘောကြတယ် အန်တီရဲ့ဆံနွယ်တွေကိုမြတ်နိုးတယ် ၊ အန်တီဆိုတဲ့နမ်စားလေးကိုဘယ်တော့မှပြောင်းပြီးမခေတေးရဲ့ဘူး အစကမသိခဲ့ပင်မယ့်နောက်တော့ပြန်ဆွဲထုတ်လို့မရအောင်ကို တေးရဲ့ရင်မှာ
အန်တီ့ကိုချစ်တဲ့ အချစ်တွေ က တေးရဲ့နှလုံးသားထဲ အန်တီဆိုတဲ့နမ်စားလေးကိုထာဝရဖြစ်ဖြစ် သိမ်းထားချင်မိတယ်။

"မင်းကလွဲရင်.. " ( Complete )Onde histórias criam vida. Descubra agora